ရေနံစိမ်းလိုအပ်ချက်မြင့်လာ၍ ရေနံတင်သင်္ဘောကြီးများ ကုန်ချရန် တရုတ်ပြည်ဆိပ်ကမ်းများတွင် တန်းစီစောင့်...⛴ 🏭 🛢
𝗢𝗶𝗹 𝗧𝗮𝗻𝗸𝗲𝗿𝘀 𝗤𝘂𝗲𝘂𝗶𝗻𝗴 𝗢𝗳𝗳 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗼𝗮𝘀𝘁 𝗘𝘃𝗶𝗱𝗲𝗻𝗰𝗲 𝗼𝗳 𝗥𝗮𝗽𝗶𝗱 𝗥𝗲𝗯𝗼𝘂𝗻𝗱...↘🛢
တရုတ်ပြည်ရဲ့ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံတွေရှိတဲ့၊ အရှေ့ဘက်ကမ်းခြေရှိ ရှန်ဒုန်း နှင့် လျောင်နင်း ပြည်နယ် မှာ ရှိတဲ့ ဆိပ်ကမ်းများမှာ ဧရာမ Suezmax ရေနံတင်သင်္ဘောကြီး အစီး ၂၀ ကျော် ကုန်ချဖို့ စောင့်နေတယ်လို့ သင်္ဘော တည်နေရာ အချက်အလက်များအရ ရေနံ လုပ်ငန်း ဆန်းစစ်သော Vortexa အဖွဲ့ ဆိုပါတယ်။
တန်ချိန် ၄ သန်း ခန့်ရှိပြီး၊ ရုရှား ကိုလံဘီယာ အင်ဂိုလာ နှင့် ဘရာဇီး တို့မှ ရေနံစိမ်းများ ဖြစ်ကြပါတယ်။
ယခင်ရက်သတ္တပတ်ကလည်း ရေနံစိမ်း တန်ချိန် ၁.၈ သန်းကျော်ကို ပင်လယ်ထဲ ရေနံတင်သင်္ဘောများ ဖြင့် လှောင်ထားသော ရေနံစိမ်းများကို တရုတ်တွင်လည်းကောင်း၊ တန် ၈သိန်းခွဲ ကျော်ကို အိန္ဒိယ တွင် လည်းကောင်း၊ စုစုပေါင်း ရေနံစိမ်း တန်ချိန် ၃.၄ သန်းကို အာရှဈေးကွက်တွင် ချပေးခဲ့ကြောင်း ရေနံ လုပ်ငန်း ဆန်းစစ်သော Vortexa အဖွဲ့ ကပြောပါတယ်။
OPEC မှ ရေနံစိမ်းဈေးထိန်းဖို့ ရေနံလျော့ထုတ်ဖို့ပြင်ဆင်သလို၊ Brent ရဲ့ Contango ဈေးကွက်မှာ ရေနံစိမ်း လှောင်ပြီး တက်ဈေးနဲ့ ရောင်းဖို့ ပြင်ဆင်ခြင်းများ သည်လည်း ရေနံဈေးတက်ရိပ်ပြပြီး၊ ရေနံစိမ်း လိုအပ်ချက်မြင့်တက်လာတာကြောင့် အဆင်ပြေရန် အလားအလာ နည်းနေပြီလို့ Vortexa ရဲ့ ပညာရှင်က ပြောခဲ့ပါတယ်။
တရုတ်ပြည်ရဲ့ ရေနံစိမ်းလိုအပ်ချက်မြင့်တက်လာပြီး Kpler ရေနံလုပ်ငန်းရဲ့ အချက်အလက်များအရ မေလ ၂၃မှာ တရုတ်ရေပိုင်နက်အတွင်း လှောင်ထားသော ရေနံစိမ်းစည်ပေါင်း ၃၅.၄ သန်းရှိနေပေမဲ့၊ မေလ ၂၆ မှာ ရေနံစိမ်းစည်ပေါင်း ၂၉.၄ သန်းသာ ကျန်ပါတော့တယ်။
ⓒⓐⓟⓣⓐⓘⓝ ⓦⓘⓝ
https://www.facebook.com/Captain-Win-446233612149362/
အောက်ပါ ref: link ကို မှီငြမ်း၍ ပြန်လည်တင်ပြပါတယ်။
https://gcaptain.com/oil-tankers-queuing-off-chinese-coast…/
https://gcaptain.com/china-india-soak-up-oil-from-floating…/
Zawgyi
ေရနံစိမ္းလိုအပ္ခ်က္ျမင့္လာ၍ ေရနံတင္သေဘၤာႀကီးမ်ား ကုန္ခ်ရန္ တ႐ုတ္ျပည္ဆိပ္ကမ္းမ်ားတြင္ တန္းစီေစာင့္
𝗢𝗶𝗹 𝗧𝗮𝗻𝗸𝗲𝗿𝘀 𝗤𝘂𝗲𝘂𝗶𝗻𝗴 𝗢𝗳𝗳 𝗖𝗵𝗶𝗻𝗲𝘀𝗲 𝗖𝗼𝗮𝘀𝘁 𝗘𝘃𝗶𝗱𝗲𝗻𝗰𝗲 𝗼𝗳 𝗥𝗮𝗽𝗶𝗱 𝗥𝗲𝗯𝗼𝘂𝗻𝗱
တ႐ုတ္ျပည္ရဲ႕ အစိုးရပိုင္ႏွင့္ ပုဂၢလိကပိုင္ ေရနံခ်က္စက္႐ုံေတြရွိတဲ့၊ အေရွ႕ဘက္ကမ္းေျခရွိ ရွန္ဒုန္း ႏွင့္ ေလ်ာင္နင္း ျပည္နယ္ မွာ ရွိတဲ့ ဆိပ္ကမ္းမ်ားမွာ ဧရာမ Suezmax ေရနံတင္သေဘၤာႀကီး အစီး ၂၀ ေက်ာ္ ကုန္ခ်ဖို႔ ေစာင့္ေနတယ္လို႔ သေဘၤာ တည္ေနရာ အခ်က္အလက္မ်ားအရ ေရနံ လုပ္ငန္း ဆန္းစစ္ေသာ Vortexa အဖြဲ႕ ဆိုပါတယ္။
တန္ခ်ိန္ ၄ သန္း ခန႔္ရွိၿပီး၊ ႐ုရွား ကိုလံဘီယာ အင္ဂိုလာ ႏွင့္ ဘရာဇီး တို႔မွ ေရနံစိမ္းမ်ား ျဖစ္ၾကပါတယ္။ ယခင္ရက္သတၱပတ္ကလည္း ေရနံစိမ္း တန္ခ်ိန္ ၁.၈ သန္းေက်ာ္ကို ပင္လယ္ထဲ ေရနံတင္သေဘၤာမ်ား ျဖင့္ ေလွာင္ထားေသာ ေရနံစိမ္းမ်ားကို တ႐ုတ္တြင္လည္းေကာင္း၊ တန္ ၈သိန္းခြဲ ေက်ာ္ကို အိႏၵိယ တြင္ လည္းေကာင္း၊ စုစုေပါင္း ေရနံစိမ္း တန္ခ်ိန္ ၃.၄ သန္းကို အာရွေဈးကြက္တြင္ ခ်ေပးခဲ့ေၾကာင္း ေရနံ လုပ္ငန္း ဆန္းစစ္ေသာ Vortexa အဖြဲ႕ ကေျပာပါတယ္။
OPEC မွ ေရနံစိမ္းေဈးထိန္းဖို႔ ေရနံေလ်ာ့ထုတ္ဖို႔ျပင္ဆင္သလို၊ Brent ရဲ႕ Contango ေဈးကြက္မွာ ေရနံစိမ္း ေလွာင္ၿပီး တက္ေဈးနဲ႔ ေရာင္းဖို႔ ျပင္ဆင္ျခင္းမ်ား သည္လည္း ေရနံေဈးတက္ရိပ္ျပၿပီး၊ ေရနံစိမ္း လိုအပ္ခ်က္ျမင့္တက္လာတာေၾကာင့္ အဆင္ေျပရန္ အလားအလာ နည္းေနၿပီလို႔ Vortexa ရဲ႕ ပညာရွင္က ေျပာခဲ့ပါတယ္။
တ႐ုတ္ျပည္ရဲ႕ ေရနံစိမ္းလိုအပ္ခ်က္ျမင့္တက္လာၿပီး Kpler ေရနံလုပ္ငန္းရဲ႕ အခ်က္အလက္မ်ားအရ ေမလ ၂၃မွာ တ႐ုတ္ေရပိုင္နက္အတြင္း ေလွာင္ထားေသာ ေရနံစိမ္းစည္ေပါင္း ၃၅.၄ သန္းရွိေနေပမဲ့၊ ေမလ ၂၆ မွာ ေရနံစိမ္းစည္ေပါင္း ၂၉.၄ သန္းသာ က်န္ပါေတာ့တယ္။
ⓒⓐⓟⓣⓐⓘⓝ ⓦⓘⓝ
https://www.facebook.com/Captain-Win-446233612149362/
ေအာက္ပါ ref: link ကုိ မွီျငမ္း၍ ျပန္လည္တင္ျပပါတယ္။
https://gcaptain.com/oil-tankers-queuing-off-chinese-coast…/
https://gcaptain.com/china-india-soak-up-oil-from-floating…/
No comments:
Post a Comment