GTI ကျောင်းဆင်းများကို IVETA မှ တစ်နှစ်သင်တန်းထပ်မံပို့ချပြီး B.E ဘွဲ့ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
GTI ကျောင်းဆင်းများကို အမေရိကန်အခြေစိုက် International Vocational Education and Training Associations (IVETA) မှ တစ်နှစ်သင်တန်းထပ်မံပို့ချပြီး B.E ဘွဲ့ပေးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
IVETA မှာ အဖွဲ့ဝင်နိုင်ငံ တစ်ရာကျော် ရှိပြီး သက်မွေးပညာ ကျောင်းဆင်းတွေ ကို အရည်အသွေး မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သလို တရားဝင်ကျောင်းများ တွဲဖက် ဖွင့်ခွင့်ရပြီဆိုပါက GTI သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူတွေကို တစ်နှစ်သင်တန်းထပ်ပေး၍ Master Degree တစ်ခုခု ထပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ IVETA အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျ နိုင်ငံတစ်ခုခုထဲမှ အင်ဂျင်နီယာတက္ကသိုလ် တစ်ခုခုနဲ့ ချိတ်ဆက်ပြီး တစ်နှစ်သင်တန်း ထပ်မံပို့ချပြီး B.E ဘွဲ့ပေးရန် ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။
GTI ကျောင်းသား/သူတွေ အနေနဲ့ IVETA ကို ဝင်ခွင့်ရပါက နိုင်ငံခြားတက္ကသိုလ်များကို ကိုယ်စားပြုပြီး ကျောင်းဖွင့်မှာဖြစ်ပြီး နိုင်ငံခြားမှာဘွဲ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ နိုင်ငံခြားနဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေမှာ ဘွဲ့ရရှိပါက ၎င်းနဲ့ သက်ဆိုင်တဲ့ နိုင်ငံများတွင်ပါ အလုပ်အကိုင်ရရှိနိုင်ရန် စီစဉ်နေကြောင်းသိရပါတယ်။
-ဝေဝေ
No comments:
Post a Comment