မုန်တိုင်းဝင်ရောက်နိုင်ခြေရှိ၍ သောက်သုံးရေကြိုတင်စုရန် စည်ပင်သတိပေး
မုန်တိုင်းဝင်ရောက်နိုင်ခြေရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများသည် သောက်သုံးရေကြိုတင်စုဆောင်ထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့က ယနေ့ (ဧပြီလ ၃၀) နေ့တွင် အသိပေးချက် ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျရောက်ကာ သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက်နိုင်ကာ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် လျှပ်စစ်မီးအသုံးပြုမောင်းနှင်ရသည့် ရေတွန်းစက်များ မလည်ပတ်နိုင်ပါက ရေးပေးဝေမှုပါပြတ်တောက်နိုင်သောကြောင့် သောက်ရေကြိုတင်စုဆောင်းထားရန် စည်ပင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လျှပ်စစ်ဓာတ်အားကိုအသုံးပြုကာ ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ်ရေလှောင်ကန်နှင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ၊ လဂွန်းပြင်ရေသန့်စင်စက်ရုံနှင့် အဝီစိတွင်းများမှရေကို အများပြည်သူသို့ ရေဖြန့်ဝေပေးလျှက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု့ဦးစီးဌာနက ဧပြီလကုန်နှင့် မေလဆန်းရက်များတွင် မုန်တိုင်းဝင်ရောက် တိုက်ခတ်နိုင်ခြေရှိကြောင်း အသိပေးချက် ထုတ်ပြန်ထားသည်။ ပုံ- YCDC
ကြေညာချက်
#Zawgyi
မုန္တိုင္းဝင္ေရာက္ႏိုင္ေျခရွိ၍ ေသာက္သုံးေရႀကိဳတင္စုရန္ စည္ပင္သတိေပး
မုန္တိုင္းဝင္ေရာက္ႏိုင္ေျခရွိသည္ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ခန္႔မွန္းထားေသာေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေနထိုင္သူမ်ားသည္ ေသာက္သုံးေရႀကိဳတင္စုေဆာင္ထားရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ေရရရွိေရးႏွင့္ ေရေပးေဝေရးလုပ္ငန္း တာဝန္ခံအဖြဲ႕က ယေန႔ (ဧၿပီလ ၃၀) ေန႔တြင္ အသိေပးခ်က္ ထုတ္ျပန္သည္။
မုန္တိုင္းေၾကာင့္ မိုးသက္ေလျပင္းက်ေရာက္ကာ သစ္ပင္၊ သစ္ကိုင္းမ်ား က်ိဳးက်ျခင္းေၾကာင့္ လွ်ပ္စစ္ဓာတ္အား ပ်က္ေတာက္ႏိုင္ကာ ေနာက္ဆက္တြဲ အက်ိဳးဆက္အေနျဖင့္ လွ်ပ္စစ္မီးအသုံးျပဳေမာင္းႏွင္ရသည့္ ေရတြန္းစက္မ်ား မလည္ပတ္ႏိုင္ပါက ေရးေပးေဝမႈပါျပတ္ေတာက္ႏိုင္ေသာေၾကာင့္ ေသာက္ေရႀကိဳတင္စုေဆာင္းထားရန္ စည္ပင္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လွ်ပ္စစ္ဓာတ္အားကိုအသုံးျပဳကာ ဂ်ိဳးျဖဴ၊ ေလွာ္ကား၊ ဖူးႀကီး၊ ငမိုးရိပ္ေရေလွာင္ကန္ႏွင့္ ငမိုးရိပ္ေရသန္႔စင္စက္႐ုံ၊ လဂြန္းျပင္ေရသန္႔စင္စက္႐ုံႏွင့္ အဝီစိတြင္းမ်ားမွေရကို အမ်ားျပည္သူသို႔ ေရျဖန္႔ေဝေပးလွ်က္ရွိသည္။
မိုးေလဝသႏွင့္ ဇလေဗဒ ၫြန္ၾကားမႈ႕ဦးစီးဌာနက ဧၿပီလကုန္ႏွင့္ ေမလဆန္းရက္မ်ားတြင္ မုန္တိုင္းဝင္ေရာက္ တိုက္ခတ္ႏိုင္ေျခရွိေၾကာင္း အသိေပးခ်က္ ထုတ္ျပန္ထားသည္။
ပုံ- YCDC ေၾကညာခ်က္
ရန္ကုန္၊ ဧၿပီ ၃၀
No comments:
Post a Comment