Sunday, May 17, 2020

"AMPHAN" သို့မဟုတ် "LOVE" လို့ အဓိပ္ပာယ်ရတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်





"AMPHAN" သို့မဟုတ် "LOVE" လို့ အဓိပ္ပာယ်ရတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်


"AMPHAN" သို့မဟုတ် "LOVE" လို့ အဓိပ္ပာယ်ရတဲ့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ကို ညနေပိုင်းအချိန် HIMAWIRI-8 Meteorological Satellite က ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။ မုန်တိုင်းအဆောက်အအုံ အချင်း မိုင်(၆၀၀) လောက်ရှိနိုင်ပါတယ်။ အားအလွန်ကောင်းတာကြောင့် မုန်တိုင်းမျက်စိ (Eye) ပေါ်စပြုနေတာကို တွေ့ရပါတယ်။ ဒီလိုမိုင် ၆၀၀ လောက် အချင်းရှိတဲ့ တိမ်တိုက်ကြီးက ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသာ ရောက်လာရင် ပင်လယ်ပြင်တစ်ခုလုံး ပြည့်သွားနိုင်မယ်ထင်တယ်။ ပြီးတော့သူက အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအထိတောင်ရောက်နိုင်တယ်ဆိုတော့ သတိပြုစရာပါ။


လှထွန်း (မိုးလေ၀သ)

၁၇-၅-၂၀၂၀
Hla Tun


No comments:

Post a Comment