Posted on May 17, 2020 by thuneain
ယင်းသို့ ရွေးချယ်ခွင့်ရရှိနိုင်ရန်အတွက်ရန်ကုန်နှင့် မန္တလေး တို့ရှိ လူကြိုက် များသောတက္ကသိုလ် များနှင့် အမှတ်မြင့်သော တက္ကသိုလ် များ၏ဝင်ခွင့်များကို အဆင့်မြင့်ပညာဦးစီးဌာန၏ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး အဖွဲ့၏ ဆုံးဖြတ်မှုဖြင့် မဟုတ်ဘဲကျောင်းအလိုက် ဝင်ခွင့်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပါမောက္ခချုပ်များက ဆွေးနွေးလျက် ရှိသည်။ “တက္ကသိုလ် ဝင်ခွင့်ကတော့ လက်ရှိ မှာ ဆွေးနွေးနေဆဲပဲ။ ဘယ်ကျောင်းတွေက ကိုယ်တိုင်ခေါ်ခွင့်ရမလဲ ဆိုရင်ရန်ကုန်နဲ့ မန္တလေးက ကျောင်းတွေ ဖြစ်ဖို့ များတယ်။
ဆွေးနွေးမှု အကုန်ပြီးသွားရင်တော့တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်မှာ ကြေညာမှာပါ။ လက်ရှိတော့ အကြမ်းဖျင်း ပြီးပြတ်နေပါပြီ။ ဒါပေမယ့် သူတို့ ဆွေးနွေးတာများကို တင်ပြလာရင် ဘာတွေလိုအပ်သေးတယ်၊ ဘာတွေလုပ်ရဦးမယ် ဆိုတာတွေရှိသေးတော့ဘယ်ကျောင်းတွေ လုပ်မလဲဆိုတာအတိအကျမပြောနိုင်သေးဘူး။ ကျောင်းများကတော့ ရန်ကုန်၊ မန္တလေးက ဝိဇ္ဇာသိပ္ပံ အပြင် ဝိုင်တီယူတို့လို လူကြိုက်များ၊အမှတ်မြင့်တဲ့ ကျောင်းတွေ ဖြစ်ဖို့ များတယ်” ဟု ပြောသည်။ လာမည့် တက္ကသိုလ်ဝင်ခွင့်များခေါ်ယူရာတွင်
ရန်ကုန် တက္ကသိုလ်၏ ဝင်ခွင့်ကိုအဆင့်မြင့် ပညာဦးစီးဌာနမှ ရွေးချယ်ပေးသော စနစ်အစား တက္ကသိုလ်အလိုက်ဝင်ခွင့်ပေးသည့်စနစ်ကို စတင်စမ်းသပ်ဆောင်ရွက်တော့မည်ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းဖြင့်ဆုံးဖြတ်မည်မဟုတ်ဘဲလူတွေ့စစ်ဆေးခြင်းများဖြင့် ဝင်ခွင့်ပေးသည့်စနစ်ကို ကျင့်သုံးရန် စီစဉ်နေသည်။
တက္ကသိုလ်အလိုက် ဝင်ခွင့်ပေးသည့် ပုံစံကို ပြောင်းလဲကျင့် သုံးမည်ဆိုပါကတက္ကသိုလ်ဝင်တန်း ရမှတ်တစ်ခုတည်းဖြင့်သာ ဆုံးဖြတ်မည် မဟုတ်ဘဲ လူတွေ့စစ်ဆေးခြင်းများ၊လျှောက်ထားသည့် ဘာသာရပ်အပေါ် စိတ်ပါဝင်စားမှု စသည့် အချက်အလက် များအပေါ် မူတည်ပြီး လျှောက်ထားနိုင်သည်။
No comments:
Post a Comment