Saturday, May 16, 2020

COVID-19 Fund ကနေ ချေးတဲ့ ချေးငွေတွေ ထုတ်ချေးတဲ့ လုပ်ငန်းစဥ် ပြောင်းသွားမယ် ထင်တယ်။










COVID-19 Fund ကနေ ချေးတဲ့ ချေးငွေတွေ ထုတ်ချေးတဲ့ လုပ်ငန်းစဥ် ပြောင်းသွားမယ် ထင်တယ်။

ကိုရဲမင်းဦးက. Banker တစ်ယောက်လည်း ဖြစ်တော့ ပုဂ္ဂလိက ဘဏ်တွေကတဆင့်များ ထုတ်ချေးတာမျိုး ဖြစ်သွားမလား? အဲ့လိုဆိုရင်တော့ ချေးတဲ့ လုပ်ငန်းစဥ် ပိုမြန်သွားနိုင်တာပေါ့။ ခုတော့ နည်းနည်း နှေးနေသလားလို့။
ကျွန်တော် ထင်တာရယ်၊ ဖြစ်နိုင်ရင် လုပ်ငန်းတွေကို ချေးငွေတွေ မြန်မြန် ရစေချင်တာရယ်ကြောင့် ပြောမိခြင်း ဖြစ်ပါတယ်။
အဖွဲ့ဝင် ဆရာ တစ်ယောက်က မှတ်ချက်ပြုထားတာကတော့... ဘဏ်တွေကို credit assessment (ချေးငွေ လျောက်လွှာ စိစစ်ခြင်း ၊ ချေးငွေ ပေးသင့် မပေးသင့် စိစစ်ခြင်း) လုပ်ခိုင်းတာ ကောင်းမယ် ဆိုတဲ့ သဘောထား ရှိတာ တွေ့ရပါတယ်။
သူ ပြောတာကတော့ ဘဏ်တွေက တဆင့် ထုတ်ချေး တာမျိုး လုပ်မယ် ဆိုရင်၊ ဘဏ်တွေကို အစိုးရက ယူမည့် ၁% အပေါ်မှာ ဘဏ်ဝန်ဆောင်ခ ယူခွင့် ပြု ရမလား ဆိုတာရယ်၊ ဘဏ်တွေဖက်ကလည်း အဲ့ဒီ ဝန်ဆောင်ခလေး ယူပြီး တော့ လက်ဝင်လျှို ထုတ်ချေးပေးတော့မှ ပြန်မဆပ်ကြလို့ Non Performing Loan (NPL) တွေ ဖြစ် သွားရင် ဘယ်လို လုပ်မလဲ ဆိုတာရယ်၊ ပုဂ္ဂလိက ဘဏ်တွေက ကိုယ်နဲ့ ဆက်စပ်၊ ပတ်သက်တဲ့ လုပ်ငန်းတွေ (ကိုယ်ပိုင်တဲ့ အခြား လုပ်ငန်းတွေ အပါအဝင်) ကို ထုတ်ချေးတာမျိုး ​ ဖြစ်နိုင်ခြေ တွေရယ်ကိုပါ စဥ်းစား ထားတာ မှတ်သားရပါတယ်။
ဘာပဲ ဖြစ်ဖြစ် Covid-19 Fund ချေးငွေတွေ လုပ်ငန်း များများဆီ မှန်မှန် ကန်ကန်၊ မြန်မြန် ရောက်၊ လုပ်ငန်းတွေ ကို ကယ်တင်၊ ဝန်ထမ်းတွေကို အလုပ်လက်မဲ့ ဖြစ်မည့် အခြေအနေက ကယ်တင် နိုင်ကြစေချင်တာပါပဲ။
အကောင်းဆုံး ဖြစ်အောင် စဥ်းစားပြီး အကောင်းဆုံး သက်ရောက်မှု ရအောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်။
#Crd https://www.facebook.com/zawnaing72

No comments:

Post a Comment