အသက်ရှူစက်က မူလဈေးနဲ့ သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့ ကျနော့်ကို discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခု ငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရပါတယ်။
#Ref: The Ladies News
#Ref: The Ladies News
စိုင်းစိုင်းခမ်းလှိုင်နှင့် သူ၏ပရိသတ်များမှ သိန်း ၂၂၀ တန်ဖိုးရှိ အသက်ရှူစက်တစ်လုံး လှူဒါန်း
စိုင်းစိုင်းခမ်းလှိုင်နှင့် သူ၏ပရိသတ်များမှ သိန်း ၂၂၀ တန်ဖိုးရှိ အသက်ရှူစက်တစ်လုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ မေလ ၅ ရက် (ယနေ့) နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ စိုင်းစိုင်းခမ်းလှိုင်က ၄င်းက လူမှုကွန်ယက်တွင် -
"ဒီနေ့မနက် ရန်ကုန်တိုင်းအစိုးရကို Birthday Show အလှူငွေထဲက အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ် ဒီ အသက်ရှူစက်ကို ဖောင်ကြီး ဆေးရုံမှာ ထားရှိမှာဖြစ်ပါတယ်။
အသက်ရှူစက်က မူလစျေးနဲ့ သိန်း ၂၂၀ တန်ဖိုးကျသင့်မှာဖြစ်ပေမဲ့ ကျနော့်ကို discount ပေးတာရယ် exchange rate ပြောင်းတာရယ်နဲ့ အခု ငွေရှင်းတဲ့အချိန်မှာ ၁၉၇၄၀၀၀၀ ကျပ်ပဲ ပေးချေခဲ့ရပါတယ်။
ဒါကြောင့်ကျနော့်ဆီမှာ အလှူငွေ ၅၃၉၈၆၀ ကျပ်နဲ့ US$ 3000 ကျန်ရှိနေပါသေးတယ်။ နောက်တစ်ခေါက် ထပ်မံလှူဒါန်းပါမယ်ခင်ဗျ။ ဒီအလှူက ကျနော့်ပရိသတ်များ မိတ်ဆွေလုပ်ငန်းရှင်များ Birthday Show မှာ ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ် ဒီနေ့အထိလှူဒါန်းပြီး စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိဖြစ်ပါတယ်။
ဒီနေ့ ကျနော်နဲ့အတူ ဦးဇော်မင်း ( မင်္ဂလာရုပ်ရှင်ရုံ ) မှလည်း ကျပ်သိန်း ၁၀၀ တိတိထပ်မံ လှူဒါန်းခဲ့ပါတယ် ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား" ဟု ရေးသားထားသည်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား" ဟု ရေးသားထားသည်။
Credit - Sai Sai Kham Leng FB
#Ref: The Ladies News
#Ref: The Ladies News
No comments:
Post a Comment