Tuesday, May 5, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ထိခိုက်နစ်နာတဲ့အလုပ်သမားတွေကို EU ထောက်ပံ့




ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ထိခိုက်နစ်နာတဲ့အလုပ်သမားတွေကို EU ထောက်ပံ့


■ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အလုပ်အကိုင်ဆုံးရှုံးသွားတဲ့ နိုင်ငံတဝန်းက အထည်ချုပ် အလုပ်သမားတွေအတွက် အမေရိကန်ဒေါ်လာ ၅ သန်းခွဲ ထောက်ပံ့မယ့် အီးယူ- ဥရောပသမဂ္ဂ ရဲ့ မြန်ကူ အရေးပေါ်ထောက်ပံ့ရေး အကူအညီကနေ အလုပ်သမားတချို့ကို ပထမအသုတ် ထောက်ပံ့လိုက်ပါတယ်။
အများစုအဖြစ် အလုပ်သမတွေကို ထောက်ပံ့တာဖြစ်ပြီး မေလ ၁ ရက်နေ့မှာ ကျရောက် တဲ့ မေဒေး- နိုင်ငံတကာအလုပ်သမားများနေ့မှာ ပေးအပ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အလုပ်ရပ်နားလိုက်တဲ့ စက်ရုံ ၆ ရုံက အလုပ်သမားတွေကို ထောက်ပံ့လိုက်တာဖြစ်ပါတယ်။ မြန်ကူအရေးပေါ်ထောက်ပံ့ရေး အစီအစဉ်ကနေ အလုပ်သမား ကိုးသောင်းလောက်ကို လာမယ့် သီတင်းပတ်တွေမှာထောက်ပံ့နိုင်မယ်လို့လဲ မျှော်မှန်းထားပါတယ်။
- Unicode



- Zawgyi

File Photo/ Reuters
Ref: RFABurmese

No comments:

Post a Comment