Friday, May 1, 2020

၂၀၂၀ပြည့်နှစ်အာဆီယံဆု(ASEAN Prize 2020)လျှောက်ထားနိုင်ကြောင်းသတင်းကောင်းပါးခြင်း






၂၀၂၀ပြည့်နှစ်အာဆီယံဆု(ASEAN Prize 2020)လျှောက်ထားနိုင်ကြောင်းသတင်းကောင်းပါးခြင်း


(၃၇)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်ပေးအပ်ချီးမြှင့်မည့်၂၀၂၀ပြည့်နှစ်အာဆီယံဆု(ASEAN Prize 2020)နှင့်စပ်လျဉ်း၍သတ်မှတ်ချက်များနှဲ့ကိုက်ညီသည့်လူပုဂ္ဂိုလ်များ/အဖွဲ့အစည်းများမှလျှောက်ထားနိုင်ကြောင်း၊ဆုရရှိသူအားအာဆီယံဆုဖလားနှင့်အမေရိကန်ဒေါ်လာ၂၀,၀၀၀ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊အဆိုပြုလျှောက်ထားလိုပါကအသေးစိတ်အချက်အလက်များကိုအာဆီယံအတွင်းရေးမှူးခသေးစိတ်အချက်အလက်များကိုအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏အင်တာနက်စာမျက်နှာhttps://ASEAN.org/asean-prize-1/တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
အဆိုပါအာဆီယံဆုသည်အောက်ဖော်ပြပါသတ်မှတ်ထားသည့်နယ်ပယ်များတွင်မြှင့်တင်ပေးနိုင်သည့်လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ဆောင်ရွက်မှုများနှင့်အောင်မြင်မှုများကိုအသိအမှတ်ပြုသည့်အနေဖြင့်ပေးအပ်ချီးမြှင့်မည့်ဆုဖြစ်ပါသည်-
(၁)အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားပူး
ပေါင်းဆောင်ရွက်မှုများ
(၂)အာဆီယံနှင့်ကမ္ဘာတစ်ဝန်းအကြားပူး
ပေါင်းဆောင်ရွက်မှုများ
(၃)အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားပြည်
သူအချင်းချင်းထိတွေ့ဆက်ဆံမှုများ
(၄)အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားစံနှုန်း
များမြှင့်တင်ရေးနှင့်စီးပွားရေးပူးပေါင်း
ဆောင်ရွက်မှုများ
(၅)အာဆီယံအသိုက်အဝန်းတည်ထောင်
ရေးအတွက်သိသာထင်ရှားသည့်ဆောင်
ရွက်မှုများ
MSMEလုပ်ငန်းရှင်များအနေဖြင့်အဆိုပြုလွှာများကိုစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊မူဝါဒနှင့်ပြည်ပရေးရာဌာန၊Email-smepolicydepartment@gmail.comသို့(၁၅.၆.၂၀၂၀)ရက်နေ့နောက်ဆုံးထား၍ပေးပို့ပါရန်အသိပေးအပ်ပါသည်။
ASEAN Prize 2020 calls for nominationsနှင့်ပတ်သက်၍အောက်ဖော်ပြပါအချက်အလက်များအားလေ့လာနိုင်ပါသည်။

#Ref: Yangon , MSMEs Development , DISI , MOPFI

No comments:

Post a Comment