Monday, May 25, 2020

#ကမ္ဘာ့ဗိသုကာပြပွဲတွင်ဆုရရှိခဲ့သော အဆောက်အအုံ








ဆေးတက္ကသိုလ်၀န်းထဲက ဖော်ပြပါအဆောက်အအုံဟာ ပြင်သစ်
နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ဗိသုကာပြပွဲမှာ ဒုတိယဆုရခဲ့ဖူး
တယ်လို့ မှတ်တမ်းတချို့အရသိရပါတယ်။ ခုနှစ်ကတော့ ၁၉၅၇၊
၅၈ ပတ်၀န်းကျင်ဖြစ်မယ်ထင်ပါတယ်။
ဒီအဆောက်အအုံကို ၁၉၅၄၊ မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်တ
က္ကသိုလ်အဓိပတိ၊ဝန်ကြီးချုပ်ဦးနုက အုတ်မြစ်ချပြီး ၁၉၅၆၊ နို၀င်
ဘာလ ၂၂ ရက်နေ့မှာ တည်ဆောက်ပြီးစီး ဖွင့်လှစ်ပါတယ်။ ဖွင့်
လှစ်ပေးသူက ၀န်ကြီးချုပ်ဦးဗဆွေပါ။
ဒီအဆောက်အအုံကို ရိုက်ဂလင်စကွဲယားကုမ္ပဏီက ပုံစံထုတ်ပြီး
တေလာ၀ဒ်ရိုး ဆောက်လုပ်ရေးကုမ္ပဏီက ယူနိုက်တက် မြန်မာ
အင်ဂျင်နီယာများနဲ့တွဲဖက်တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းတွေ
ကဆိုပါတယ်။
စဆောက်တုန်းကတော့ အင်ဂျင်နီယာမဟာဌာနအတွက်ဆောက်
ခဲ့တာဖြစ်ပြီး နောက်ပိုင်းတော့ ဆေးတက္ကသိုလ်(၁)ရန်ကုန်ကို ဒီ
မှာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဌာနရုံးကို
လည်း ဒီမှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။
#crd
ချမ်းမြေ့ပိုင်

No comments:

Post a Comment