Thursday, May 7, 2020

ကိုဗစ်အလွန် ကမ္ဘာ "ဈေးကွက်လူ့အဖွဲ့အစည်းဖြစ်သွားသော ဈေးကွက်စီးပွားရေး"





ကိုဗစ်အလွန် ကမ္ဘာ
"ဈေးကွက်လူ့အဖွဲ့အစည်းဖြစ်သွားသော ဈေးကွက်စီးပွားရေး"

ခင်မောင်ညို( ဘောဂဗေဒ)
စံတော်ချိန်

မကြာမီနှစ်တွေတုံးက ဈေးကွက် စီးပွားရေး(Market Economy) က ဈေးကွက် လူ့အဖွဲ့အစည်း (Market Society) ဖြစ်သွားတယ်တဲ့၊ အခု ကိုရိုနာ-၁၉ ဗိုင်းရပ်စ်ကြောင့် ပြောင်းပြနဖြစ်သွားနိုင် တယ်လို့၊ အင်္ဂလန်ဘဏ်ဥက္ကဌကတွက်ဆပါတယ်၊ တနည်းပြောရရင် ဈေးကွက်တို့ စီးပွားရေးစနစ်တို့ဟာ လူ့တန်ဘိုး‌‌ေတွကို အလေးထားကြရမယ်တဲ့။
ကိုဗစ်အလွန်ကမ္ဘာကြီးမှာ တန်ဘိုးတွေ တန်ဘိုးထားမှုတွေ ပြောင်းလဲမယ်၊ အနည်းဆုံး အဆင့်တခုမှာတော့ ထင်ထင်ရှားရှား ပြောင်းလဲတယ်၊ ကမ္ဘာ့ဘဏ္ဍာ‌ေရး ဈေးကွက်မှာ တန်ဘိုးတွက်တာတွေ ဒိုင်းကနဲပြောင်းလဲကုန်၊ ထိုးကျကုန်ပြီ။ ဆယ်စုနှစ်ပေါင်များစွာအတွင်း အဆိုးဝါးဆုံးထိုးဆင်းမှုရဲ့ဒဏ်ကို ခံ‌ေနကြရတယ်၊ ပိုပြီးအခြေခံကျကျပြောရမယ်ဆိုရင်တန်ဘိုးကိုဖြစ်စေတယ်လို့ အစဉ်အလာအရ ယုံကြည်လာခဲ့ကြတာတွေကို ရမ်းခါပစ်လိုက်ပြီး တန်ဘိုးကိုဖြစ်စေတဲ့အရာ‌ေတွဟာအသစ်ဖြစ်လာလိမ့်မယ်၊ အခုကျတော့ ဈေးကွက်ကတန်ဘိုးထားတာနဲ့ လူတွေတန်ဘိုးထားတာတွေ ကွာခြားလွန်းနေတယ်၊ အဲဒီခြားနားချက်ကြီး ကျဉ်းမြောင်းလာမယ်၊ လူတွေတန်ဘိုးထားတာနဲ့ ဈေးကွက်ကတန်ဘိုးထားတာဟာနီးစပ်လာလိမ့်မယ်။
အခုလောလောဆယ် ဘဏ္ဍာေရး ဈေးကွက်ထဲက တန်ဘိုးသတ်မှတ်ပုံတွေကိုကြည့်ရင်ဗိုင်းရပ်စ်ရဲ့လမ်းကြောင်းမရေရာတာ၊ ကမ္ဘာ့ စီးပွားရေးအဆောက်အအုံကြီးးပိတ်ထားတာ ကြာရှည်လာတာတွေကို ထင်ဟပ်နေတာတွေ့ရတယ်။ ဝင်ငေွ‌ေတွဘယ်လောက်တောင်လျော့နေဦးမလဲ ၊ စီးပွားရေးဦးမော့လာပြီဆိုရင်တောင်မှ ဘယ်လောက်မြန်နိုင်မလဲ ၊
အစိုးရိမ်ကြီးစရာ‌ေတွထဲမှာ ဘယ်နိုင်ငံ‌ေတွဟာ အရောင်းကမောက်ကမဖြစ်ရုံ (Supply distortion သာမက အရောင်းလုံးဝပါပျက် (Supply destruction) တာဖြစ်နေလေမလား ၊ တခါကအားကောင်းမောင်းသန် ကုမ္ပဏ‌ေတွဟာ ခုတသက်လုံးမလှုပ်မရှားနိုင် ဖြစ်သွားလေမလား ၊ လူတွေဘယ်လောက် အလုပ်လက်မဲ့ဖြစ်ကုန်ပြီး လုပ်သားလောကထဲကထွက်ကြရမလဲ၊ ရေတိုမှာ ဂျီဒီပီဘယ်လောက်ထိုးကျတယ်လို့ပြောနေရုံနဲ့မပြီး၊ ဒီ‌မေးခှနျး‌တှေရဲ့အဖွကေ
အစိုးရ‌တှေကုမ်ပဏီ‌တှေ၊ ဘဏ်တွေ တုန့်ပြန်တာဘယ်လောက် ထိရောက်မလဲဆိုတာ ပြသနေတယ်။
ဒါပေမဲ့ပြဿနာကအဲဒီလောက်နဲ့ပြီးမလား ၊ ဒီလောက်နဲ့ပြီးမယ်ဆိုရင်သမားရိုးကျကုထုံးa‌ေတွနဲ့ အဆင်ပြေနိုင်မယ်။ ဒါးတစင်းကျလာရင်ဘယ်အချိန်မှာဖမ်းဆုပ်မလဲ ၊ အောက်ခြေကျတဲ့အထိစောင့်ဆိုတဲ့အ‌ေတွးအ‌ေခါ်မျိုး‌‌ေတွ လမ်းပေါ်မှာ ကိုယ့်သွေးအပါအဝင် သွေး‌ေတွကျနေတဲ့အချိန်မျိုးဈေးကွက်ထဲမှာ အဆိုးဆုံးအခြေအနေဟာ၊ အမြတ်ရဘို့အကောင်းဆုံးအခွင့်အလမ်းဆိုတဲ့ နည်း‌ေဟာင်း‌ေတွကလက်ရှိအခြေအနေမှာ အဆင်မပြေဘူး၊ အကြပ်အတည်းဖြစ်နေချိန်မှာ အဝေးကအလုပ်လုပ်တာ၊ အင်တာနက်သုံးကျန်းမာရေး၊ အဝေးသင်ပညာရေးဆိုတဲ့နယ်ပယ်‌ေတွမှာတော့ အခွင့်အလမ်းတချို့ရှိနေတာတေွအ‌ေပါ် အာရုံရောက်နိုင်တယ်။
အခုဒစ်ဂျစ်တယ်ဘဝနဲ့ ၊ ဒေသခံဘဝ‌ေတွကျယ်ပြန့်လာပြီး၊ ရုပ်ပိုင်းနဲ့ကမ္ဘာ့ဘဝ‌ေတွကျံု့လာတော့၊ ဒီအပြောင်းအလဲကနေ တန်ဘိုးအဟောင်း‌ေတွကိုဖျက်ဆီး၊ တန်ဘိုးအသစ်တွေကိုဖန်တီးနိုင်မယ်၊ တည်ထွင်ဖန်တီးတာတို့၊ တက်ကြွလှုပ်ရှားတာတို့ကိုတော့ဆက်ပြီး အလေးထားကြမယ်။ ဒါပေမယ့် တန်ဘိုးကိုပုံသွင်းတဲ့ အကြောင်းတရားအသစ်တေွ‌ေပါ်လာမယ်၊ ငယ်စကြီးလိုက်ပြောရရင်စီးပွားရေး၊ ဘဏ္ဍာ‌ေရး၊ စိတ်ပိုင်းနဲ့ လူ့အဖွဲ့အစည်းဆိုတဲ့ အကြောင်းအရာ‌ေတွကကတန်ဘိုးကိုဖန်တီးကြမယ်။
ပထမအနေနဲ့ ကမ္ဘာ့စီးပွားးရေးအဆောက်အအုံပြိုကွဲတာကို ဘဏ္ဍာ‌ေရးအကြပ်အတည်းကအရှိန်မြန်လာစေမယ်၊ ကာကွယ်ဆေးမ‌ေတွ့သေးသမျှ တွေ့ပြန်ရင်လည်း ကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်သေးသမျှ၊ ခရီးသားလာမှု‌ေတွကို ကန့်သတ်ထားဦးမှာဖြစ်တယ်။ ဒီနောက်ပိုင်းမှာလည်း ကမ္ဘာနဲ့ချီပြီး စွမ်းဆောင်ရည်မြင့်မားတာထက်၊ ကိုယ့်ဒေသကခံနိုင်ရည်ရှိဘို့ကို ပိုပြီးဦးစား‌ေပးလာကြမယ်။
ဒုတိယအနေနဲ့ ကုမ္ပဏီ‌ေတွရဲ့တန်ဘိုးကို
မတန်တဆ အထောက်အပံ့ပေးရတာတွေ၊ ငွေသားစီးဆင်းမှုပျောက်ဆုံးတာတွေကြောင့် လျော့ကျစေတယ်၊ အ‌ေကြွးများလေ၊ အစုရှယ်ယာ‌ေတွအန္တရာယ်များလေ၊ တိုးတက်ဖို့အလားအ လာနည်းလေဖြစ်တယ်၊
အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍရဲ့ ဆက်ဆ‌ေရးဟာပိုပြီး သိသိသာသာနက်ရှိုင်းလာတာကိုတွေ့ရတယ်၊ ဒီအခြေအနေကနေ ဘယ်လိုထွက်ကြမလဲ၊ ဘယ်လောက်ကြာမလဲ။
အစိုးရက ခုလိုပဲ ကူးသန်းရောင်းဝယ်ရးနယ်ပယ်ထဲမှာ လုံး‌ေထွးရစ်ပတ်နေပြီး၊ ပုဂ္ဂလိကလုပ်ငန်း‌ေတွရဲ့ တက်ကြွလှုပ်ရှားမှုကိုထိန်းချုပ်နေဦးမှာလား ။
တတိယအချက်ကတော့ ကျန်းမာရေးအကြပ်အတည်းရော၊ စီးပွားရေးအကြပ်အတည်းပါ တပြိုင်နက်တည်းဖြစ်တဲ့ အလွန်ခက်ခဲကြပ်တည်းတဲ့အတွေ့အကြံုက ကုမ္ပဏီ‌ေတွရဲစွန့်စားမှုနဲ့ ဒဏ်ခံနိုင်မှု အချိန်အဆတွေကိုပြောင်းလဲစေမယ်။
စာရေးဆရာ နစ်ကိုလင့်ခ်တဲလက်ဘ်က ငန်းမည်း (Black Swam) လို့တင်စား‌ေခါိ‌ေဝါ်တဲ့၊ ဖြစ်တောင့်ဖြစ်ခဲ မထင်မှတ်ပဲ ဖြစ်လာတဲ့ အဖြစ်အပျက်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ကုမ္ပဏီ‌ေတွကလုပ်လာကြမယ်၊ ထိလွယ် ကွဲရှလွယ်တာမျိုးတွေမဖြစ်ရအောင်ပြင်ဆင်လာကြလိမ့်မယ်လို့ တွက်ဆတယ်၊ ဒီသင်ခန်းစာတွေကို ကမ္ဘာ့ဘဏ္ဍာ‌ေရး အကြပ်အတည်းနောက်၊ ဘဏ္ဍာရးကဏ္ဍအနေနဲ့ ကောင်းကောင်းသဘောပေါက် နားလည်ကြတဲ့အတွက် ဘဏ်တေွမှာ ပြဿနာရဲ့ အဖြေအတွက် လုံလောက်တဲ့အရင်းအနှီး ရှိနေကြသေးတာဖြစ်တယ်၊ ဘယ်ကုမ္ပဏီ‌ေတွဟာ ‌ေငွ‌‌ေကြးအနည်းဆုံးလက်ထဲကိုင်ထား၊ အရောင်းကွင်းဆက်တွေတိုးချဲ့ဲ့ပြီး စတိလောက် အရေးပေါ်စီမံကိန်း‌ေတွွဆွဲထားကြမလဲ၊ ဒေသတွင်း၊ ပြည်တွင်းအရေး‌ေတွကို ဖြေရှင်းဖို့ ဘယ်အစိုးရ‌ေတွက ကမ္ဘာ့ဈေးကွက်တွေကို အားကိုးနေကြမလဲ။
စတုတ္ထအချက်အနေနဲ့ လူတွေရဲစီးပွားးရေးအ‌ေတွးအ‌ေခါ်၊ အပြောအဆိုတွေ ပြောင်းလဲလာမယ်။ဆယ်စုနှစ်တွေနဲ့ချီပြီး၊ နောက်ဆုံးကျတော့ အန္တရာယ်တွေ စွန့်စားစရာ‌ေတွဟာ လူတယောက်စီရဲ့အပေါ်ကျရောက်လာတယ်၊ အ‌ေကြွးတောင်းတဲ့စာတွေရောက်လာတယ်၊ လူတွေက ဘယ်လိုလုပ်ပြီးအ‌ေကြွးဆပ်ရမလဲဆိုတာမသိဘူး၊ လူတွေအကုန်လုံးကအလုပ်လက်မဲ့ဖြစ်မှာကြောက်၊ ဆေးကုသမှုမခံရမှာနဲ့ ဆေးဖိုးဝါးခမတတ်နိုင်မှာတွေကိုကြောက်ပီးနေနေရတယ်။ ဒီသင်ခန်းစာတွေကိုလွယ်လွယ်နဲ့မေ့သွားကြမှာမဟုတ်ဘူး။ မိသားစုတွေရဲ့ချေးငေွ‌ေတွ၊ စန်းပွင့်နေတဲ့ အိမ်ခြံမြေဈေးကွက်နဲ့ အားကောင်းမောင်းသန်ရေတိုလုပ်သားဈေးကွက် (Gig economy) တို့ကို အားကိုးတဲ့ ကဏ္ဍ‌ေတွအပေါ်မှာ ရေရှည်အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒီအချက်တွေအားလုံးက နက်ရှိုင်းတဲ့ နောက်ဆုံးအချက်ကိုညွှန်ပြနေတယ်၊ ဒဿနပညာရှိမိုက်ကယ်ဆန်ဒယ်လ်ပြောသလိုပဲ ၊ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ဈေးကွက်စီးပွားရေး အဆောက်အအုံကနေ ဈေးကွက်လူ့အဖွဲ့အစည်းကို သိမ်သိမ်မွေ့မွေ့လေး ဒါပေမယ့် အသည်းအသန်ကူးပြောင်းနေခဲ့တာပါ။ ပိုင်ဆိုင်မှုတခု၊ လုပ်ရပ်တခု တန်ဘိုးရှိဖို့ဆိုတာ ဈေးကွက်ဝင်မှဖြစ်သလိုဖြစ်နေတယ်၊ ဥပမာ- အမ‌ေဇုန် (Amazon) ဆိုတာ ကမ္ဘာမှာတန်ဘိုးအကြ‌ီးဆုံး ကုမ္ပဏီတခုဖြစ်တယ်၊ ဒါပေမယ့် အမေဇုန်ဒေသဟာ သစ်တောတွေ၊ သစ်ပင်တွေပြုန်းတီးပြီး လယ်ကွင်းတွေဖြစ်သွားတာ ဘယ်စာအုပ်ထဲမှာမှ မတွေ့ရနိုင်ပါဘူး။
အခုကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းကြောင့် ဆက်ဆံရေး‌ေတွအားလုံး ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်၊ ဒါမှပဲ အများပြည်သူတွေရဲ့ တန်ဘိုးထားမှု‌ေတွက ပုဂ္ဂလိကတန်ဘိုးထားမှု‌ေတွကို ပုံသွင်းနိုင်မှာပါ၊ အသည်းအသန်ဖြစ်လာတဲ့အခါ လူ့အဖွဲ့အစည်း‌ေတွက ကျန်းမာရေးကို ထိပ်ဆုံးမှာ ဦးစားပေးလေ့ရှိကြတယ်၊ နောက်ကျမှ စီးပွားရေးကိစ္စတွေကိုဖြေရှင်းဖို့ကြိုးစားကြတယ်၊
ဒီအကြပ်အတည်းမှာ ကျွန်တော်တို့ဟာ သီးခြားလွတ်လပ်တဲ့ လူတယောက်စီအနေနဲ့မဟုတ်ပဲ၊ အပြန်အလှန်မှီခိုနေရတဲ့ လူ့အဖွဲ့အစည်းအနေနဲ့တုန့်ပြန်ဆောင်ရွက်ဖို့ လိုတယ်၊ စီးပွားရေးအရ အားကောင်းမောင်းသန်ရှိဖို့၊ စွမ်းဆောင်ရည်မြင့်မားဖို့ဆိုတာတွေဟာ သွေးစည်းညီညွတ်မှု၊ မျှတမှု၊ တာဝန်ယူမှု၊ ကြင်နာမှု တွေနဲ့ပေါင်းစည်းကြရမယ်၊
နောက်ဆုံးမှာ အားလုံးပေါင်းပြီး အကျိုးရှင်အရင်းရှင်စနစ် (Stakeholder Capitalism) ကို စမ်းသပ်ကြလိမ့်မယ်၊ အကြပ်အတည်းကျော်သွားတဲ့အခါ ဘယ်သူကမျှဝေသလဲ၊ ဘယ်သူက ဆုပ်ကိုင်ထားးသလဲ၊ ဝန်ထမ်းတွေ ပစ္စည်းသွင်းသူတွေ၊ ဖောက်သည်တွေကို ဘယ်လိုဆက်ဆံသလဲ အကြပ်အတည်းကာလမှာ ဘာတွေလုပ်ခဲ့ကြသလဲ ဆိုတာအပေါ်အခြေခံပြီး ကုမ္ပဏီ‌ေတွကို အကဲဖြတ်ကြလိမ့်မယ်၊
အကြပ်အတည်းပြီးသွားတဲ့အခါ ကျန်းမာရေးနဲ့လယမှုအကူအညီ‌‌ေတွကျယ်ကျယ်ပြန့်ပြန့်၊ အဆင့်မြင့်မြင့် ပေးနိုင်ဖို.တိုးတက်ကောင်းမွန်လာတာတွေကို လူတွေကမြင်ချင်ကြမယ်၊ သိပ္ပံပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ပိုပြီးဂရုစိုက်လာကြလိမ့်မယ်၊ သာမန်စွန့်စားမှုထက်ပိုများနေတဲ့ စွန့်စားစရာ (Trail Risk) ကို ဘယ်လိုစီမံခန့်ခွဲကြသလဲဆိုတာ ပိုပြီးအာရုံစိုက်လာကြမယ်။
ဒီတန်ဘိုးထားမှုအဆင့်ဆင့်တွေဆက်လက်ရပ်တည်နိုင််စွမ်းရှိမရှိကို စမ်းသပ်မှာက ရာသီဥတုအ‌ေပြာင်းအလဲပါ။နောက်ဆုံးမှာတော့ရာသီဥတုအပြောင်းအလဲဟာ (၁) တကမ္ဘာလံုးနဲ့ပတ်သက်တယ် ဘယ်သူမျှမကင်းနိုင်
(၂) သိပ္ပံပညာကအနာဂတ်မှာ အဓိကကျတဲ့အန္တရာယ်လို့ဟောကိန်းထုတ်ထားတယ်။(၃)ကြို ကြိုတင်တင် ညီညီညွတ်ညွတ်နဲ့ဖြေရှင်းမှရမယ်။
လူအတော်များများကကိုဗစ်အကြပ်အတည်းကို
လက်နက်ကိုင်အကြပ်အတည်းနဲ့ နှိုင်းယှဉ်ပြီးပြောလေ့ရှိကြတယ်။ပထမကမ္ဘာစစ်မှာအနိုင်ရပြီးတဲ့နောက် ဗြိတိန်ဟာ " သူရဲကောင်းတွေ နေထို င်ဖို့သင့်တော်တဲ့တိုင်းပြည်"လို့ကြွေးကြော်ခဲ့ကြတယ်။အခုလိုမမြင်ရတဲ့ရန်သူကို အနိုင်ရပြီးတဲ့အခါ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ "ကျွန်တေ ာ်တို့ရဲ့မြေးမြစ်တွေနေထိုင်ဖို့သင့်တော်တဲ့ကမ္ဘာ‌ေမြကြီးဖြစ်ဖို့"ထက် နည်းနည်းမှမလျော့သင့်ပါဘူး။ရည်မှန်းချက် မြင့်မြင့်မားမားပီပီပြင်ရှိသင့်ပါတယ်။
(အင်္ဂလန်ဗဟိုဘဏ် ဥက္ကဌ မာ့က်ကာနီ ၏ The Economist April16th, 2020 တွင်ရေးသားချက်)

No comments:

Post a Comment