Friday, May 1, 2020

ဒီလ ထီမထိုးလိုက်ရသူများ ကြေကွဲပီ 😁






ဒီလ ထီမထိုးလိုက်ရသူများ ကြေကွဲပီ 😁
----------------
စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲ
ကြေညာချက်
(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ဧပြီ လ ၂၉ ရက်)
၁။ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁)ရက်နေ့တွင် ကျင်းပမည့် (၁၅) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် “က”အက္ခရာမှ“ကင” ထိ စုစုပေါင်းအက္ခရာ(၃၈) လုံး၊ထီစာအုပ်(၃၁၀၉၀၈၄) အုပ်အား ရောင်းချခဲ့ပါသည်။
၂။ ထိုသို့ရောင်းချပေးခဲ့ရာတွင် ထီစာအုပ် (၁၂၉၇၃၉၉) အုပ်ရောင်းချခဲ့ရပြီး ထီစာအုပ် (၁၈၁၁၆၈၅) အုပ်မှာ ရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ပါသည်။အဆိုပါ ရောင်းမကုန်ထီလက်မှတ်များအား ပြည်တွင်းအခွန်များဦးစီးဌာန၏ Website: www.ird.gov.mm နှင့် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာသင်ပုန်းတွင် ကြေညာထားပါသည်။
၃။ ထီစာအုပ် ရောင်းရငွေမှာ ကျပ်သန်း (၁၂၉၇၃.၉၉၀) သန်းဖြစ်ပြီး ၆၀% ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည့်ငွေမှာ (၇၇၈၄.၃၉၄) သန်းဖြစ်ပါသည်။
၄။ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများကို အထူးဆုကြီးစနစ်မှ
ကျပ်သိန်းတစ်သောင်းငါးထောင် (၁) ဆု၊
ကျပ်သိန်းတစ်သောင်း (၁) ဆု၊
ကျပ်သိန်းငါးထောင် (၁) ဆု၊
ကျပ်သိန်းနှစ်ထောင် (၂)ဆု၊
ကျပ်သိန်းတစ်ထောင် (၂)ဆု၊
ဆုတစ်ဆုချင်း စနစ်မှ
ကျပ်သိန်းငါးရာ (၁၀)ဆု၊
ကျပ်သိန်းနှစ်ရာ (၁၁) ဆု၊
ကျပ်သိန်းတစ်ရာဆု (၁၂)ဆု၊
ကျပ်သိန်းငါးဆယ် (၁၂)ဆု၊
ကျပ်သိန်းနှစ်ဆယ် (၁၅) ဆု၊
ကျပ်တစ်ဆယ်သိန်း (၁၆) ဆု
နှင့်
ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ
ကျပ်သုံးသိန်း (၆၀)ဆု ၊
ကျပ်နှစ်သိန်း (၆၀၀) ဆု၊
ကျပ်တစ်သိန်း (၆၀၀၀) ဆု၊
ကျပ်ငါးသောင်း (၅၀၀၀၀)ဆု
များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
၅။ ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ (၂၅၀)သန်းအား ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှ ကျပ်သုံးသိန်း (၂၀)ဆု၊
ကျပ်နှစ်သိန်း (၂၀၀)ဆု၊
ကျပ်တစ်သိန်း (၂၀၀၀)ဆု နှင့်
ဆုတစ်ဆုချင်းစနစ်မှ
ကျပ် တစ်ဆယ်သိန်း (၄) ဆု တို့ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၆။ ထိုသို့ ခွဲဝေချီးမြှင့်သွားမည့် ဆုမဲများဖွင့်လှစ်ရာ၌ အထူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲ ပေါ်ထွက်လာပါက အဆိုပါဆုမဲတန်ဖိုးများအား စုပေါင်းပြီးအခြားသင့်လျှော်သောဆုမဲများဖြင့် အစားထိုးပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
၇။ အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၅.၂၀၂၀)ရက်နေ့ (သောကြာနေ့)၊ နံနက် (၇:၃၀)နာရီအချိန်မှစတင်၍ အမှတ် (၃၈၄)၊မဟာဗန္ဓုလလမ်းနှင့်(၃၇)လမ်းထောင့်၊ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

No comments:

Post a Comment