Wednesday, May 13, 2020

ရွှေတချောင်းမြောင်းသမိုင်း





ရွှေတချောင်းမြောင်းသမိုင်း

= - = - = - = - =- = - = - = - =
ရွှေတချောင်းမြောင်းသည် ကုန်းဘောင်ခေတ်လယ်ကပင် တည်ရှိခဲ့သည်။ ၁၇၈၂ ခုနှစ် ဘိုးတော်ဘုရား နန်းတက်စကာလတွင် အရှေ့ဝင်းတော်မှူး ဦးရောက်ကြီးအား ကြီးကြပ်တူးဖေါ်စေခဲ့သည်။ မတ္တရာအနီး ဆည်တော်ကြီးချောင်းမှ တက်သေးအင်းအထိ တာ ၂၇၀၀ ကျော် ရှည်လျားပြီး ယခင်က နှဲကုပ်သိုမြောင်းဟုခေါ်သည်။
သာယာဝတီမင်းလက်ထက် တိမ်ကောသဖြင့် ၁၈၄၀ ပြည့်နှစ် ဇန္နဝါရီ ၃၀ ရက်၌ အမိန့်တော်အရ ဝန်ကြီး သတိုးမင်းရဲရာဇာနှင့် လက်ဝဲမင်းကျော်သီဟတို့ ပြန်လည် တူးဖေါ်ခဲ့သည်။
မန္တလေး နေပြည်တော်တည်ပြီးနောက် မင်းတုန်းမင်းလက်ထက် ကျောက်တော်ကြီးဘုရားထုဆစ်ရန် စကျင်တောင်မှ ကျောက်လုံးတော်ကြီးကို ရွှေတချောင်းမြောင်း အသုံးပြု၍ မန္တလေးသို့ သယ်ဆောင်သည်။ သီပေါမင်းလက်ထက် တောင်ပြုန်းပွဲအတွင်း ရာဇဝတ်မှုများကို ပွဲတွင်းအပြီးစီရင်၍ သေဒဏ်ထိုက်သူများကို ရွှေတချောင်းတလျောက် ကားစင်တင်၍ထားသည်ဆိုသည်။
ဤကား သမိုင်းထဲက ရွှေတချောင်း။ ။
ရွှေတချောင်း သမိုင်းအကျဉ်းဖြစ်သည်။
MgMg မှ တဆင့်ကူးယူသည်။
(Credit- Myint Htun Ayd)
Copy from Kyaw SoeMin

No comments:

Post a Comment