ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် မြန်မာ့စီးပွားရေးအား ကုစားမှုအစီအစဉ်များထုတ်ပြန်
ဒီအစီအစဉ်ဟာ ဘယ်သူမှ မကျန်ခဲ့စေဘဲ stakeholders အားလုံးရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော=======================
နေပြည်တော်၊မေ၂ရက်
ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် မြန်မာ့စီးပွားရေးအား ကုစားမည့်အစီအစဉ်များကို နိုင်ငံတော်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
ထုတ်ပြန်ချက်ထဲ (၁)ရည်မှန်းချက် ၇ရပ် (၂)မဟာဗျူဟာ ၁၀ခု(၃)စီမံချက် ၃၆ခု
(၄)စီမံကိန်း၇၆ ခု တို့ပါဝင်ကာထိုထဲ ဘဏ်တိုးချခြင်း၊၁ရာခိုင်နှုန်းအတိုးဖြင့် ငွေချေးခြင်း၊လစာဝင်ငွေခွန်အပေါ် ၁၀ရာခိုင်နှုန်းသက်သာခွင့်ပေးခြင်းနှင့် ကုန်တင်ကားများအပေါ် ကောက်ခံနေသည့် ဂိတ်ကြေးလျှော့ခြင်းတို့လည်း ပါဝင်နေကြောင်း တွေ့ရသည်။
ယင်းအပြင် (၁)လုပ်ဆောင်ပြီး (၂)အမြန်လုပ်ဆောင်ရန် (၃)၂၀၂၀ နှစ်မကုန်မကုန်မီ လုပ်ဆောင်ရန် ဟူ၍ အဆင့်သုံးဆင့်ခွဲသတ်မှတ်ထားတာကိုပါ တွေ့ရမည်ဖြစ်သည်။

ထုတ်ပြန်သည့်အစီအစဉ်နိဒါန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "စီးပွားရေးကုစားမှုအစီအစဉ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေဘဲ stakeholders အားလုံးရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။ COVID-19 ကြောင့် ထင်သာမြင်သာရှိတဲ့ အချက်ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ အခွန်ဝင်ငွေမရနိုင်ဘဲ လျော့ကျမှု ဖြစ်ပါတယ်။ ဒီလိုအခွန်ဝင်ငွေ
လျော့ကျမှုကြောင့် အစိုးရရဲ့ ခွဲဝေချထားပေးတဲ့ အသုံးစရိတ်တွေကို လျှော့ချပြီး COVID-19 နဲ့ဆက်စပ်တဲ့ အသုံးစရိတ်တွေနဲ့ မူဝါဒပိုင်း ဆောင်ရွက်မှုတွေမှာ ပြန်လည်ခွဲဝေဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့လည်း ဒီလိုခွဲဝေချထားတဲ့ အသုံးစရိတ်လောက်နဲ့ မြန်မာပြည်မှာရရှိဖို့ ကြိုးစားနေရတဲ့ အခြေခံလူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေအတွက် ကုန်ကျမဲ့အသုံးစရိတ်ကို ဖြည့်ဆည်းပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ COVID-19 ဟာ ကျွန်မတို့ရဲ့ နိုင်ငံ၊ ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေအပေါ်ကို အရိပ် အကြာကြီး လွှမ်းမိုးနေဦးမှာ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့လည်း ယခုကစပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်းဖြင့် လူပုဂ္ဂိုလ်တိုင်း အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ဖြေလျှော့နိုင်မှာဖြစ်သလို ကျွန်မတို့နိုင်ငံရဲ့ သူရဲကောင်းတွေဖြစ်တဲ့ ရှေ့တန်းက ကျန်းမာရေးလုပ်သားတွေကို ခွန်အားရှိစေမှာပါ။ ပြီးတော့ လည်း ကျွန်မတို့နိုင်ငံရဲ့ အသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို ကျားကန်ပေးထားနိုင်မှာဖြစ်ပြီး ဒီကိစ္စကြီး ပြီးသွားတာနဲ့ ကျွန်မတို့ဟာ အနာဂတ်ကို ရင်ဆိုင်ဖို့ အင်ပြည့် အားပြည့်နဲ့ ဖြစ်နေမှာပါ။ ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ ဖြစ်ပေါ်လာတဲ့ကိစ္စကြောင့်မလို့ အခုလို ရုန်းကန်နေရတဲ့အချိန်တွေဟာ ကျွန်မတို့ပြည်သူတွေရဲ့ ခွန်အားနဲ့ ခံနိုင်ရည်စွမ်းအားတို့ပေါ် အများကြီးမူတည် နေပါတယ်" ဟု ပြည်သူကို အသိပေးထားသည်။
ကုန်သည်စက်မှုအသင်းချုပ်ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးက "ကောင်းမွန်တဲ့ အစီအမံတွေပါ၊ချပေးလိုက်တဲ့ အစီအမံတွေကို အောက်ခြေက တိတိကျကျအကောင်အထည်ဖော်ဆောင် ပေးဖို့ လိုပါလိမ့်မယ်"ဟု မှတ်ချက်ပြုသည်။

ကိုမင်း/Myanmar
No comments:
Post a Comment