Saturday, May 16, 2020

ဂျက်ဖ် ဘဲဇော့စ် တြီလျံနာ ဖြစ်တော့မည်လော





ဂျက်ဖ် ဘဲဇော့စ် တြီလျံနာ ဖြစ်တော့မည်လော

••••••••••••••••••••••••••••••••••••
အမေဇုံကို တည်ထောင်သူ ဂျက်ဖ် ဘဲဇော့စ်သည် လောလောဆယ်တွင် ကမ္ဘာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်နေပြီး လက်ရှိ ကပ်ရောဂါ ဆိုး ကြီးကြောင့် ယခုအခါ ဘီလျံနာ အဆင့် မှ
တြီလျံနာ အဖြစ် ကူးပြောင်းရန် ဦးတည်နေပြီဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာတဝှမ်း သန်းပေါင်းများစွာသော လူများ
လော့ဒေါင်း ဘဝ ရောက်နေရချိန်တွင် အမေဇုံမှ ပစ္စည်းများကို မှာယူသုံးစွဲခဲ့ကြရတဲ့ အတွက် လက်ရှိနှုန်း အတိုင်း ဆက်သွားမယ်
ဆိုရင် ၂၀၂၆ အတွင်း ကမ္ဘာမှာ ပထမဆုံး တြီလျံနာ သူဌေးကြီး ဖြစ်လာပေတော့မည်။ တြီလီယံ ကို သုညနဲ့ ပြောမှ သဘောကျရင်တော့
၁ ဂဏန်းနောက်မှာ သုံည ၁၂ လုံး ထည့်ပေး
လိုက်ယုံပါပဲ။
မနှစ်က ၂၅ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးနဲ့ ကွာရှင်းရာမှာ ဘဲဇော့စ်
မှ ဒေါ်လာ ၃၈ ဘီလီယံ ပေးလိုက်ရပေမယ့်
လက်ရှိ မှာ ဒေါ်လာ ၁၄၃ ဘီလီယံ ပိုင်ဆိုင်
နေဆဲ ဖြစ်ပြီး ကမ္ဘာ အချမ်းသာဆုံး ဖြစ်နေဆဲ
ပါပဲ၊ ဘီလ်ဂိတ် ကတော့ ဒေါ်လာ ၁၀၆ ဘီလီယံ နဲ့ ဒုတိယ လိုက်နေပါတယ်။ (ပုံတွင် ဇနီး
ဖြစ်သူ မက်ကင်ဇီ ဘဲဇော့စ် နှင့်အတူ တွေ့ရစဉ်)၊ သားသုံးယောက်ထွန်းကားခဲ့ပြီး သမီးအဖြစ် တရုတ်ပြည်မှ ကလေးငယ်အား မွေးစားခဲ့ပါတယ်။
ဘဲဇော့စ်အား သူ၏ ကမ္ဘာတဝှမ်း ကုန်လှောင်ရုံများမှ အလုပ်သမားများက ၎င်းတို့အား လက်ရှိ ကပ်ရောဂါကြီးမှ လုံလောက်အောင်
အကာအကွယ် မပေးခဲ့ဘူးလို့ မကျေမနပ်
ပြောဆိုနေကြပြီး ဘီလ်ဂိတ်ကတော့ လူသား
များကို ကယ်တင်နိုင်မယ့် ကာကွယ်ဆေး ထုတ်နိုင်ရန် အားသွန်ခွန်စိုက် လုပ်နေဆဲ ဖြစ်
ပါတယ်။
ဘဲဇော့စ် ရဲ့ ပိုင်ဆိုင်မှုသည် ၂၀၁၇ မှ စပြီး ၁၀၀ ဘီလီယံ ကို ကျော်ဖြတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ အမေဇုံ၏ ရှယ်ယာတန်ဘိုးသည် ဒေါ်လာ ၂,၃၅၉ အထိ ရှိနေတဲ့ အတွက် ၂၈% အထိ မြင့်တက်လာခဲ့ပါတယ်။
အမေဇုံ မှ အလုပ်သမားများ၏ လုပ်ခ တိုး
မြှင့်ပေးရန်၊ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ပေးရန်
နှင့် လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေးများ
တိုးမြှင့် လုပ်ဆောင်သွားရန် ဒေါ်လာ ၄ ဘီလီယံ အထိ သုံးစွဲသွားမယ်လို့ ကတိပြုလာခဲ့ပါ
တယ်။
ဘဲဇော့စ်သည် မကြာသေးမီကမှ လော့စ်အိမ်ဂျဲလိစ် ရှိ ဘီဗာလီ ဟေးလ်တွင် ၉ ဧက ကျယ်
တဲ့ ခြံနဲ့ အိမ် ကို ၁၆၅ သန်း ပေးပြီး ဝယ်
လိုက်ပြီ ဖြစ်ပါတယ်။ လော့စ်အိန်ဂျဲလိစ်တွင်
စျေးအကြီးဆုံး အိမ်လည်း ဖြစ်ပါတယ်။
အသက် ၅၆ နှစ် ရှိပြီ ဖြစ်တဲ့ ဘဲဇော့စ်သည်
ဟူစတန် တွင် စက်ဘီး အရောင်းဆိုင်ပိုင်ရှင် ဖခင် နဲ့ အသက် ၁၇ နှစ်အထက်တန်းကျောင်းသူ ဘဝသာ ရှိသေးတဲ့
မိခင်တို့မှ မွေးဖွားကြီးပြင်း
ခဲ့သူ ဖြစ်ပြီး ၁၉၈၆ တွင် ပရင်စတန် တက္ကသိုလ်ကြီး မှ လျပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပြူတာ သိပ္ပံ ဘွဲ့ ရရှိခဲ့ပါတယ်။
ကျောင်းပြီးတာနဲ့ ဝေါ်စထရိ မှ အစပြုကာ
လုပ်ငန်းပေါင်းစုံ မှာ ကျင်လည်ခဲ့ပြီးနောက်
၁၉၉၄ မှာ အွန်လိုင်း စာအုပ်ရောင်းဝယ်ရေး
လုပ်ငန်းကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါ
တယ်။ (ပုံတွင် လုပ်ငန်းစတင်ခဲ့ရာ အလုပ်ခန်း
ကို တွေ့ နိုင်ပါတယ်)
လုပ်ငန်း စတင်ပြီး လေးနှစ် အတွင်းမှာပဲ
ဒေါ်လာ ၁.၆ ဘီလီယံအထိ ချမ်းသာသွားပြီး
ကမ္ဘာ အချမ်းသာဆုံး လူ ၄၀၀ စာရင်းထဲ ဝင်
သွားခဲ့ပါတယ်။
ဘဲဇော့စ်ရဲ့ စီမံခန့်ခွဲရေး ဆိုင်ရာ ဖီလော်ဆော်ဖီ ကတော့ သူရဲ့ လုပ်ငန်းတိုင်းအတွက် အမြဲလို every day is day 1 လို့ နှလုံးသွင်းပြီး လုပ်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအတွက် ဘဲဇော့စ်ကို တြီလျံနာ မဖြစ်စေချင်ရင်တော့ သူ့ဆီက ပစ္စည်းတွေ မှာမသုံးကြရန်က လွဲလို့ အခြား နည်းလမ်း မရှိတော့ပါဘူး။
ကိုးကား၊ ၊ Global News (Canada) May 14, 2020
Ref : Hla Soewai

No comments:

Post a Comment