Thursday, April 30, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Live







နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် COVID-19 ရောဂါရှာဖွေခြင်းနှင့် တာဝန််ခံပါမောက္ခ ဌေးဌေးတင်(NHL) ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံဒေါက်တာသီတာလှ (ဒုတိယညွှန်ကြားရေးမှူးချုပ်) ကုသခြင်းဆိုင်ရာတာဝန်ခံပါမောက္ခ မိုးမိုးစမ်း (တောင်ဉက္ကလာပဆေးရုံကြီး) တို့၏ အပြန်အလှန် ဆွေးနွေးခြင်းအစီစဉ် တိုက်ရိုက်ထုတ်လွှင့်ချက်
#COVID19#NewTigerMedia#DASSKLive
#COVID19#NewTigerMedia#DASSKLive





Remdesivir ဗိုင်းရပ်စ်ဆေး ကရိုနာဗိုင်းရပ်စ်ရောဂါအတွက် အရေးပေါ်အသုံးပြုရန်



Remdesivir ဗိုင်းရပ်စ်ဆေးကို ကရိုနာဗိုင်းရပ်စ်ရောဂါအတွက် အရေးပေါ်အသုံးပြုရန် အမေရိကန် FDA ကနေ ထုတ်ပြန်ဖွယ်ရှိပါတယ်။
စမ်းသပ်ကုသပေးနေဆဲဖြစ်ပေမဲ့ NIAID အင်းစတီကျုဒါရိုက်တာ Dr Anthony Fauci နဲ့ သမတဒေါ်နယ်ထရမ့်ဆို့က အလားအလာ ကောင်းတယ်လို့ ဆိုပါတယ်။ လူနာတွေ ပြန်လည်ကောင်းမွန်လာချိန် သုံးပုံတပုံလောက်နီးပါး ရက်တိုစေတာ တွေ့ရတယ်။
Gilead Sciences ဆေးကုမ္ပဏီကနေထုတ်တဲ့ဆေးဖြစ်တယ်။ Ebola အီဘိုလာဖြစ်စဉ်ကလည်း သုံးခဲ့တယ်။ ဒါပေမဲ့ အတည်ပြုချက်ရတဲ့အထိ မရောက်ခဲ့ပါ။ Gilead ကနေ သီးသန့် လူနာ ၃၉၇ ယောက်ကို စမ်းပေးခဲ့တယ်။ ဆေးကို ၅ ရက်ကနေ ၁၀ ရက်ပေးတယ်။ လူနာဦးရေတဝက်မကကို ဆေးရုံကနေ ၁၄ ရက်နဲ့ ဆင်းပေးနိုင်ခဲ့တာတွေ့ရတယ်။
တရုပ်ပြည်မှာစမ်းပေးတော့ အလာအလာ မကောင်းခဲ့တာတွေ့ရတယ်။
Dr Fauci ကတော့ ၃၁% တိုးတက်မှုဆိုတာ ၁၀၀% လိုတော့ မကောင်းလှပါလို့ဆိုပါတယ်။ အတိုင်းအတာတခုထိတော့ ကောင်းတယ်။ ကရိုနာဗိုင်းရပ်စ်ကုသဆေးတွေသတင်းက အမျိုးမျိုးတက်နေတာကို သတိပြုရပါမယ်။
ဒေါက်တာတင့်ဆွေ

၂၉-၄-၂၀၂၀

Tuesday, April 28, 2020

#ဂျပန်ကုပ္မဏီများတရုတ်မှထွက်ခွာရာဝယ် #မြန်မာကိုမရွေးချယ်



#ဂျပန်ကုပ္မဏီများတရုတ်မှထွက်ခွာရာဝယ်  #မြန်မာကိုမရွေးချယ်


ဂျပန်အစိုးရဟာ COVID-19 ရောဂါကြောင့် တရုတ်ပြည် ရှိ၎င်း၏ စီးပွါးရေးဆုံးရှုံးနစ်နာမှု့များကို ပြန်လည်ဦး မော့လာစေရန် နိုင်ငံ့၏စီးပွားထုတ်ကုန်တန်ဖိုး၏ ၂၀/:
နှင့် ညီမျှသော အမေရိကန် ဒေါ်လာ ၉၉၃ ဘီလီယံကို

ကုစားရေး ရန်ပုံငွေ အဖြစ်သုံးစွဲမှာဖြစ်ပါတယ်။
၂.၂ ဘိလီယံကို ဂျပန်ကုမ္မဏီများ တရုတ်မှ ထွက်ခွာပြောင်းရွှေ့စေရေး အတွက် ကူညီထောက်ပံ့ပေးရန် ရာထား
ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံသို့ပြောင်းရွှေ့ထုတ်လုပ်မည့်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနှင့် ကျန်ရှိသော ၀.၂
ဘီလီယံကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်လို
သောကုမ္ပဏီများအတွက်
ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။
နေရာသစ်များကိုရှာဖွေရာတွင် ဂျပန် ကုမ္ပဏီများဟာ
အိန္ဒိယ ဘင်္ဂလားဒေ့ခ်ျ နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ကို ရွေးချယ်ခဲ့ပါတယ်။ အိန္ဒိယဟာ ဂျပန်အတွက် အကောင်းဆုံး
စီးပွားရေးမိတ်ဖက်ဖြစ်ပြီး ဂျပန်စီးပွါးရေးလုပ်ငန်ပေါင်း
၅၁၀၂ ခု အိန္ဒိယနိုင်ငံ မှာရှိနေပါတယ်။
ကျမတို့နိုင်ငံကိုလည်း ဂျပန်အစိုးရဟာ ကူညီထောက်ပံ့မှု့
များစွာပေးပြီးချစ်ခင်ခဲ့ပါတယ်
သို့သော်စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်ကောင်းဖန်
တီးပေးနိုင်မှု့မရှိလို့လား.......
ကျမတို့နိုင်ငံကို မရွေးချယ်ခဲ့ပါဘူး