အဲကွန်းသုံးစွဲခြင်းနှင့်ပန်ကာသုံးစွဲခြင်းအားကျန်းမာရေးရှုထောင့်ဖြင့်နှိုင်းယှဉ်ခြင်း
အဲကွန်း ဆိုတာ တစ်ကမ္ဘာလုံးက ကမ္ဘာ့ လူနေမှုစနစ်မှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာပါ။ အဲယားကွန်း ထုတ်လုပ် ဖြန့်ချိတဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာတစ်ဝန်း တစ်နေ့ထက် တစ်နေ့ ပိုမိုများပြား လာပြီး လူနေမှုစနစ် တွေမှာ ပိုမိုသုံးစွဲ လာတာကိုသာ တွေ့ရပါတယ်။ အဲယားကွန်း အသုံးပြုခြင်းသည် ကျန်းမာရေး နှင့် ညီညွတ်ခြင်း ရှိ-မရှိကို ကျန်းမာရေး ရှုထောင့်မှ တင်ပြရန် လိုအပ်လာပြီ ဟု ထင်မြင်မိသဖြင့် အဲယားကွန်း နှင့် ကျန်းမာရေး ဆက်စပ်မှုကို ရေးသား လိုက်ရပါသည်။ များသောအားဖြင့် အိပ်ခန်း ကလည်း လေမဝင်နိုင်တဲ့ နေရာမျိုးဖြစ်၊ ပန်ကာ လေပူကြီး ကိုလည်းမကြိုက်၊ ငွေကြေးလည်း တတ်နိုင်လျှင် အိမ်များ၏ အိပ်ခန်း များတွင် အဲယားကွန်း တပ်ဆင်လေ့ ရှိပါသည်။ #TCMpartners တချို့ကတော့ အဲယားကွန်း ဆိုတာကို ဇိမ်ခံပစ္စည်း အနေနဲ့ပဲ မြင်လေ့ ရှိပါသည်။
.
#အဲကွန်း သည် အခန်းအပူချိန် ကို လျှော့ချရန်နှင့် လူ့ခန္ဓာကိုယ် အပူ ၊ အအေးကို ထိန်းညှိပေး နိုင်ရန်အတွက် သိပ္ပံပညာရှင်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာများ ပူးပေါင်းတီထွင် ထားသော ပစ္စည်းဖြစ်သည်။ လူသား အကျိုးအတွက် တီထွင်ခြင်း ဖြစ်သည်။ ဇိမ်ခံပစ္စည်း မဟုတ်ပါ။ လူ့အဖွဲ့အစည်း၊ လူနေမှုစနစ်တွင် သက်သောင့် သက်သာ နေထိုင်နိုင်အောင် ပညာရှင်များ တီထွင် ထုတ်လုပ် လိုက်သော အဲယားကွန်းသ ည် ပြောင်းလဲ လာသော ရာသီဥတု ၊ သဘာ၀နှင့် လူသားများ နေထိုင်မှုတွင် အပူ၊ အအေးကို မျှတအောင် ထိန်းညှိပေးရာ တွင် အသုံးပြုသော ပစ္စည်းအဖြစ် လိုအပ် လာသည်။
.
#အဲယားကွန်း ဆိုသည်မှာ အအေး ထုတ်လွှတ်သော ပစ္စည်းဖြစ်ကြောင်း လူတိုင်းသိထားပြီး ဖြစ်သည်။ အဲယားကွန်း ၏ Fan ဆိုသော အလုပ်ကို အမြင်ဆုံး (High) မှာ မထားသင့်ပါ။ တစ်ညလုံး ဖွင့်မည် ဆိုလျှင် အနိမ့် (Low) မှာသာထား၍ အိပ်စက်သင့်သည်။ အဲယားကွန်းဖွင့်၍ အိပ်စက်သော အခါ အခန်းတွင် ထားရှိရမည့် အအေးဒီဂရီ (စင်တီဂရိတ်) သည် အခန်းအကျယ် အဝန်းအပေါ် တွင် မူတည် ပါလိမ့်မည်။ တချို့ အခန်းကြီး များသည် ကျယ်၀န်းသဖြင့် 16' C ၊ 18' C ထားသော်လည်း သိပ်မအေးတတ် သည်ကို တွေ့ရပါမည်။ သို့သော် ၁၀ ပေပတ်လည် အခန်း အကျယ်အ၀န်း ဆိုလျှင်မူ 25' C ၀န်းကျင်လောက် သာထားလျှင် ပို၍ ကောင်းပါသည်။ သက်ကြီးရွယ်အို လူကြီးများ ဖြစ်ပါမူ 25'C မှ 30' C အတွင်းကြားတွင် ထားပါက ကောင်းမွန် သင့်လျော်သည်။#TCMpartners ရေငွေ့ အထွက်များလျှင် လူကြီးများ၏ အသက်ရှူ လမ်းကြောင်းတွင် ပြဿနာ ပေါ်တတ်ပြီး ချွဲပိတ်တတ်သည်။
.
#အဲယားကွန်းနှင့်ပန်ကာ ကွာခြားမှု ရှိသည်။ ပန်ကာကို ရင်ဘတ်တည့်တည့် ဖွင့်အိမ်သဖြင့် လေဖြတ်သွားသည့် သူများလည်း ရှိသည်။
ပန်ကာကို အိမ်ရာဘေးတွင် ကပ်ဖွင့်ပြီး အိပ်သဖြင့် ချွဲကျပ်သေဆုံး သွားသော လူငယ်တစ်ဦးနှင့် အင်္ကျီချွတ်လျက် ပန်ကာဖွင့်အိပ်ပြီး နံနက်ခင်း ရောက်သောအခါ သေဆုံးနေသော အသက် ၄၀ ခန့်လူလတ်ပိုင်း တစ်ဦးကိုလည်း တွေ့ဖူးကြုံဖူး သည်။ ပန်ကာက လေကို တိုက်ရိုက်မှုတ် ပေးသည်။ ပန်ကာလေ လာလျှင် လူ့ခန္ဓာကိုယ်မှ ထွက်နေသော အခိုးကို ငုပ်စေပြီး Stoma ဟု ခေါ်သော မွေးညင်းပေါက် ကလေးများကို ပိတ်သွား စေသည်။ ပတ်ချာလည် နေသော ပန်ကာကို ဝေးဝေးတွင် ထား၍ ဖွင့်အိပ်လျှင် တော့ ဘာမှ မဖြစ်နိုင်ပါ။ အနားတွင် ကပ်ထားပြီး ဖွင့်၍ မအိပ်သင့်ပါ။ ခြင်၊ ယင် မလာရုံ လောက်တော့ ဖွင့်လျှင် ဖွင့်နိုင်သည်။ အိပ်ပြီး နံနက်ထ လာလျှင် ပန်ကာကြောင့် တစ်ကိုယ်လုံး ညောင်းနေတတ် သည်။ နေ့လယ် နေ့ခင်းတွင် မျက်နှာကြက် ပန်ကာအောက်မှာ ထိုင်၍ အလုပ်လုပ်လေ့ ရှိသူများသည် ဆံပင်ကျွတ်ပြီး ထိပ်ပြောင် လွယ်တတ်ကြောင်း တွေ့ရသည်။ ယပ်တောင်နဲ့ အဲကွန်းက ဒီလောက် ပြသ၁နာမရှိပေမယ့်ပန်ကာကြောင့် လူသေတာတွေ လေဖြန်း လေဖြတ်တာတွေ မကြာခဏဖြစ်ကြတာတွေ ကြားရ တွေ့ရတယ်။
မသေရင်တောင် ပါးရွဲ့ လေဖြတ်ကြတာ တော်တော်များပါတယ်။ပန်ကာလေ၏ သဘော သဘာဝမှာ လူသားများ၏ ချွေးထွက်မည့် မွှေးညင်းပေါက်လေး များကို ကျုံ့စေသော သတ္တိ ရှိသဖြင့် လူနှင့်မတည့်ပါ။ #TCMpartners လူက အိုက်လို့ ညဘက်ရေထချိုးတယ်။ ခေါင်းလျှော်တယ်။ပြီးတော့အိပ်ရာထဲချွေးမပြန်အောင်ပန်ကာဖွင့်အိပ်တတ်ကြတယ်။ ပန်ကာဖွင့်တော့ထုံးစံအတိုင်း စိုစိစိတွေက အငွေ့ထပျံပါတယ်။ လိုအပ်တဲ့ အပူချိန်ကိုတော့
ဦးခေါင်းကနေ ရယူပါတယ်။ ဒါကြောင့် ဦးခေါင်း တဖြေးဖြေး အပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင်တော့ ခန္ခာကိုယ်က အပူထုတ်ပေးနေတော့သိပ် ပြသ၁နာမပေးသေးပါဘူး။ အိပ်ပျော်သွားပြီဆိုရင် အပူ မထုတ်တော့ပါဘူး (အပူထုတ်တာ အရမ်းနည်းသွားတယ်) ဒါကြောင့် ဦးခေါင်းဟာ အတိုင်းအဆမရှိ အေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြား ကျုံ့လာပါတယ်။ ခန္ဓာအတွင်းပိုင်းကတော့ အခန်းအပူအချိန်အတိုင်းပဲ ဆက်ရှိနေတယ်။ ဒါကြောင့် ဦးခေါင်းကို စီးနေတဲ့ သွေးတွေကို အတင်းဖြစ်ညှစ်သလိုဖြစ်ပြီးသွေးမလျှောက်တာတို့ သွေးကြောပြတ်တာတို့ ဖြစ်ပြီး မနက်ကျတော့ လျှောနေတော့တာပါ။ အိမ်နီးနားချင်း၂ ဦး ၃ ဦးဖြစ်ဘူးကြတယ်။ တစ်ချို့က သေလောက်တဲ့ အထိ မဖြစ်ပေမယ့်
ပါးရွဲ့ခြင်း၊ လေဖြတ်ခြင်းဖြစ်ကြတယ်။
.
#ပန်ကာနဲ့အိပ်မယ်ဆိုရင် ဒါတွေ သတိထားပါ
-------------------------------------------------
.. ညမိုးချုပ် အိပ်ခါနီးမှ ခေါင်းမလျှော်ပါနဲ့။ မိန်းကလေးများ ပိုဆိုးပါတယ်။
ဘယ်လိုမှ မခြောက်ပဲ စိုထိုင်းထိုင်းနဲ့ အိပ်ယာဝင်ရင် ဒုက္ခရောက်ပြီ…
အသက် ၃၀ မပြည့်သေးတဲ့ အသိမိန်းကလေး ပါးရွဲ့သွားခဲ့ပါတယ်...
.. ပန်ကာနဲ့ အိပ်မယ်ဆို ၁ နာရီလောက် အိပ်ပျော်ချိန်မှန်း timer ပေးအိပ်ပါ။
Timer မရှိရင် ပန်ကာလေကို တိုက်ရိုက်မထိပါစေနဲ့….။ အရေးကြီးဆုံးက ဦးခေါင်းပိုင်းပါ။
.. အရက်သောက်ပြီး အိပ်ရင်လည်း ပန်ကာလေ တိုက်ရိုက်မထိပါစေနဲ့…။
အသိတစ်ယောက် လေဖြတ်ခဲ့ပြီး အိမ်နီးချင်း ၂ ယောက် သေသွားခဲ့ဘူးပါတယ်။
.
#အဲယားကွန်းနှင့် ပတ်သက်၍ တခြားသတိထား သင့်သည်များလည်း ရှိသေးသည်။ တချို့သည် အခန်းထဲ မရောက်မီ အဲယားကွန်းကို ကြိုတင် ဖွင့်ခိုင်းထား တတ်သည်။ ယင်းသို့ ဖွင့်ထားသော အခါ ကြာလာလျှင် အတွင်းတွင်းမှာ အအေးဓာတ်များ နေတတ်သည်။ 16'C လောက်ရှိနေ သည် ဆိုပါစို့။ အပြင်အပူထဲမှ လာသော သူက 16'C ခန့်ရှိသော အခန်းထဲသို့ ၀င်ရောက်လာ ပါက ခန္ဓာကိုယ် ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် ဦးနှောက်ထဲက သွေးကြောငယ် လေးများ ပေါက်သွား တတ်သည်။#TCMpartners ယေဘုယျအားဖြင့် ပြင်ပအပူချိန်နှင့် အတွင်း အပူချိန်တွေ ခြားနားချက် 15' C ရှိလျှင် လေဖြတ်တတ်ကြောင်း တွေ့ရှိရသည်။
.
ညဉ့်ဦးပိုင်းမှာ အိုက်ပြီး ညဉ့်နက်ပိုင်းမှာ အေးသော ဥတုပြောင်းချိန် မျိုးမှာ ဆိုလျှင်လည်း အဲယားကွန်းကို တားမြစ်ချိန် Timer သုံးပြီး ဖွင့်ထားသင့်သည်။ တစ်နာရီ ၊ နှစ်နာရီ စသည်ဖြင့် ရာသီဥတု အေးလာချိန်တွင် အဲယားကွန်း အလိုအလျောက် ပိတ်သွားစေရန် ချိန်ကိုက်လုပ် ထားရမည်။
.
အိပ်ခန်းအတွင်း အဲယားကွန်းကို တပ်ဆင်ရာတွင် အနေအထား မှန်ရန်လည်း လိုအပ်သည်။ အိပ်ခန်း ဖွံ့ည်းစည်းပုံ တော်တော်များများ တွင် အဲယားကွန်း ကို ပြတင်းပေါက်၏ ဆန့်ကျင်ဘက် နံရံမှာ ထားလေ့ ရှိသည်ကို တွေ့ရှိ ရသည်။ သတိပြုသင့် သည်မှာ အိမ်ရာ ခေါင်းရင်း ၊ ခေါင်းပေါ်တည့်တည့် တွင် မထားသင့်ပေ။ ခြေရင်းဘက်တွင် အလှမ်းဝေးပါက ထားနိုင်သည်။ အိပ်သည့် ကုတင်၏ ဘေးတိုက် အနေအထား တောင်ဘက် သို့မဟုတ် မြောက်ဘက်တွင် ထားလျှင် ပိုပြီး သင့်လျော်သည်။ ယင်းနောက် အိပ်ခန်းထဲတွင်တပ်ဆင်မည်ဆိုပါက Split Type ဟုခေါ်သော အပြင်တွင် ထားသည့် စက်အမျိုးအစား ကိုသာ သုံးသင့်သည်။ အဆိုပါ Split Type အမျိုးအစား သည် စက်ကို အခန်းအပြင်တွင် တပ်ဆင်လေ့ ရှိသဖြင့် ဆူညံမှုမရှိပါ။ Window Type ဟုခေါ်သည့် စက်နှင့် တွဲထားသော အဲယားကွန်းသည် တုန်ခါမှုနှင့် အသံဆူညံမှု ရှိသဖြင့် အိပ်စက်သည့် အခါ အနှောင့်အယှက် ဖြစ်စေသည့် အပြင် အသံတစ်ခုကို နားယဉ်သွားလျှင် နောက်ပိုင်း ထိုအသံ မကြားရပါက အိပ်မပျော် ဖြစ်လေ့ ရှိတတ်သည်။
.
တချို့ ကားမောင်းနေစဉ် အဲယားကွန်း ဖွင့်လေ့ရှိသည်။ ထိုသို့ ကားမောင်းစဉ် အဲယားကွန်း ဖွင့်ပါက သတိနှင့် ဆင်ခြင်သုံးစွဲသင့် သည်။ အပြင် အပူချိန်နှင့် အတွင်းအပူချိန် ကွာခြားမှု များလျှင် မကောင်းပါ။ #TCMpartners ယခုခေတ်တွင် ကိုယ်ပိုင် ဆလွန်းကားများ သာမကတော့ဘဲ လူစီးဘတ်စ်ကား ကြီးများမှာပါ အဲယားကွန်း ကို တွင်တွင် ကျယ်ကျယ် သုံးစွဲလာကြ သည်ကို တွေ့မြင်ရသည်။ အဲယားကွန်း ဖွင့်ထားသည့် ကားထဲမှ အပြင်သို့ ရုတ်တရက် အထွက်တွင် အပူလုံးရိုက်ပြီး မူးလဲသွားသည့် အဖြစ်မျိုး တွေ့ဖူးသည်။ အတွင်း အပူချိန် နှင့် ပြင်ပ အပူချိန် ကွာဟချက် များသည့် အတွက်ကြောင့် ဖြစ်သည်။အပူ အအေး အပြောင်းအလဲ တွင် ရုတ်တရက် မူးလဲတတ် သဖြင့် လူကြီးတွေဆိုလျှင် ဘေးကနေ စောင့်ပြီး တွဲဆင်းသင့်သည်။
.
လေအေးပေး စက် သော်လည်းကောင်း ပန်ကာဖြင့်သော်လည်းကောင်း အိပ်စက်သူ ၊ သုံးစွဲနေကြသူ များအတွက် ဗဟုသုတအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။

No comments:
Post a Comment