ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ကပ်ရောဂါကို အတူတကွတိုက်ဖျက်သင့်ကြောင်း ဘီလ်ဂိတ် ပြောကြား
ပါရီ၊ ဧပြီ ၃၀ ရက်
Bill & Melinda Gates Foundation ပူးတွဲဥက္ကဋ္ဌ ဘီလ်ဂိတ်အား ပြင်သစ်နိုင်ငံ Le Figaro သတင်းစာက သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးဆောင်ပါးကို ဧပြီ ၂၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ဘီလ်ဂိတ်က COVID-19 ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာတွင် လက်ရှိအနေဖြင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ရမည်ဖြစ်ရာ အလျင်စလို တရုတ်နိုင်ငံအား မစွပ်စွဲသင့်ဟု ဆိုသည်။
ကပ်ရောဂါအခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက ဖုံးကွယ်သိုဝှက်ထားခြင်း ရှိမရှိကို မေးမြန်းရာတွင် ဘီလ်ဂိတ်က တရုတ်အနေနှင့် ပွင့်လင်းစွာ ကိန်းဂဏန်အချက်အလက်များကို ချပြခဲ့သလို ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန် တင်းကြပ်သည့်နည်းလမ်းများနှင့် အစွမ်းကုန် ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
အမေရိကန်အစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကို အဖွဲ့ဝင်ကြေးယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ် ဘီလ်ဂိတ်က “ကပ်ရောဂါကြီးပြန့်နှံ့နေချိန်မှာ WHOအား ပံ့ပိုးမှုကို လျှော့ချပစ်တာဟာ ဘယ်လိုအဓိပ္ပါယ်ကြောင့်လည်းဆိုတာ ကျွန်တော် နားမလည်ဘူး”ဟု ဆိုသည်။
WHOနှင့်အမေရိကန်နိုင်ငံသည် နီးကပ်သည့် ဆက်သွယ်မှုများရှိကြောင်း၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(CDC)မှ WHOတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ထားသည့် အရေအတွက်လည်း မနည်းကြောင်း ဘီလ်ဂိတ်က ပြောကြားခဲ့သည်။
(Zawgyi Version)
ပူးေပါင္းေဆာင္႐ြက္မႈကို တိုးျမႇင့္ကာ ကပ္ေရာဂါကို အတူတကြတိုက္ဖ်က္သင့္ေၾကာင္း ဘီလ္ဂိတ္ ေျပာၾကား
ပါရီ၊ ဧၿပီ ၃၀ ရက္
Bill & Melinda Gates Foundation ပူးတြဲဥကၠ႒ ဘီလ္ဂိတ္အား ျပင္သစ္ႏိုင္ငံ Le Figaro သတင္းစာက သီးသန႔္ ေတြ႕ဆုံေမးျမန္းခဲ့သည့္ အင္တာဗ်ဴးေဆာင္ပါးကို ဧၿပီ ၂၈ ရက္တြင္ ေဖာ္ျပခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေတြ႕ဆုံေမးျမန္းရာတြင္ ဘီလ္ဂိတ္က COVID-19 ကပ္ေရာဂါကို ရင္ဆိုင္ေျဖရွင္းရာတြင္ လက္ရွိအေနျဖင့္ ပထမဆုံး လုပ္ေဆာင္ရမည္မွာ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးကို တိုးျမႇင့္ရမည္ျဖစ္ရာ အလ်င္စလို တ႐ုတ္ႏိုင္ငံအား မစြပ္စြဲသင့္ဟု ဆိုသည္။
ကပ္ေရာဂါအေျခအေနႏွင့္စပ္လ်ဥ္း၍ တ႐ုတ္ႏိုင္ငံက ဖုံးကြယ္သိုဝွက္ထားျခင္း ရွိမရွိကို ေမးျမန္းရာတြင္ ဘီလ္ဂိတ္က တ႐ုတ္အေနႏွင့္ ပြင့္လင္းစြာ ကိန္းဂဏန္အခ်က္အလက္မ်ားကို ခ်ျပခဲ့သလို ေရာဂါျပန႔္ပြားမႈကို တားဆီးႏိုင္ရန္ တင္းၾကပ္သည့္နည္းလမ္းမ်ားႏွင့္ အစြမ္းကုန္ ေဆာင္႐ြက္ခဲ့ေၾကာင္း ဆိုသည္။
အေမရိကန္အစိုးရအေနျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)ကို အဖြဲ႕ဝင္ေၾကးယာယီရပ္ဆိုင္းရန္ ဆုံးျဖတ္လိုက္သည့္အေပၚ ဘီလ္ဂိတ္က “ကပ္ေရာဂါႀကီးျပန႔္ႏွံ႔ေနခ်ိန္မွာ WHOအား ပံ့ပိုးမႈကို ေလွ်ာ့ခ်ပစ္တာဟာ ဘယ္လိုအဓိပၸါယ္ေၾကာင့္လည္းဆိုတာ ကြၽန္ေတာ္ နားမလည္ဘူး”ဟု ဆိုသည္။
WHOႏွင့္အေမရိကန္ႏိုင္ငံသည္ နီးကပ္သည့္ ဆက္သြယ္မႈမ်ားရွိေၾကာင္း၊ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးစင္တာ(CDC)မွ WHOတြင္ တာဝန္ထမ္းေဆာင္ရန္ ေစလႊတ္ထားသည့္ အေရအတြက္လည္း မနည္းေၾကာင္း ဘီလ္ဂိတ္က ေျပာၾကားခဲ့သည္။
ကပ္ေရာဂါျဖစ္ပြားမႈကတစ္ဆင့္ ဂလိုဘယ္လိုက္ေဇးရွင္း၏အားနည္းခ်က္ကို ေပၚလြင္ေစသည္ဟု တစ္ခ်ိဳ႕က ယူဆေနၾကရာ အထူးသျဖင့္ ေဆးဝါးပစၥည္းစသည့္ ထုတ္ကုန္မ်ားတြင္ တ႐ုတ္အား မ်ားစြာအေလးထားေနရသည့္ အျမင္အေပၚ ဘီလ္ဂိတ္အေနျဖင့္ စိတ္ပ်က္ဖြယ္အျမင္ျဖစ္ေၾကာင္း ဆိုသည္။ “ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ကာလမွာ ေဆးဝါးကုန္ၾကမ္းေဈးကြက္ပံ့ပိုးမႈ ျပတ္လပ္ျခင္း မရွိခဲ့ဘူး။ တကယ္ေတာ့ ဒါဟာ တ႐ုတ္ႏိုင္ငံက လက္ရွိ ကုန္ၾကမ္းပံ့ပိုးမႈ အားထားစိတ္ခ်ရတဲ့ႏိုင္ငံ ျဖစ္ေနလို႔ပဲ။ဒါေပမဲ့ အေနာက္ႏိုင္ငံေတြအေနနဲ႔ ကပ္ေဘးအႏၲရာယ္ကို တုံ႔ျပန္မႈေႏွးခဲ့ၾကတယ္။ ကြၽန္ေတာ္အေနနဲ႔ေျပာရရင္ အက်ပ္အတည္းကာလမွာ အျပင္လူကို ဖယ္က်ဥ္တဲ့ အျမင္ကေတာ့ အဓိပၸါယ္မရွိပါဘူး” ဟု ၎က ေျပာၾကားခဲ့သည္။ (Xinhua)
No comments:
Post a Comment