Tuesday, June 30, 2020

ဇူလိုင်လမှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးမည်


















ဇူလိုင်လမှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းဆောင်ရွက်ခွင့် ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယာဉ်အမည်ပြောင်းဆောင်ရွက်ရာတွင် Covid-19 ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်ရသည့် အခက်အခဲမရှိစေရန်နှင့် လုပ်ငန်းမြန်ဆန်စေရန် ရည်ရွယ်ပြီး အမည်ပြောင်းဆောင်ရွက်ခြင်းအတွက် ပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်ရခြင်းကို ဇူလိုင်လမှစ၍ ဖြေလျှော့ပေးမည် ဖြစ်သည်။
ထို့ကြောင့် ယာဉ်အမည်ပြောင်းဆောင်ရွက်မည်ဆိုပါက ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်တွင် အခွန်စည်းကြပ်မှု ခံယူပြီးကြောင်း အခွန်ပုံစံ၌ အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၁၀) မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်၌ ယာဉ်ဝယ်ယူခြင်းအတွက် အခွန်စည်းကြပ်မှု ခံယူပြီးကြောင်း အခွန်ပုံစံနှင့် လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ နိုင်ငံသား စစ်ဆေးရေးကတ်မူရင်း တင်ပြ၍ ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment