Friday, May 1, 2020

လေဖိအားနည်းရပ်ဝန်းမှ မုန်းတိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြန်မာ့ကမ်းရိုးတန်း သို့ ဦးတည်ရွေ့လျားနိုင်ခြေရှိ



လေဖိအားနည်းရပ်ဝန်းမှ မုန်းတိုင်းငယ်အဖြစ်သို့ရောက်ရှိကာ မြန်မာ့ကမ်းရိုးတန်း သို့ ဦးတည်ရွေ့လျားနိုင်ခြေရှိ

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၉၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ မြောက်-အနောက်မြောက်ဘက်ကို တဖြည်းဖြည်းရွေ့လျား၍ လမ်းကြောင်းပြောင်းပါက မြန်မာ့ကမ်းရိုးတန်းဘက်သို့ ရွေ့ရန် ရာခိုင်နှုန်းရှိကြောင်း မိုးလေဝ သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မေ ၁ ရက်တွင် ဆင်ဟွာကို ပြောသည်။
ဦးလှထွန်းက “မုန်တိုင်းက နောက် ၃ ရက် လောက်မှာမှဖြစ်မှာပါ။ လေဖိအားနည်းရပ်ဝန်းက အီကွေတာနဲ့ နီးတဲ့ အတွက် မုန်တိုင်းဖြစ်ဖို့ အရှိန်ယူရဦးမယ်။ မုန်တိုင်းငယ် ဖြစ်ဖို့ အီကွေတာနဲ့ ၁၅ ဒီဂရီ ကွာ အောင် သွားဖို့ လိုပါတယ်။ အခုက ၅ ဒီဂရီ လောက်အကွာအဝေးမှာပဲ ရှိသေးတယ်။ နောက် ထပ် ၁၀ ဒီဂရီ မိုင် ၆၀၀ လောက်သွားဖို့ ရှိသေးတယ်။ ပြီးမှ မုန်တိုင်း ဖြစ်မှာ။’’ ဟုပြောသည်။
မုန်တိုင်းငယ်ဖြစ်ပါက မြောက်- အနောက်-မြောက် သို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း၊ မုန်းတိုင်းဖြစ်သည့် အချိန်တွင်မှ အခြေအနေ ပေါ်မူတည်၍ ဆိုက်ကလုန်းမုန်တိုင်းဖြစ်မဖြစ် နှင့်မုန်တိုင်း လမ်းကြောင်း အားတိကျစွာခန့်မှန်းနိုင်မည် ဖြစ်ကြောင်း ဆိုသည်။
မုန်တိုင်းဖြစ်ပါက မုန်တိုင်း ၏ လမ်းကြောင်း နှင့် ပတ်သက် ၍ မိုးဇလ အနေဖြင့် စဉ်ဆက်မပြတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ကောလဟာလများကို မယုံကြည်ကြရန် နှင့် မုန်တိုင်း သတင်းနှင့် ပတ်သက်၍ သိရှိလိုပါ က မိုးဇလ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ (Xinhua)
ပုံစာ- လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

(Zawgyi Version)
ေလဖိအားနည္းရပ္ဝန္းမွ မုန္းတိုင္းငယ္အျဖစ္သို႔ေရာက္ရွိကာ ျမန္မာ့ကမ္း႐ိုးတန္း သို႔ ဦးတည္ေ႐ြ႕လ်ားႏိုင္ေျခရွိ
ရန္ကုန္၊ ေမ ၁ ရက္ (ဆင္ဟြာ)
ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚေနေၾကာင္း၊ အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ေနာက္ ၉၆ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိကာ ေျမာက္-အေနာက္ေျမာက္ဘက္ကို တျဖည္းျဖည္းေ႐ြ႕လ်ား၍ လမ္းေၾကာင္းေျပာင္းပါက ျမန္မာ့ကမ္း႐ိုးတန္းဘက္သို႔ ေ႐ြ႕ရန္ ရာခိုင္ႏႈန္းရွိေၾကာင္း မိုးေလဝ သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ဦးလွထြန္းက ေမ ၁ ရက္တြင္ ဆင္ဟြာကို ေျပာသည္။
ဦးလွထြန္းက “မုန္တိုင္းက ေနာက္ ၃ ရက္ ေလာက္မွာမွျဖစ္မွာပါ။ ေလဖိအားနည္းရပ္ဝန္းက အီေကြတာနဲ႔ နီးတဲ့ အတြက္ မုန္တိုင္းျဖစ္ဖို႔ အရွိန္ယူရဦးမယ္။ မုန္တိုင္းငယ္ ျဖစ္ဖို႔ အီေကြတာနဲ႔ ၁၅ ဒီဂရီ ကြာ ေအာင္ သြားဖို႔ လိုပါတယ္။ အခုက ၅ ဒီဂရီ ေလာက္အကြာအေဝးမွာပဲ ရွိေသးတယ္။ ေနာက္ ထပ္ ၁၀ ဒီဂရီ မိုင္ ၆၀၀ ေလာက္သြားဖို႔ ရွိေသးတယ္။ ၿပီးမွ မုန္တိုင္း ျဖစ္မွာ။’’ ဟုေျပာသည္။
မုန္တိုင္းငယ္ျဖစ္ပါက ေျမာက္- အေနာက္-ေျမာက္ သို႔ ဦးတည္ေ႐ြ႕လ်ားမည္ဟု ခန႔္မွန္းရေၾကာင္း၊ မုန္းတိုင္းျဖစ္သည့္ အခ်ိန္တြင္မွ အေျခအေန ေပၚမူတည္၍ ဆိုက္ကလုန္းမုန္တိုင္းျဖစ္မျဖစ္ ႏွင့္မုန္တိုင္း လမ္းေၾကာင္း အားတိက်စြာခန႔္မွန္းႏိုင္မည္ ျဖစ္ေၾကာင္း ဆိုသည္။
မုန္တိုင္းျဖစ္ပါက မုန္တိုင္း ၏ လမ္းေၾကာင္း ႏွင့္ ပတ္သက္ ၍ မိုးဇလ အေနျဖင့္ စဥ္ဆက္မျပတ္ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ား အေနျဖင့္ ေကာလဟာလမ်ားကို မယုံၾကည္ၾကရန္ ႏွင့္ မုန္တိုင္း သတင္းႏွင့္ ပတ္သက္၍ သိရွိလိုပါ က မိုးဇလ သို႔ ဆက္သြယ္ ေမးျမန္းႏိုင္ေၾကာင္း သိရသည္။ (Xinhua)
ပုံစာ- ေလဖိအားနည္း ရပ္ဝန္းျဖစ္ေပၚမႈျပေျမပုံအားေတြ႕ရစဥ္ (ဓာတ္ပုံ--မိုးဇလ)

No comments:

Post a Comment