မြန်မာပြည်ရဲ့ International Banking အကြောင်း
ဟိုးအရင်က နိုင်ငံခြားငွေစာရင်းဆိုတာ နိုင်ငံပိုင်ဘဏ် ကြီးတွေဘဲ လုပ်ခွင့်ရတယ်။
အခုလို ပုဂ္ဂလိက ဘဏ်တွေမှာ International Banking မရသေးပါ။
အခုလို ပုဂ္ဂလိက ဘဏ်တွေမှာ International Banking မရသေးပါ။
ကုန်သွယ်ရေးပေါ်လစီကလည်း လိုင်စင်လျောက်မယ်ဆိုရင် နိုင်ငံခြားငွေ bank account ထဲငွေထည့် လိုင်စင်လျောက် ပစ္စည်းရောက်မှ Letter of Credit (LC)လွှတ်တဲ့ခေတ်၊Telegraphic Transfer (TT)လွှတ်လို့မရသေးတဲ့ခေတ်ပေါ့။ Import/export အတွက် ၂ ရင်းလိုတဲ့ခေတ်ပေါ့။
ကျနော်တို့ ကုမ္မဏီ မှာက ဘဏ်မှာ File Run ဖို့ဘဏ်ဝန်ထမ်းသီးခြားခန့်ထားရတယ်။
သူကမနက်ဆို ရုံးလာစရာမလိုပါ။ သက်ဆိုင်ရာဘဏ်ကိုတန်းသွား import/ export အတွက် File run ပေးရတယ်။ လုပ်ငန်းအဆင်ပြေစေဖို့ RK ပေး( ရေ) လောင်းပေးရတယ်။ File တွေလက်မှတ်ထိုးဖို့ တစ်စားပွဲ တစ်စားပွဲ မပြီးရွေ့ပေးရတယ်။

ညနေဘဏ်ပိတ်ချိန် ၃:၃၀ -၄:၀၀ လောက်မှ ကုမ္မဏီရုံးကိုလာရတယ်။ ရေလောင်းပေးရတဲ့ စာရင်းကို cash department မှာရှင်းရတယ်။ နောက်နေ့အတွက် logistic department and finance ကပြင်ပေးတဲ့ case အသစ် File တွေယူ၊ ဒီနေ့ File run တဲ့ ဟာတွေပေး၊ swift copy ရှိရင်အပ် စတာတွေလုပ်ရတယ်။
ငွေတစ်ခါထွက်ဖို့ ၃ ရက်မှ ၇ ရက်လောက်ကြာတတ်တယ်။ amount များရင် Director ကိုယ်တိုင် GM အခန်းကို လက်ဆောင်နဲ့ဝင်ရတယ်။ မေတ္တာရပ်ခံရတယ်။
၂၀၁၀-၁၁ခုနှစ်မှာ ကားတွေ Import လုပ်ရတော့ အလုပ်များတာနဲ့ ဝန်ထမ်းအသစ်ထပ်ခန့်ရတာပေါ့။ မိန်းကလေးတစ်ယောက် ထပ်ခန့်တယ်။ ပထမဆုံးအလုပ်ဆင်းခိုင်းတဲ့ရက်မှာဘဲ ညနေကြတော့ ရုံးရောက်တော့ ငိုပြီးအလုပ်ထွက်တော့မယ်ဆိုပြီးပြောတယ်။
ဘာလို့လဲမေးတော့ သူကတနေကုန် မတ်တပ် မတ်တပ်နဲ့ ထိုင်စရာလဲမရှိဘူး။ ထိုင်ရင်လဲလှေခါးထစ်မှာထိုင်ရတယ်။ lunch ထမင်းလဲမစါးရဘူး။ RK ပေးတော့ ယူတဲ့သူက သူ့ကိုဆူတယ်။ CCTV တွေရှိနေတယ်။ မရိုက်မိအောင်ပေးရမယ်ဆိုပြီးတော့ ဟောက်တယ်။ ပေးလည်း ပေးရတယ် ဟောက်လည်းခံရတယ်။ စိတ်ကောလူကော ပင်ပန်းတယ်။အလုပ်ထွက်တော့မယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။

International Banking ကို ဒီလိုခက်ခက်ခဲခဲ လုပ်ထားတော့ လူတိုင်းမလုပ်နိုင်ဘူး။ အရင်းအနှီးကော ကျွမ်းကျင်မှုကောလိုတယ်။ လုပ်နိုင်တဲ့သူ အဆင်ပိုပြေ အလုပ်ဖြစ်ပါ တယ်။
ဒါပေမဲ့လည်း တိုင်းပြည်အတွက်တော့ မကောင်းပါ။ Ease of doing bisiness မဖြစ်ဘူးပေါ့။
( မှတ်ချက်- အခုတော့ အဆိုပါဘဏ်တွေမှာရေမလောင်းရတော့ပါ)
ဒါပေမဲ့လည်း တိုင်းပြည်အတွက်တော့ မကောင်းပါ။ Ease of doing bisiness မဖြစ်ဘူးပေါ့။
( မှတ်ချက်- အခုတော့ အဆိုပါဘဏ်တွေမှာရေမလောင်းရတော့ပါ)
ဒါကြောင့် ကျနော်က တွေ့ဆုံပွဲ ၊အစည်းအဝေးတွေမှာ မီဒီယာတွေမှာ ပုဂ္ဂလိကဘဏ်တွေကို International Banking ခွင့်ပြုပေးဖို့ ဆက်တိုက်တောင်းဆိုခဲ့ပါတယ်။
အစိုးရဘဏ်တစ်ခု MD တစ်ဦးက ကျနော့်နဲ့ ငယ်ငယ်ထဲက ညီအကိုလိုခင်တဲ့သူပါ။ ကျနော် မီဒီယာတွေမှာအော်ရင် သူက အထုခံရလို့ ကျနော့်ကိုစိတ်ဆိုးတယ်။ သူကလူရိုး လူဖြောင့်တစ်ဦးပါ။သူကဖုံးဆက်ပြီးကျနော့်ကိုပြောတယ်။
"ညီလေး ဘဏ်ကိစ္စခိုင်းစရာရှိရင် ကိုယ့်ဆီကိုဆက်ပါ။ ဆောင်ရွက်ပေးပါ့မယ်။ မီဒီယာတွေမှာ မပြောပါနဲ့"
ကျနော်က " အကိုကြီး ကျနော်က တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူး၊ စနစ်ကိုပြင်စေချင်တာပါ။ တိုင်းပြည်အတွက်ပါ။ အခုလို ဘဏ်တွေမှာ ခက်ခဲနေတာ ကျနော့်အတွက်ပိုကောင်းတယ်။ငွေရလွယ်တယ်။ဒေါ်လာစိုက်ပြီး လိုင်စင်လျောက်ပေး စက်ာပူကို LC လွှတ်ပေးရင် Import/ Export trade financing လုပ်ပေးရင် service charges တောင်းသလောက်ရနေတယ်"
" အကိုကြီးလဲ MD ဘဝက အလွန်ဆုံး ၄-၅ နှစ်ပေါ့၊ ၆၀ ပြည့်ရင်နားပြီ၊ ကျနော်လည်း အသက်ရှိရင်ခဏပေါ့ ကျနော့်အတွက်/အကိုကြီးအတွက်မဟုတ်ဘူး မြန်မာပြည်ကနောက်လာနောင်သားတွေအတွက် System ကို ပြင်စေချင်တာပါ" " ဝန်ထမ်းတွေကို အရေးယူတာ solution မဟုတ်ပါ" လို့ဖြေခဲ့ပါတယ်။

နောက်ပိုင်း တော့ အစိုးရ Private Bank တွေကို နိုင်ငံခြားငွေ Service လုပ်ခွင့်ပေးတော့ ကျနော်လည်း Service charges မရတော့ဘူးပေါ့။
ဒါနဲ့မပြီးသေးဘူး နိုင်ငံခြားဘဏ်တွေ မြန်မာပြည်မှာ လုပ်ခွင့်ပြုဖို့ဆက်တောင်းဆိုရော ဦးအောင်သောင်းခေါင်းဆောင်တဲ့ လွှတ်တော် ဘဏ်နာရေးနှင့်ငွေကြေးကော်မတီ၊ CBM ဒုဥက္ကဌ၊ ဒုဝန်ကြီးတွေနဲ့ UMFCCI မှာ အစည်းအဝေးလုပ်တော့ ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ပါတယ်။
သူက " Foreign Bank တွေခွင့်ပြုလိုက်ရင် ပြည်းတွင်းဘဏ်တွေကိုထိခိုက်နိုင်တယ်။ဒါ ကြောင့် ခွင့်မပြုသင့်သေးပါ" လို့ပြောခဲ့ပါတယ်။
ကျနော်က " Foreign bank တွေမြန်မာပြည်လာရင် ပြည်သူတွေအဆင်ပြေနိုင်တယ်။ ခွင့်ပြုပေးပါ။လူဦးရေ သန်း၅၀ ကျော် မျက်နှာ ကို ကြည့်မှာလား။ ပြည်တွင်းဘဏ် ၁၇ ခုမျက်နှာကိုကြည့်မှာလား" ဆိုပြီးပြောခဲ့တယ်။
သမ္မတကြီးနဲ့ တွေ့ခွင့်ရလဲပြော။ မီဒီယာတွေမှာပြော၊ ဆောင်းပါးတွေရေး နဲ့ပေါ့။
သမ္မတကြီးနဲ့ တွေ့ခွင့်ရလဲပြော။ မီဒီယာတွေမှာပြော၊ ဆောင်းပါးတွေရေး နဲ့ပေါ့။
နောက်တော့ အစိုးရကနိုင်ငံခြားဘဏ်တွေ ပြည်တွင်းမှာ ခွင့်ပြုလိုက်ပါတယ်။
အရင်ပြည်တွင်းဘဏ်တွေဘဲရှိတုန်းကတော့ ၁၂ နာရီကျော်ရင် ငွေစျေးလေးမေး ဖုံးလေးဆက် ဘာလုပ်ညာလုပ် စားခွင်လေးရှိသေးတယ်။ ပြည်တွင်းဘဏ်တွေဆိုတော့ ဥာဏ်ချင်းကသိပ်မှ မကွာတာ။
အခု Foreign Bank တွေလဲခွင့်ပြုလိုက်တော့ ၁၂ နာရီကျော်လည်း ဖုံးလေးဖွင့် FB ပွတ်နေရတော့တာပါဘဲ။ လုပ်စရာက ပါးတော့။ ငွေစျေး အတက်အကျတွေလဲ သိပ်ရင်မခုန်ရတော့ပါ။
ကျနော် အကိုကြီးတစ်ယောက်ရှိတယ်။ဒေါ်လာစျေးကိုစိတ်ဝင်စားသူတစ်ဦးပေါ့။ သူက စိတ်ရင်းကောင်းတယ် ကူညီတတ်တယ်၊စကားပြောရရင် တဲ့ဒိုးပြောတတ်တယ်။
သူက ကျနော်ကိုမေးတယ် " ဒေါက်တာကြီး ဘာလုပ်နေလဲ၊ အခြေအနေဘယ်လိုရှိလဲ"
" ထိုင်နေတာပေါ့ အကိုကြီးရာ ရောင်းရေးဝယ်တာကလဲ အေးနေတာကို" ဆိုတော့သူက
" ဒေါက်တာကြီးဘဲ Foreign Bank တွေဝင်လာရင်အလုပ်တွေကောင်းမယ်ဆို၊ အခုတော့ သူတို့ ဝင်လာတော့ _ င်ချခံနေပြီမလား"တဲ့။
" ဒေါက်တာကြီးဘဲ Foreign Bank တွေဝင်လာရင်အလုပ်တွေကောင်းမယ်ဆို၊ အခုတော့ သူတို့ ဝင်လာတော့ _ င်ချခံနေပြီမလား"တဲ့။
" အကိုကြီးအဲဒီလိုပြောလဲ ကျနော်ခံရမှာဘဲ ဗျာ" ကိုယ်ကတောင်းဆိုမိခဲ့တာကို။
ကောင်းတော့ ကောင်းတယ် မျက်စေ့စပ်တယ် ဆိုတဲ့ဘဝပါ။
ကောင်းတော့ ကောင်းတယ် မျက်စေ့စပ်တယ် ဆိုတဲ့ဘဝပါ။
" Change" ဆိုတဲ့ပြောင်းလဲချင်းကိုလိုလားသူတစ်ဦး
#Ref :
Soe Tun
No comments:
Post a Comment