မေလအကုန်ခန့်တွင် ချေးငွေအတော်များများထုတ်ပေးနိုင်မည်ဟု ကုန်သည်/စက်မှုအသင်းချုပ် မျှော်မှန်း
📊📊📊📊
ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းချက်
ရန်ကုန် မေ ၁၃
▪️ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ချေးငွေ လျှောက်လွှာများ စိစစ်မှုအပိုင်းကို အဓိကထားလုပ်ဆောင်နေပြီး မေလအကုန်ခန့်တွင် ချေးငွေအတော်များများ ထုတ်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကုန်သည်/စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း က ပြောသည်။
▪️“လက်ရှိက ချေးငွေလျှောက်လွှာ ပေါင်း ၄၂၀၀ ကျော်ရှိတဲ့အတွက် စိစစ်တဲ့အပိုင်းကလည်း တော်တော် လေးကို စိစစ်ရတဲ့အပိုင်းရှိပါတယ်။ မတူညီတဲ့ လုပ်ငန်းအမျိုးအစားတွေ၊ လုပ်ငန်း အရွယ်အစားကလည်း အကြီး၊ အသေး၊ အလတ်ဆိုပြီး အတော်လေးစုံပါတယ်။ ဒီထဲကနေ ပြီးတော့ ကျွန်တော်တို့ အဆင့်ဆင့် စိစစ်ရတဲ့အခါကျတော့ အချိန်တော့ တော်တော်ယူရပါတယ်။ ဒီလကုန် လောက်ကိုတော့ နောက်ဆုံးထားပြီး အတော်များများကို ချေးငွေထုတ်ပေး သွားနိုင်လိမ့်မယ်လို့ မှန်းထားပါ တယ်” ဟု ၎င်းက ပြောသည်။
▪️လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရက ထောက်ပံ့သည့် ချေးငွေရရှိ နိုင်ရေးအတွက် ကုန်သည် / စက်မှု အသင်းချုပ်တွင် မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ချေးငွေလျှောက်လွှာ များ လက်ခံပေးခဲ့ကြောင်း သိရသည်။ ကုန်သည် / စက်မှုအသင်းချုပ်၌ ဧပြီ ၉ ရက် စာရင်းပိတ်ချိန်တွင် အသင်း ချုပ်၌ လျှောက်ထားသော လျှောက် လွှာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အသင်းရုံးများတွင် လျှောက်ထားသော လျှောက်လွှာများ၊ Online မှ လက်ခံရရှိသော လျှောက် ထားမှုများဟူ၍ ချေးငွေလျှောက်လွှာ ပေါင်း ၄၂၅၈ စောင် လက်ခံရရှိခဲ့ သည်။
▪️ထိုသို့ လျှောက်ထားမှုများအနက် ချေးငွေရရှိပြီးသူများအနေဖြင့် ပထမ အသုတ်တွင် ၈၅ ဦး၊ ဒုတိယအသုတ် တွင် ၁၁၃ ဦးနှင့် တတိယအသုတ်တွင် ၁၁၁ ဦးအပါအဝင် စုစုပေါင်း ၃၀၀ ကျော်ကို တန်ဖိုးအားဖြင့် စုစုပေါင်း မြန်မာငွေ ကျပ် ၁၃ ဘီလီယံခန့် ချေးငွေထုတ်ပေးပြီးဖြစ်ကြောင်း သိရ သည်။ ယင်းချေးငွေများကို ချေးငွေ လျှောက်ထားသူ၏ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်များနှင့် စာချုပ် ချုပ်ဆို၍ ထုတ်ယူခွင့်ပြုပေးလျက်ရှိ သည်။
▪️လျှောက်ထားသည့်ချေးငွေ မရ ရှိသေးသူများအတွက် အသင်းချုပ် တွင် သတင်းအချက်အလက် ကောင်တာတစ်ခု ဖွင့်လှစ်ပေးထား ပြီး ယင်းကောင်တာတွင် လာရောက် စုံစမ်းနိုင်ကာ ရက်ပိုင်းအတွင်း အကြောင်း ပြန်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ အကြောင်း ပြန်ကြားရာတွင် ကုန်သည် / စက်မှု အသင်းချုပ်နှင့် သက်ဆိုင်သော အကြောင်းအရာများကိုသာ ပြန်ကြား ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေလျှောက်ထားမှု နယ်လျှောက် လွှာအချို့မှာ သင်္ကြန်ရုံးပိတ်ရက် ကာလအလွန်ဖြစ်သော ၂၀ ရက် နောက်ပိုင်းမှသာ ရောက်ရှိလာခဲ့သည့် အတွက် အနည်းငယ်နောက်ကျကျန် ရှိမှုများ ရှိကြောင်း သိရသည်။
ချေးငွေများ ထုတ်ချေးရာတွင် အထည်ချုပ်နှင့် CMP လုပ်ငန်းများကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဒုတိယဦးစားပေးအဖြစ် လည်း ကောင်း၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို တတိယ ဦးစားပေးအဖြစ် လည်းကောင်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။ ချေးငွေထုတ်ပေးခြင်းမှာ စီးပွား ရေးလုပ်ငန်းများ ဆက်လက်လည်ပတ် နိုင်ရေး၊ လုပ်ငန်းများ ဆက်လက် ရှင်သန်ရေးနှင့် ဝန်ထမ်းများ လစာပေး နိုင်ရေးအတွက် ထုတ်ပေးခြင်းဖြစ် သည်။

▪️ချေးငွေများကို သက်ဆိုင်ရာ လုပ်ငန်းများအတွက် ဝန်ထမ်းလစာ သုံးလစာခန့် ပေးနိုင်မည့် ပမာဏခန့် ကို အနည်းဆုံးထုတ်ချေးလျက်ပြီး ယခုတစ်ခေါက် ချေးငွေလျှောက်ထား မှုကို မမီလိုက်သူများအတွက် ထပ်မံ ၍ အခွင့်အလမ်းများ ပေါ်ပေါက်လာ နိုင်သည်ဟု ခန့်မှန်းထားသည်။
ကိုဗစ်-၁၉ အကျိုးဆက်ကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်း များ ကုစားရေးအတွက် ချေးငွေရရှိရေး ဆိုင်ရာ ကိစ္စရပ်များကို မတ် ၂၈ ရက် က ဗီဒီယိုဆွေးနွေးပွဲကျင်းပခဲ့ရာ ကုန်သည်/စက်မှုအသင်းချုပ်အနေ ဖြင့် ပုဂ္ဂလိကကဏ္ဍအား ဦးဆောင်၍ နိုင်ငံတော်အစိုးရနှင့်အတူ ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံအား လုပ်ငန်းကဏ္ဍ အလိုက် အမှန်တကယ်လိုအပ်ပြီး ရသင့်ရထိုက်သော လုပ်ငန်းများမှ ချေးငွေများရရှိနိုင်ရေး၊ သတ်မှတ်ချက် နှင့် ကိုက်ညီသော လုပ်ငန်းများကို ချေးငွေထုတ်ပေးနိုင်ရေး၊ သတ်မှတ် ကာလအတွင်း ချေးငွေပြန်လည်ပေး ဆပ်နိုင်ရေးတို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် လိုအပ်သည် များကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ ကုန်သည် / စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပြည်နယ်/ တိုင်းဒေသကြီးဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရချေးငွေ ဘီလီယံ(၁၀၀) အား စိစစ်ဆောင်ရွက်ပေးနေမှုကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းမှ O Media နှင့် တွေ့ဆုံဖြေကြားချက်
🔷🔷🔷🔷🔷
မေ(၁၄)ရက်၊ ၂၀၂၀။
◾️ကိုဗစ်ဂယက်ကြောင့် အစိုးရကချေးပေးတဲ့ ကျပ်ဘီလီယံ(၁၀၀)နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဦးဇော်ဌေးက ဘယ်လိုစိစစ်ခဲ့သလဲဆိုတာကို မေလဆန်းပိုင်းတုန်းက သတင်းသမားတွေကို ရှင်းလင်းခဲ့ပါတယ်။
ဒါကြောင့် O Media က ချေးငွေဘီလီယံ(၁၀၀)နဲ့ပတ်သက်ပြီး နောက်ဆုံးဘယ်လိုအခြေအနေရှိနေသလဲ၊
ဘယ်လောက်ထိထုတ်ချေးခွင့်ပြုထားသလဲဆိုတာတွေကို စိစစ်တဲ့အဖွဲ့မှာပါတဲ့ ကုန်သည်စင်မှုအသင်းချုပ်( UMFCCI)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းကို သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

◾️မေး။ ။ အခုချေးငွေထုတ်ချေးတဲ့ အသုတ်(၃)ခုထဲမှာ ချေးငွေပမာဏကြောင့် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ချေးငွေမယူဘဲ ပြန်ပေးတာတွေလည်းရှိခဲ့တာကြောင့် တစ်ချက်လောက်ရှင်းပြပေးပါဦး။
◾️ဦးအေးဝင်း။ ။ မယူတော့ဘူး ကွန်ပလိန်းတက်တာ အများဆုံး(၃)ဦးပဲရှိတာပါ၊ အဲလူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနကိုလည်း တင်ပြထားတယ်၊ ဘယ်လိုစိစစ်ထားလဲ တင်ပြပေးထားတာရှိတယ်။ ချေးငွေ ပမာဏကလည်း UMFCCI ကလုပ်တာမဟုတ်ပါဘူး ကျွန်တော်တို့ အဓိကပါဝင်တာက လျှောက်လွှာစိစစ်တဲ့ အပိုင်းပါ။ စိစစ်တဲ့အပိုင်းမှာလည်း အစိုးရဘက်ကပါပါတယ်၊ DICA(ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) ပါတယ်၊ SME လုပ်ငန်းဆိုလည်း SME လည်းပါပါတယ်။ အသေးစိတ်စစ်ဆေးတာတွေလုပ်ပြီးမှ တင်ရတာ။ အတည်ပြုတာ အပေါ်ပိုင်းတွေက၊ ကျွန်တော်တို့ဘက်ကဏ္ဍကနည်းသွားပြီးဖြစ်ပါတယ်။
◾️မေး။ ။ ချေးငွေလျှောက်ထားတာတွေကို စိစစ်ဖို့ ဘယ်လောက်ကျန်သေးလဲ ခင်ဗျာ။
◾️ ဦးအေးဝင်း။ ။ အခု ချေးငွေလျှောက်လွှာ (၄၂၅၈)စောင်လက်ခံရရှိတယ် နေရာ(၃)နေရာကရတာပါ။ အသင်းချုပ်မှာလျှောက်တာ၊ တိုင်းနဲ့ပြည်နယ်ကလျှောက်တာ၊ အွန်လိုင်းကလျှောက်တာပါ။ အခုလျှောက်လွှာတင်တဲ့အထဲက ချေးငွေ တတိယအသုတ်ထိ လုပ်ငန်း(၃၀၀)ကျော်ကို ချေးငွေထုတ်ပြီးပြီ။ ဘီလီယံ ၁၃ ဘီလီယံလောက်ထုတ်ပြီးပါပြီ။ တိုင်းနဲ့ပြည်နယ်က မြန်မာစီးပွားရေးဘဏ်မှာ ထုတ်ကြတာပါ။ ကျန်တာတွေက လျှောက်လွှာ(၄၂၀၀)ကျော်ဆိုတော့ စိစစ်တာတော်တော်လေးကိုလုပ်ရတယ်။ မတူညီတဲ့လုပ်ငန်းအမျိုးစားတွေ၊ လုပ်ငန်းအရွယ်အစားကလည်း မတူဘူး၊ ဒီထဲက အဆင့်ဆင့်စိစစ်တာတွေ လုပ်ကတယ်။ ဒါပေမဲ့ ဒီ (မေလ) လကုန်နောက်ဆုံးထားပြီး တော်တော်များများကို ချေးငွေထုတ်ဖို့မှန်းထားတယ်။ စိစစ်မှုတွေကိုလည်း ဒီလကုန် နောက်ဆုံးထားပြီး လုပ်ဖို့မှန်းထားပါတယ်။
◾️မေး။ ။ ချေးငွေရတာတွေ ကြန့်ကြာနေတာ အထူးသဖြင့်နယ်ကလျှောက်ထားသူတွေအများစုက အခုထိချေးငွေမရကြသေးလို့ စိုးရိမ်မှုတွေရှိနေတယ်၊ နယ်က လျှောက်လွှာတွေကိုရောဘယ်လိုစိစစ်နေပါသလဲ။
◾️ဦးအေးဝင်း။ ။ ချေးငွေမကျသေးတာတွေက အသင်းချုပ်မှာ သတင်းအချက်လက်စုံစမ်းဖို့လုပ်ပေးထားတယ်။ ကိုယ်တင်ထားတဲ့လျှောက်လွှာစလစ်နဲ့ မေးမြန်းတာတွေ လုပ်လိုရပါတယ်။ တစ်ရက်နှစ်ရက်အတွင်း အကြောင်းပြန်ပေးမယ်။ ဒါပေမဲ့ UMFCCI နဲ့သက်ဆိုင်တဲ့ အဆင့်ကိုပဲပြောပြလိုရမယ်၊ ဘယ်အဆင့်ရောက်နေပြီး ပြောလိုရတယ်။ ငွေပမာဏက ကျွန်တော်တို့ပြောလို့မရဘူး၊ ကျွန်တော်တို့လုပ်ပိုင်ခွင့်လည်း မဟုတ်ပါဘူး။ ပြီးတော့ နယ်ကလျှောက်လွှာနောက်ကျတာရှိတယ်၊ လျှောက်လွှာစိစစ်တာက လျှောက်တဲ့ အမှတ်စဉ်အတိုင်း စိစစ်တာဖြစ်တယ်။ ပြီးတော့ နယ်ကလျှောက်တာတွေက လျှောက်လွှာရောက်တာနောက်ကျတယ်၊ ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေးအခက်ခဲတွေကြောင့်ပါ။ ဧပြီ(၂၀)ကျော်မှာ ရောက်တာတွေလည်းရှိတယ် စိစစ်တာတွေ ကလည်း နယ်ကနေအွန်လိုင်းကလျှောက်ထားတာတွေကတော့ မြန်တဲ့အပိုင်းမှာ ရှိပါတယ်။
◾️မေး။ ။ အခုချေးငွေကနေ ကိုဗစ်ကာလမှာ လုပ်ငန်းတွေအတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိလာမလဲ။
◾️ဦးအေးဝင်း။ ။ အခုက ကိုဗစ်ကြောင့်ထိခိုက်နေတဲ့ လုပ်ငန်းတွေကို ပေးတာဖြစ်တယ်။ ချေးငွေရရင် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ရည်ရွယ်တာ ဖြစ်တယ်။ လုပ်ငန်းထပ်မံချဲ့ထွင်တာ အသစ် ရင်းနှီးမြုပ်နှံဖို့လုပ်တာကို ချေးငွေပေးတာမဟုတ်ဘူး၊ ဒါကြောင့် လုပ်ငန်းရည်တည်နိုင်ဖို့ လုပ်ပေးတာဆိုတော့ ဝန်ထမ်းလုပ်သားတွေကို လစာပေးနိုင်ဖို့ ဝင်ထောက်ပေးတာပါ၊ ဒါက အဓိကပါ အခုလည်းလျှောက်တဲ့သူတွေကို အနည်းဆုံးဝန်ထမ်းတွေရဲ့လစာ(၃)လစာပေးနိုင်ဖို့ သတ်မှတ်ပေးတာတွေရှိတယ်။ သုံးလစာပေးနိုင်မယ့် အနေအထားမျိုးရှိတယ်။ ကိုဗစ်အခြေအနေမှာ ကာလတစ်ခုထိလည်ပတ်နိုင်ဖို့ဖြစ်တယ် ။
◾️မေး။ ။ အခု ဘီလီယံ(၁၀၀)မှာ မလျှောက်ထားလိုက်ရတဲ့ လုပ်ငန်းတွေအတွက်ရော နောက်ထပ် ချေးငွေရှိလားမလားခင်ဗျ။
◾️ ဦးအေးဝင်း။ ။ အခုအစိုးရကတော့ ဧပြီလထဲမှာ ကိုဗစ်ကြောင့် စီးပွားရေးသက်ရောက်မှုတွေကို စီမံဖို့ Plan(အစီအစဉ်)ထုတ်ထားတာရှိတယ်၊ အဲထဲမှာ ကျွန်တော်တို့နားလည်တာတော့ နောက်ထပ်ဘီလီယံ (၂၀၀) ကနေ(၅၀၀)ထိထုပ်ပေးဖို့ရှိတယ် အခုမလျှောက်ဖြစ်တဲ့သူတွေ နောက်ထပ်အခွင့်လမ်းတွေ ရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုမလျှောက်လိုက်ရတာ မသိလိုက်ရတဲ့သူတွေလည်း အဲ့အချိန်မှာထပ်လျှောက်လို့ ရမှာပါ။
No comments:
Post a Comment