Saturday, May 2, 2020

ကိုဗစ်၁၉ ကို ၁၁ရက်နဲ့ ပျောက်ကင်းသက်သာအောင် ကုသပေးမယ့် ဆေး US မှာ ကျယ်ကျယ်ပြန့်ပြန့် စသုံးခွင့်ပြုပြီ



ကိုဗစ်၁၉ ကို ၁၁ရက်နဲ့ ပျောက်ကင်းသက်သာအောင် ကုသပေးမယ့် ဆေး US မှာ ကျယ်ကျယ်ပြန့်ပြန့် စသုံးခွင့်ပြုပြီ


အမေရိကန်နိုင်ငံမှာ ကိုဗစ် ၁၉ ကို ကုသပေးတဲ့ဆေး Remdesivir (ရမ်-ဒတ်-ဆယ်-ဗီး-ယား)ကို အခု ကပ်ရောဂါဖြစ်နေချိန်အတွင်း ဆေးရုံတက်နေတဲ့လူနာတွေဆီမှာ သုံးဖို့ US FDA(Food and Drug Administration) က အရေးပေါ်ခွင့်ပြုချက်ကို မေလ ၁ရက်နေ့က ပေးလိုက်ပါတယ်။
အဲဒီဆေးကို အမေရိကန် ဆေးသုတေသန
ကုမ္ပဏီ Gilead Sciences က ထုတ်လုပ်တာ
ဖြစ်ပြီး ဒီလိုခွင့်ပြုချက်ရရှိခဲ့တဲ့အတွက် အမေရိကန်မှာရှိတဲ့ ဆေးရုံတွေဆီကို ဒီဆေးတွေ အလျင်အမြန်ပို့ဆောင်ပြီး လူနာတွေကို ကုသပေးတော့မှာပါ။


ဒီ Remdesivir ဆေးကိုအသုံးပြုချင်းအားဖြင့် ဆေးရုံတက်လူနာတွေရဲ့ ပြန်လည်သက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းနိုင်တဲ့အချိန် (recovery period )ဟာ ၁၁ရက်ခန့်သာရှိတယ်လို့ ဆိုပါတယ်။
​ဒီဆေးကို အမေရိကန်ဆေးရုံတွေကိုတော့ အခုလောလောဆယ် အခမဲ့ပေးပို့မှာဖြစ်ပြီး နောက်ပိုင်းစျေးနှုန်းဘယ်လောက်နဲ့ရောင်းချမလဲဆိုတာတော့ မကြေညာသေးပါဘူး။
Ref: Wall Street Journal

No comments:

Post a Comment