"ကမ္ဘာ့ကပ်ေရာဂါ နှင့်ခေါင်းဆောင်မှု ကောင်း"
ခင်မောင်ညို (ဘောဂဗေဒ)
ကြေးမုံ
၁ ။မြန်မြန်လုပ်ပါ
မရေရာတဲ့အခြေအနေမျိုးနဲ့ကြုံကြိုက်လာတဲ့အခါမှာ နောက်ထပ်ရလာမယ့်သတင်းအချက်အလက်တွေကိုမျှော်လင့်စောင့်စားနေတတ်ကြတယ်။
လူတွေရဲ့မူလသဘာဝကရော စီမံခန့်ခွဲမှုသင်တန်းတွေရယ်ကြောင့်ပါ အကြပ်အတည်းနဲ့ကြုံလာတဲ့အခါ လုပ်ပုံကိုင်ပုံတွေမှားတတ်ကြတယ်။
မသေချာမရေရာတာနဲ့ကြုံတဲ့အခါ သေချာအောင်ဆိုပြီးနောက်ထပ် သတင်းတွေအချက်အလက်တွေရတဲ့အထိစောင့်နေတတ်ကြတယ် ။ဒါပေမယ့်အကျပ်အတည်းနဲ့ကြုံတွေ့ပြီဆိုတဲ့အခါ မှာအလျင်အမြန်လုပ်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာနှေင့်နှေးကြ န့်ကြာနေလို့ အရေးပါတဲ့အချိန်ကိုဖြုန်းနေလို့မဖြစ်ဘူး။ အကြပ်အတည်းကာလမှာအခြေအနေက မြန်မြန်ဆန်ဆန်အရှိန်ပြင်းပြင်းပြောင်းလဲသွားတတ်လို့ဖြစ်ပါတယ် ။ကြန့်ကြာလေ ဆုံးရှုံးထိခိုက်မှုတွေများလေဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာတချို့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေက မြန်မြန်ဆန်ဆန်ဆောင်ရွက်နေချိန်မှာ နှေးကွေးလေးလံနေတဲ့ခေါင်းဆောင်တွေကဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ကြရတာပါ။
အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ သေချာချာရှင်းရှင်းလင်းလင်းဖြစ်တဲ့အထိစောင့်နေလို့မဖြစ်ပါဘူးမြန်မြန်လုပ် ကြိုးစားပမ်းစားလုပ်ကြဖို့လိုပါမယ်။
၂။ မြင်သာထင်သာရှိပါစေ
မသေချာမရေရာတာတေွနဲ့ကြုံတွေ့တဲ့အခါ အများအားဖြင့့်ခြိမ်းခြောက်မှုတေွကိုအလေးမထားတတ်ကြပဲ သတင်းဆိုးတွေကို ထိမ်ချန်ထားတတ်ကြ ဖွက်ထားတတ်ကြတယ်။
အကြပ်အတည်းနဲ့ကြံုတဲ့အခါ သတင်းဆိုးကိုပြောရတာသိတ်လွယ်လှတာမဟုတ်ဘူး။ ဘယ်သူမျှလည်းေကျးဇူးတင်ချင်ကြတဲ့ကိစ္စမျိုးမဟုတ်ဘူး။လူတွေ ကိုယ့်ဝန်ထမ်းတွေ ဖေါက်သည်တွေ တိုင်းသူပြည်သားတွေစိတ်ဓါတ်ကျအောင်လုပ်ရာလည်းရောက်တယ်။ ကိုယ့်ကို လူကြိုက်လည်းနည်းသွားစေနိုင်တယ်။အခုလိုလုပ်ဖို့ဆိုတာက ဉာဏ်ပညာရှိဖို့လိုသလို သတ္တိကောင်းဖို့လည်းလိုပါတယ် ။ဒါမှသာ တွေ့ကြုံရမယ့်အန္တရာယ်တွေကိုရှောင်ရှားနိုင်မှာပါ။ရုတ်တရက်ဖြစ်ပေါ်လာတဲ့အပြာင်းအလဲတွေကြောင့် စိုးရိမ်ပူပန်စရာတွေ ဘယ်လိုဖြစ်လို့ဖြစ်မယ်မှန်းမသိတာတွေ အဲဒီအခါ ကိုယ်ဘယ်လိုနေထိုင်ရ လုပ်ကိုင်ရမှန်းမသိတာတွေဖြစ်လာနိုင်တာကိုနားလည်ပေးရပါမယ် ။ဒီအခါ ကိုဗစ်ကိုတိုက်ခိုက်ရာမှာ ဘာလုပ်ရမယ် ဘာတွေဖြစ်လာမယ်ဆိုတာကိုတတ်နိုင်သမျှရှင်းရှင်းလင်းးလင်းပြောပြထားဖို့လိုအပ်ပါတယ်။ ပုံမှန်လည်းပြောပြရမယ်။တချို့ခေါင်းဆောင်တွေဆိုအရေးတကြီးပြောစရာရှိတဲ့အခါ အိမ်မှာပေါ့ေပါ့ပါးပါးနေတဲ့အဝတ်အစားနဲ့ပဲအသံလွှင့်ကြပြောဆိုကြတာကိုတွေ့ရပါတယ်။ကိုယ့်ရဲ့ဆံုးဖြတ်ချက်ကိုသက်ဆိုင်တဲ့သူတွေအဖွဲ့အစည်းတေွအားလုံးကိုအသိပေးရပါမယ်။
တနည်းအားဖြင့်ပြောရရင် အခြေအနေမှန်ကို တိတိကျကျ ရိုးရိုးသားသား တတ်နိုင်သမျှပြောရပါမယ်။
ကိုယ့်အနေနဲ့တတ်နိုင်သမျှရှင်းရှင်းလင်းလင်းပြောရပါမယ်။သူတို့နားလည်အောင်လည်းပြောရပါမယ်။သူတို့ဘာလုပ်ရမလဲ သူတို့ဆီက ဘာလိုချင်သလဲ ဘာကိုမျှော်လင့်သလဲဆိုတာပြောပြရပါမယ်။ဘာတွေမျှော်လင့်ချက်ရှိတယ်ဆိုတာထည့်မပြောရင် လူတွေအလွယ်တကူနဲ့စိတ်ပျက်လက်ပျက်ဖြစ်သွားနိုင်ပါတယ်။အနာဂတ်ကိုတခြားလူတွေမြင်အောင်ပြနိုင်မှ လူတွေဆီကစွမ်းအားတွေရယူနိုင်မှာဖြစ်ပါတယ်။ဘာမျှော်လင့်ချက်မှမရှိရင် ဘာလုပ်ကြမယ်လို့သန္နိဌာန်ချနိုင်မှာမဟုတ်ပါဘူး။

၃။ခြေလှမ်းမှားတာတွေကိုအကျိူးရှိရှိတုန့်ပြန်ပါ။
မသေချာမရေရာတဲ့အခြေအနေမျိုးနဲ့ကြုံကြိုက်တဲ့အခါကိုယ်လုပ်တာ ဘယ်လောက်မှန်ကန်ကြောင်းအသည်းအသန်ရှင်းပြဖို့ကြိုးစားတတ်ကြပါတယ်။
အကြပ်အတည်းနဲ့ကြုံတဲ့အခါ ပြဿနာကလည်းအသစ်အဆန်းဖြစ် ရှုတ်ရှုတ်ထွေးထွေးလည်းဖြစ်နေလေတော့ တခြားစနစ်ကြီးးတခုလံုးလွဲချော်တာတွေလို အမှားအယွင်းတွေ လုပ်မှားကိုင်မှားတွေကလည်း ဘယ်လောက်ပဲဂရုစိုက်လုပ်နေပေမယ့် တွေ့ကြုံရမှာပါ။ ခြေလှမ်းမှားသွားတာတွေ မမျှော်လင့်တဲ့စိန်ခါ် မှုတွေကိုခေါင်းဆောင်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကလည်း အကြပ်အတည်းကိုချက်ချင်းဘယ်လိုဖြေရှင်းသလဲဆိုတာနဲ့ထပ်တူအရေးကြီးပါတယ်။ ဝေဖန်တာကိုလက်ခံရပါမယ်။ ဆီလျော်နေရင် လက်ခံရပါမယ်။အေခြခံပြဿနာက်ုအာရုံစိုက်ရပါမယ်။အပြစ်တင်တာ တွေမလုပ်ရပါဘူး ။ကိုယ့်ရည်မှန်းချက်ကိုမျက်ခြေပြတ်မခံရပါဘူး။နောပ်ထပ်ကြုံတွေ့ရတဲ့ပြဿနာတွေ အခုလက်ငင်းပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာပိုအာရုံစိုက်ပြီးဆက်လက်လုပ်ဆောင်ရပါမယ်။ကိုယ်လုပ်တာဟာစင်းလုံးချောဖြစ်ချင်မှဖြစ်မယ်။ဝေဖန်တာက်ုနားထောင်ရပါမယ်။အသိအမှတ်ပြုရပါမယ်။အားလုံးက အာရုံပြောင်းမသွားပဲ ပြဿနာဖြေရှင်းရေးကိုသာဦးတည်ရပါမယ်။
၄။ အမြဲခေတ်မီနေပါစေ နောက်ဆုံးအခြေအနေကိုအမြဲသိနေပါစေ။
ခေါင်းဆောင်ကောင်းတွေနဲ့ပတ်သက်လို ့အထင်လွဲတတ်ကြတာတခုရှိပါတယ်။ ခေါင်းဆောင်တွေဟာရပ်တည်ချက်ခိုင်မာပြတ်သားရမယ်လမ်းကြောင်းလံုးဝမလွဲရဘူးတဲ့။ ခိုင်မာပြတ်သားဖို့ကဒီလိုအချိန်မျိုးမှာလိုအပ်တာမှန်ပါတယ်။ဒါပေမယ့်ကပ်ရောဂါကအသစ်အဆန်းကလည်းဖြစ် အပြောင်း အလဲကလည်းအလွန်မြန်ဆန်တဲ့အချိန်မှာ လမ်းကြောင်းချထားပြီးအဲဒီလမ်းကြောင်းကိုတွယ်ကပ်နေရမယ်လို့ထင်ရင်မှားမယ်။နေ့စဉ်နေ့တိုင်းဖြစ်လာနိုင်တာတွေကိုကြိုတင်စဉ်းစားပြီးကောင်းကောင်းသဘောပေါက်နားလည်ထားဖို့လိုအပ်ပါတယ်။သတင်းအချက်အလက်တွေမြန်မြန်ရနိုင်အောင််မဟာဗျူဟာတွေချမှတ်ရပါမယ်။အခြေအနေတွေပြောင်းသွားရင် သတင်းအချက်အလက်အသစ်တေွဝင်လာရင် မြန်မြန်နားလည်အောင်လုပ်ရပါမယ်။ကျွမ်းကျင်သူတွေရဲ့အကြံဉာဏတွေကိုနားထောင်ရသလို ကွဲပြားတဲ့အမြင်အမျိူမျိုးအကြံဉာဏ်အမျိုမျိုးကိုလည်းရှာဖွေ
လက်ခံရပါတယ်။သတင်းအသစ်တွေဝင်လာတဲ့အခါပြဿနာတွေကအသစ်ဖြစ် လိုအပ်တဲ့ကျွမ်းကျင်သူလည်းပြောင်းသွားတဲ့အခါ အကြံပေးပညာရှင်ေတွလည်းေပြာင်းသွားတတ်ပါတယ်။ ပြဿနာေတွေပြာင်းသွားတဲ့အခါ သင့်တော်သူကိုရှာဖွေဖို့နဲ့အသံုးချဖို့လည်းလိုအပ်ပါတယ်။

တာဝန်ရှိတဲ့သူတွေအတော်များများဟာ ဆုံးရှုံးမှုတွေ
ဒုက္ခရောက်တာတွေကိုကြုံဘူးကြတဲ့သူတွေချည်းပါ။ဒါပေမယ့် ကမ္ဘာ့ကပ်ရောဂါဖြစ်လာတဲ့အခါ လူကြိုက်နည်းတဲ့အလုပ်တွေကိုပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ဝန်လေးကြတယ်။တချို့ကတော့သူတို့ဟာ ပညာရှင်ပီသတယ် စဉ်းစားတယ် ခံစားချက်နောက်ကိုမလိုက်ဘူးလို့ဆိုတတ်ကြတယ်။ဒါပေမယ့် ခုလိုလုပ်နေရင် အချိန်နောက်ကျသွားတတ်တယ်။ ကျယ်ကျယ်ပြန်ပြန့်ရှုမြင်တတ်ဖို့လိုသလို သူ့ဌာနကိုယ့်ဌာနမခွဲခြားဖို့၊ လူတွေကိုကိန်းဂဏန်းတွေအနေနဲ့မမြင်ဖို့တွေလည်း လိုအပ်ပါတယ်။ ကိုယ်ချင်းစာတဲ့စိတ်နဲ့ခေါင်းဆောင်ရပါမယ်။

သမိုင်းနဲ့ချီပြီးအကြပ်အတည်းတွေကြုံလာတဲ့အခါ သမိုင်းတွင်တဲ့ခေါင်းဆောင်တွေပေါ်ထွက်လာတတ်ပါတယ်။ ဒါပေမယ့်ဒီလိုခေါင်းဆောင်တွေဟာ လွယ်လွယ်နဲ့ပေါ်ထွက်လာတာမျိူးတော့မဟုတ်ပါဘူး။
(ညွှန်း What Good Leadership looks like during this pandemic , HBR April13, 2020)
(ညွှန်း What Good Leadership looks like during this pandemic , HBR April13, 2020)
No comments:
Post a Comment