Friday, May 1, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး ထရမ့်အစိုးရက တရုတ်နိုင်ငံကို ဒဏ်ခတ်ဖို့ အစီအစဉ်ရေးဆွဲနေ



ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး ထရမ့်အစိုးရက တရုတ်နိုင်ငံကို ဒဏ်ခတ်ဖို့ အစီအစဉ်ရေးဆွဲနေ


ကမ္ဘာ့ကပ်ဘေးရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထရမ့်အစိုးရက တရုတ်ကို ဒဏ်ခတ်ဖို့ ရေရှည် အစီအစဉ်ရေးဆွဲနေတယ်လို့ စီအန်အန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
တရုတ်ကို အပြစ်တင်ဖို့ အခုကြိုးပမ်းအားထုတ်မှုဟာ သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးနည်းဗျူဟာတစ်ခုဖြစ်ပြီး၊ အမေရိကန်မှာ လူပေါင်း(၆)သောင်းကျော် သေဆုံးတဲ့အထိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပေါ် သမ္မတ ထရမ့်ရဲ့ခန့်မှန်းချက် မှားယွင်းမှုနဲ့ ကိုင်တွယ်မှု အကြပ်အတည်းကို အာရုံပြောင်းဖို့ ဖြစ်တယ်လို့ တချို့က သုံးသပ်ပါတယ်။
ဒါကြောင့် တရုတ်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာ၊ ကုန်သွယ် ရေးမူဝါဒသစ်တွေကို ရေးဆွဲတာတွေ ပါဝင်တဲ့ နည်းအမျိုးမျိုးတွေကို ထရမ့်အသုံးပြုချင်တဲ့အရာတွေဖြစ်တယ်လို့ ထရမ့်အစိုးရရဲ့အုပ်ချုပ်ရေးပိုင်းတွင်းက သတင်းရင်းမြစ်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ူဟန်မြို့က ဓါတ်ခွဲခန်းတစ်ခုကနေ လူထုတွေအတွင်း ဘယ်လိုရောက်ရှိလာတယ် ဆိုတာ ကို ရှာဖွေဖို့ ထရမ့်အစိုးရရဲ့အုပ်ချုပ်ရေးပိုင်းက ထောက်လှမ်းရေးအဖွဲ့တွေကို ကြီးကြီးမားမားဖိအားပေးနေတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။
ထောက်လှမ်းရေးအဖွဲ့တွေအနေနဲ့လည်း သတင်းအချက်အလက်တွေကို အသေးစိတ် ဆက်လက်လေ့လာသွားမှာ ဖြစ်ပြီး၊ ကူးစက်မှုဟာ ဝူဟန်ဓါတ်ခွဲခန်းကနေ မတော်တဆမှုဖြစ်တာလား၊ ဒါမှမဟုတ် ရောဂါကူးစက်မှုဟာ တိရိစ္ဆာန်ကနေတဆင့် စတင် ကူးစက်မှု ရှိ-မရှိ လေ့လာ ဆုံးဖြတ်မှာဖြစ်တယ်လို့ အမေရိကန်ထောက် လှမ်းရေး အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် အမေရိကန်က ဘီလီယံနဲ့ချီ အကျိုးရရှိနေတဲ့အတွက် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်တာကို တရုတ်နိုင်ငံက မမြင်လိုဘူးလို့ အိမ်ဖြူတော်က သတင်းထောက်တွေကို သမ္မတ ထရမ့်က ဧပြီလ ၃၀ ရက်က ပြောကြားခဲ့ပါတယ်။
Source: CNN
#OneNewsMyanamr

No comments:

Post a Comment