Tuesday, May 19, 2020

COVID-19 . ကာကွယ်ဆေး . လူတွင် စမ်းသပ်အောင်မြင်ပြီ . 💉💉 .





COVID-19 . ကာကွယ်ဆေး . လူတွင် စမ်းသပ်အောင်မြင်ပြီ . 💉💉.


mRNA-1273 (အမ်အာအင်အေ−1273) လို့ခေါ်တဲ့
ကိုဗစ်−19 ကာကွယ်ဆေးကို
လူတွေမှာ စမ်းသပ်အောင်မြင်ပြီလို့
မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ် ..
.
ဒီကာကွယ်ဆေးကို
အမေရိကန် အခြေစိုက်
Moderna, Inc., (မိုဒါးနား) ကုမ္ပဏီက
ထုတ်လုပ်တာ ဖြစ်ပါတယ် ..
.
အမေရိကန် ကျန်းမာရေးဌာန (NIAID) ဦးဆောင်ပြီး
ဒီကာကွယ်ဆေးကို လူတွေမှာ
၂ ကြိမ်ထိုးပေးလိုက်တဲ့ အခါ
ကိုးရိုးနားဗိုင်းရပ်ကို ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရပါတယ် ..
(mRNA-1273 elicited neutralizing antibody titer levels in all eight initial participants)
.
mRNA-1273 ကာကွယ်ဆေးဟာ
ယေဘုယျအားဖြင့်
လူတွေမှာ ဘေးထွက်ဆိုးကျိုး မရှိနိုင်ဘူးလို့
သိရပါတယ် ..
.
အလွန် မင်္ဂလာရှိသော သတင်းကောင်းတစ်ခု ဖြစ်ပါတယ် ခင်ဗျာ..
###
Dr. ကျော်ဇောဟိန်း, MD, PhD
.
(ဖြည့်စွက်ချက်.. အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှာ စမ်းသပ်နေတဲ့
ChAdOx1 nCoV-19 လို့ခေါ်တဲ့ နောက်ကာကွယ်ဆေးတစ်မျိုးကတော့ မအောင်မြင်ဘူးလို့ သိရ. )
မူရင်း ဆေးသိပ္ပံ စမ်းသပ်မှု ကြည့်ရန် :
https://clinicaltrials.gov/ct2/show/NCT04283461
https://www.niaid.nih.gov/…/nih-clinical-trial-investigatio…
https://investors.modernatx.com/…/moderna-announces-positiv…




(Zawgyi)
COVID-19 . ကာကြယ္ေဆး လူတြင္ စမ္းသပ္ေအာင္ျမင္ၿပီ . 💉💉
.
mRNA-1273 (အမ္အာအင္ေအ−1273) လို႔ေခၚတဲ့
ကိုဗစ္−19 ကာကြယ္ေဆးကို
လူေတြမွာ စမ္းသပ္ေအာင္ျမင္ၿပီလို႔
ေမလ ၁၈ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္ ..
.
ဒီကာကြယ္ေဆးကို
အေမရိကန္ အေျခစိုက္
Moderna, Inc., (မိုဒါးနား) ကုမၸဏီက
ထုတ္လုပ္တာ ျဖစ္ပါတယ္ ..
.
အေမရိကန္ က်န္းမာေရးဌာန (NIAID) ဦးေဆာင္ၿပီး
ဒီကာကြယ္ေဆးကို လူေတြမွာ
၂ ႀကိမ္ထိုးေပးလိုက္တဲ့ အခါ
ကိုးရိုးနားဗိုင္းရပ္ကို ကာကြယ္နိုင္စြမ္းရွိတာ ေတြ႕ရပါတယ္ ..
(mRNA-1273 elicited neutralizing antibody titer levels in all eight initial participants)
.
mRNA-1273 ကာကြယ္ေဆးဟာ
ေယဘုယ်အားျဖင့္
လူေတြမွာ ေဘးထြက္ဆိုးက်ိဳး မရွိနိုင္ဘူးလို႔
သိရပါတယ္ ..
.
အလြန္ မဂၤလာရွိေသာ သတင္းေကာင္းတစ္ခု ျဖစ္ပါတယ္ ခင္ဗ်ာ..
###
Dr. ေက်ာ္ေဇာဟိန္း, MD, PhD
.
(ျဖည့္စြက္ခ်က္.. အဂၤလန္နိုင္ငံ ေအာက္စဖို႔တကၠသိုလ္မွာ စမ္းသပ္ေနတဲ့
ChAdOx1 nCoV-19 လို႔ေခၚတဲ့ ေနာက္ကာကြယ္ေဆးတစ္မ်ိဳးကေတာ့ မေအာင္ျမင္ဘူးလို႔ သိရ. )
မူရင္း ေဆးသိပၸံ စမ္းသပ္မႈ ၾကည့္ရန္ :
https://clinicaltrials.gov/ct2/show/NCT04283461
https://www.niaid.nih.gov/…/nih-clinical-trial-investigatio…
https://investors.modernatx.com/…/moderna-announces-positiv…

#Crdhttps://www.facebook.com/dr.kyawzawhein

No comments:

Post a Comment