ကားအမည်ပေါက် ပြောင်းရေး
ကညန ကတရားဝင်ထုတ်ပြန်တယ်လို့ ဆိုတဲ့စာမှာ မိမိဝယ်ယူခဲ့တဲ့ယာဉ်ကို မိမိနံမည်ပြောင်းဖို့အတွက် ယာဉ်တန်ဖိုးရဲ့ သုံးရာခိုင်နှုန်းကို ပေးဆောင်ပြီးမှ အမည်ပြောင်းပေးမယ်လို့ ဆိုပါတယ်။
ယာဉ်နံမည်အမည်ပေါက်ပြောင်းဖို့ဆိုတာကတော့ တရားဥပဒေစိုးမိုးရေး ဘာညာပေါ့လေ ကောင်းတဲ့ကိစ္စပါပဲ။ ပြောင်းသင့်တာပေါ့။
ဒါပေမယ့် လုပ်ပုံလုပ်နည်းလွဲနေတဲ့ကိစ္စကခက်တာပါ။ ဥပမာ ကားတစ်စီးကိုစတင်တင်သွင်းကတည်းက (သို့) ပြည်တွင်းကထုတ်တဲ့ကားတစ်စီးကို ဝယ်ယူခဲ့တာဆိုရင်လည်း ပထမဦးဆုံးဝယ်ယူခဲ့သူက သက်ဆိုင်ရာအခွန်စည်းကြပ်မှုအလိုက် အခွန်ဆောငိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒုတိယဝယ်ယူသူက အခွန်ထပ်မံပေးဆောင်စရာမလိုပါ။
နိုင်ငံတကာစံနှုန်းနဲ့ကြည့်ရင်လည်း ဒုတိယဝယ်ယူသူက အခွန်ထပ်မံပေးဆောင်ရန်မလိုအပ်ပါ။ အခွန်နှစ်ထပ်ပေးဆောင်ရသလိုဖြစ်နေမှာမိုပါ။
အဲဒီတော့ ဒုတိယဝယ်ယူသူသည်ဘာပေးဆောင်ရမလဲဆိုတော့ အမည်လွှဲပြောင်းခ စာရွက်စာတမ်းကြေးသာပေးဆောင်ရပါမည်။
ဥပမာ ။ ။ ဂျာမဏီနိုင်ငံမှာ ပထမကိုယ်ပိုင်ကားအသစ်ဝယ်ယူထားသူက သူ့ကားကိုပြန်ရောင်းတဲ့အခါ ဒုတိယဝယ်ယူသူက ကားနဲ့ပတ်သတ်ပြီး အခွန်အခ တစ်ပြားမှပေးစရာတာဝန်မရှိပါ။ ထို့အစားဒုတိယလူရဲ့ပိုင်ဆိုင်ကြောင်း အမည်ပြောင်းဖို့အတွက် စာရွက်စာတမ်းကြေးပေးသွင်းရာမှာ Euro 50 ခန့်
( မြန်မာငွေ ၇၅၀၀၀ ကျပ်ခန့်အပြင် ပိုကုန်စရာမရှိပါ)။

အဲဒီတော့ တရားဥပဒေစိုးမိုးချင်သူများ၊ နိုင်ငံတကာနဲ့ စံနှိုင်းချင်သူများ မြန်မာပြည်မှာ ကားအမည်ပေါက်ပြောင်းဖို့အတွက် ကားတန်ဖိုးရဲ့ ၃ % ( သိန်း ၁၅၀ တန်ကားဆို ၄၅၀၀၀၀ အခွန်) ပေးဆောင်ရမယ်ဆိုတာ သင့်တော်လား မသင့်တော်လားစဉ်းစားကြပါကုန်။
ကားအမည်ပေါက်ပြောင်းရေး ၂
ကားအမည်ပေါက်ပြောင်းရေး ပထမပိုင်းမှာ နိုင်ငံတကာမှာ ကားအမည်ပေါက်ပြောင်းရင် အခွန်ထပ်မဆောင်ရဘူးလို့ ရေးခဲ့ပါတယ်။
ဒီတော့နိုင်ငံတစ်ကာမှာ အခွန်ဘယ်လိုဆောင်ကြလဲ လေ့လာကြည့်ရအောင်ပါ။ သူတို့ဆီမှာက E Government ဖြစ်တဲ့အတွက် လူတစ်ယောက်ဝင်ငွေ ရခြင်း ၊မရခြင်းကိုအစိုးရသိပါတယ်။ အစိုးရက သူ ရရမယ့်အခွန်ကိုလည်း ခုနှိမ်ပြီးသားဖြစ်ပါတယ်။ ဥပမာ တစ်လဒေါ်လာတစ်ထောင်ရတဲ့သူဟာ သူ့လက်ထဲဒေါ်လာတစ်ထောင်ကို အလုပ်ရှင်ကတိုက်ရိုက်ပေးလိုက်တာမဟုတ်ပါဘူး။ အလုပ်သမားရဲ့ Bank Acc, ထဲထည့်ပေးလိုက်တာပါ။ အဲဒီကမှအစိုးရက သူရရမယ့် အခွန် အခ အားလုံးကိုနှုတ်လိုက်ပြီး ကျန်ငွေကိုအလုပ်သမားရဲ့ဘဏ်စာရင်းထဲထည့်ပေးလိုက်တာပါ။ ( အလွယ်ဆုံးဖြစ်အောင်ရှင်းပြတာပါ) အဲဒီတော့ဒီမှာလို အခွန်ဆောင်ပြီးသားလားတို့ မဆောင်ရသေးဘူးလားတို့ ငြင်းစရာမလိုတော့ပါ။
အဲဒီတော့ကားဘယ်လိုဝယ်ကြလဲ မေးကြည့်ရအောင်ပါ။ကားဝယ်မယ့်သူသည် ကားရောင်းတဲ့ပြခန်းကိုသွား ကြိုက်တဲ့ကားကိုဝယ် သတ်မှတ်တဲ့အခွန်ဆောင်ပြီးရင် မောင်းယူလာလို့ရပါပြီ။ ဒါ မထမဆုံးကားဝယ်တဲ့သူအတွက်ပါ။ ဒီ ပထမလူက သူ့ကားကိုမစီးချင်တော့လို့ သူ့သူငယ်ချင်းကိုပြန်ရောင်းမယ် ဒုတိယလူက သူ့ကားကိုပြန်ဝယ်မယ် ဟုတ်ကဲ့ အခွန်ထပ်ပေးစရာမလိုတော့ပါဘူး အမည်ပြောင်းခ မှတ်ပုံတင်ခပဲ ထပ်ပေးရပါမယ်။ အမည်ပြောင်းခအတွက် ကားတန်ဖိုးရဲ့ ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး သတ်မှတိထားတာကိုမရှိတာပါ။ ဒုတိယဝယ်ယူသူသည် သူ့ရဲ့ဝင်ငွေပေါ်မှာ ဝင်ငွေခွန်ဆောင်ခြင်း မဆောင်ထားခြင်းသည် တပတ်ရစ်ကားဝယ်ယုခြင်းပေါ်မှာ မည်သို့မျှအကျိုးသက်ရောက်မှုမရှိပါ။ ဘာဖြစ်လို့လဲဆိုတော့ ကားဆိုတာ စက်ပစ္စည်းဖြစ်တဲ့အတွက် တစ်ချိန်ကျရင် သုညတန်ဖိုးပဲ ရှိတော့မှာဖြစ်လို့ပါ။
ဆိုလိုတာက မည်သို့မျှတန်ဖိုးထပ်တက်စရာမရှိတော့ပါ။ ကားဝယ်စီးပြီး ပြန်ရောင်းလို့မြတ်တာ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။😁😁

ဒီနေရာမှာ အိမ် ခြံ မြေ အရောင်းအဝယ်မှာ အခွန်ပေးဆောင်ရခြင်းနဲ့ မရောထွေးစေလိုပါ။ အိမ် ခြံ မြေ သည်ထပ်ပွားလို့ရတဲ့အရာ မဟုတ်သည့်အတွက် ရွှေ့ပြောင်းလို့မရသည့် အရာဖြစ်တဲ့အတွက် သူသတ်မှတ်သည့် အခွန် အခ စည်းမျဉ်းအတိုင်းပေးဆောင်ရမှာပါ။
ကားကကျတော့ နှစ်စဉ်နှစ်တိုင်းနိုင်ငံတကာက ရိုက်ထုတ်နေတဲ့ စက်ပစ္စည်း ( သုညတန်ဖိုး) သာဖြစ်တဲအတွက် အမည်ပြောင်းရာမှာလဲ ရာခိုင်နှုန်းအလိုက် ထပ်ပေးစရာကိုမလိုတာပါ။
အခုဒီမှာက တပတ်ရစ်တောင်မက နှစ်ပတ် သုံးပတ် ဆယ်ပတ်လောက်ရစ်ထားတဲ့ 😁😁 ကားစုတ်တစ်စီးကို ပြန်ဝယ်တဲ့သူက ကားတန်ဖိုးရဲ့ သုံးရာခိုင်နှုန်းကို ထပ်သွင်းရမယ်ဆိုတာ ဟုတ်ကို မဟုတ်တာပါ။
တရားဥပဒေစိုးမိုးရေးအတွက် ကားဝယ်ရင်အမည်ပေါက်ပြောင်းရမှာမှန်ပါတယ်။ ဒါပေမယ့် အမည်ပြောင်းခ သတိမှတ်နှုံးထား ( ဥပမာ ငါးသောင်း) ကျပ်ဆိုရင် အားလုံးလက်ခံနိုင်တဲ့ မူတစ်ရပ်ဖြစ်လာမှာပါ။
နိုင်ငံတကာမှာလည်း အိုးအိမ်အခြေတကျ မရှိသူကအစ ကားဝယ်စီးနိုင်ပါတယ်။ အမည်ပြောင်းခ သုံးရာခိုင်နှုန်းတော့ မပေးရပါဗျာ။
ကားအမည်ပေါက်ပြောင်းရေး ၃
ကားအမည်ပေါက်ရရှိရေးအတွက် ဝယ်ယူခဲ့တဲ့ယာဉ်ရဲ့ သုံးရာခိုင်နှုန်း ပေးဆောင်ဖို့ရာ သငိ့တော်မှုရှိလား၊မရှိလားဆိုတာနဲ့ ကားတစ်စီးပေါ်မှာ အခွန်ပေါ်အခွန်ဆင့်ပြီးဆောင်နေရတာ ဟုတ်၊မဟုတ် စဉ်းစားကြရအောင်ပါ။
အရင်ကကားတစ်စီးတင်သွင်းလာခဲ့ရင် 15% ကနေ 30% အထိအခွန်ဆောငိခဲ့ကြရပါတယ်။ အခုတော့ 3% ဆောင်ရမှာပေါ့လေ။
ဒါဟာပထမဆုံးကားသွင်းလာတဲ့သူ (သို့) Showroom ကနေအသစ်စက်စက်ဝယ်တဲ့သူကနေ မဖြစ်မနေဆောင်ရတာပါ။ အဲဒီမှာပထမဆုံးအကြိမ် အခွန်ဆောင်လိုက်ရတာပါ။
ဒါကို ပထမလူကနှစ်အနည်းငယ်စီးပြီးတော့ ဒုတိယလူကိုရောင်းလိုက်မယ် ဒုတိယလူကလည်း အဲဒီအတိုင်းပဲအခွန်ထပ်ဆောင်ရမယ်ဆိုရင် ဒီကားတစ်စီးပေါ်မှာ အခွန်နှစ်ခါဆောင်လိုက်ရတာမဟုတ်ဘူးလား? ?
အဲဒီတော့ ဒုတိယလူက ဝင်ငွေခွန်ပြနိုင်ဖို့လိုတယ်လို့ပြောကြပြန်တယ်။ ဒါဆို အခွန်ပေးစရာမလိုဘူးပေါ့။
အိုကေပါ အခွန်ရဲ့သဘောကိုလေ့လာကြည့်ရအောင် ။ လက်ရှိအခွန်ဥပဒေအရ တစိလကို ၄ သိန်းနဲ့အထက်ဝင်ငွေရှိသူဟာ ဥပဒေအရ ဝင်ငွေခွန်ဆောင်ရတယ်ပေါ့။ ၄ သိန်းနဲ့ ၁ ကျပ် ဝင်မှဆောင်ရမှာနော်။

ဆိုပါတော့ လူတစ်ယောက်က တစ်လဝင်ငွေ လေးသိန်းရှိတယ် ။ လေးသိန်းမကျော်လို့ ဝင်ငွေခွန်ဆောင်စရာမလို။ သူတစိလကို သုံးသိန်းစုနိုင်တယ် လပေါင်း ၅၀ ကြာတဲ့အခါ သိန်း ၁၅၀ ရလို့ ကားအဟောင်းတစ်စီး မိတ်ဆွေတစ်ယောက်ဆီကဝယ်တယ်။ သူစုထားခဲ့တဲ့ငွေဟာ ဝင်ငွေခွန်မဆောင်ခဲ့ရလို့ ငွေမည်းဖြစ်သွားရောတဲ့လား? ??
နောက်တစ်ယောက် သူ့မှာစုထားတဲ့ငွေ သိန်း ၉၀ ရှိတယ် ရပ်ကွက်ထဲကငွေတိုး သိန်း ၃၀ ချေးပြီး ကားဝယ်မယ်။ အဲ့ငွေကရောဝင်ငွေခွန်မဆောင်ထားလို့ဆိုပြီး ငွေမည်းဖြစ်ရောလား😁😁
နောက်တစ်ခုက ကားဆိုတာ စက်ပစ္စည်းတစ်ခုသာဖြစ်တယ် ၊ တစ်ချိန်ချိန်ကြရင် သုညတန်ဖိုးသာရှိတော့မယ်ဆိုတာ နိုင်ငံတကာက လက်ခံထားကြတယ်။
ဒါကြောင့်လည်းကားအသစ်တစ်စီးပေါ်မှာသာ အခွန်ဆောင်ပြီးလို့ ဒီကားကို ပြန်ရောင်းတဲ့အချိန်မှာ အဟောင်းစျေးသာဖြစ်လို့ ဘယ်နိုင်ငံမှာမှ ဒုတိယဝယ်တဲ့သူသည် ဝင်ငွေခွန်ပြရမည်တို့၊ မပြနိုင်ပါက ရာခိုင်နှုန်းမည်မျှပေးမှ အမည်ပြောင်းပေးမည်တို့ ရှိကိုမရှိတာပါ။

အခုရန်ကုန်က လမ်းမပေါ်တွေမှာ ကားဆယ်စီးတွေ့ရင် ၇ စီးလောက်က တက္ကစီတွေပါ။ သူတို့ပျော်လို့ မောင်းနေကြတယ်ထင်လို့လား။ တစ်ချို့တွေက တောကယာလေးတွေရောင်းပြီးမြို့တက် တက္ကစီဝယ်မောင်းစားနေတဲ့သူတွေ၊ တစ်ချို့က မလေးရှားတို့ ထိုင်းတို့မှာ ကျွန်ခံအလုပ်လုပ်လာကြပြီး ရတဲ့ငွေလေးနဲ့ တက္ကစီဝယ် မောင်းစားနေတဲ့လူတွေ အဲ့လိုလူတွေကအများစုပါ။ အဲ့လိုလူတွေက ဝင်ငွေခွန်ဆိုတာအသာထားလို့ အိမ်ကမိသားစုထမင်းနပ်မှန်ဖိုတောင်မနည်းကြိုးစားပြီး ကားမောင်းရှာနေရတဲ့သူတွေ၊ အဲ့လူတွေပါးစပ်ထဲက လေးသိန်းခွဲလောက်နှိုက်ထုတ်ဖို့ ကြံနေကြသူတွေလို့ ပြောရင်စိတ်ဆိုးမှာလား😏😏
တိုင်းပြည်တည်ထောင်ရေးအတွက် အခွန်ကရမှဆိုတာလက်ခံပါတယ်။ ဆောင်လည်းဆောင်ကြရမှာပါ။ ဒါပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့အခွန်မျိုးနဲ့ပေးသင့်ပေးထိုက်တဲ့အခွန်မျိုးဖြစ်ဖို့တော့ လိုတာပေါ့လေ။
အခုလိုမျိုး သုညတန်ဖိုးဖြစ်သွားမယ့်စက်ပစ္စည်းတစ်ခုပေါ်မှာ မတရားနင်းကန်ပြီး ဥပဒေအရဆိုရင်တော့ 😞😞

ကားအမည်ပြောင်းရေး ၄
( စနစ်တစ်ခု၏သားကောင်များ)
( စနစ်တစ်ခု၏သားကောင်များ)
ဒီပို့စ်ကိုဆက်တိုက်ရေးတော့ တစ်ချို့က ဒီကောင်အခွန်မဆောင်ချင်လို့ ရေးတယ်ပြောကြတယ်။ တိုင်းပြည်ရဲ့ ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးအတွက်အခွန် အခ ပေါ်မှာတည်ဆောက်ရတယ်ဆိုတာလက်ခံပါတယ်။
ဒါပေမယ့်ဆောင်ရသည့်အခွန်သည် ပေးသင့်ပေးထိုက်သည်အခွန်လား၊ အခွန်နှစ်ထပ်ဖြစ်နေသလားဆိုတာကိုတော့ ပြန်စီစစ်ရမှာပါ။

ကားတစ်စီးဝယ်စီးရင် တိုင်းပြည်ကသတ်မှတ်တဲ့အခွန်အခ အားလုံးကိုပေးဆောင်ဖို့တာဝန်ရှိတယ်၊ ဒါမှန်တယ် ပေးရမယ်။ သို့သော်အခွန်ဆောင်ထားပြီးသား ကားတစ်စီးကို ဒုတိယလူပြန်ဝယ်စီးတဲ့အခါ ဘာအခွန် ၊အခ မှပေးစရာမလိုတော့ဘူး။ အကြောင်းက ပထမလူက ဒီအတွက်ပေးချေပြီးသားဖြစ်နေလို့ပဲ။ဒီနေရာမှာ မရှင်းတဲ့သူတွေက ဒုတိယဝယ်တဲ့သူက ဝင်ငွေခွန်မရှိရင် ထပ်ဆောင်ရမှာပေါ့တဲ့။မလိုပါဘူး ။
မလိုပါဘူးဆိုတာက ဒုတိယလူသည်ဝင်ငွေခွန်မရှိသော်လည်း ဒီကားကိုဝယ်ခွင့်ရှိပါတယ်။ ကားဆိုတာမျိုးက စီးရင်းစီးရင်းနဲ့ပိုပိုပြီးသစ်လွင်လာတာ၊ တန်ဖိုးတက်လာတဲ့ပစ္စည်း မဟုတ်ပဲ တစ်ချိန်မှာသုညတန်ဖိုးဖြစ်သွားမှာမို့လို့ပါပဲ။ ဒုတိယလူက ဝင်ငွေခွန်မရှိလို့ အခွန်ရုံးကိုသွားဝင်ငွေခွန်ဆောင်ပြီးတော့ကားရဲ့ ရာဖြတ်တန်ဖိုးအရ. 3% ထပ်ပေးလိုက်ရပြီဆိုရင် ဒီကားပေါ်မှာ အခွန်နှစ်ထပ်ကျသင့်သွားပြီဖြစ်ပါတယ်။
ဒီတော့ဒုတိယဝယ်သူသည် အခွန်ဆောင်စရာမလိုလို့ ငွေမည်းသမားတွေလိုက်ဝယ်ရင်ဘယ်လိုလုပ်မလဲလို့ ခပ်ပိန်းပိန်းအတွေးနဲ့မေးကြပြန်ပါတယ်။ ဘယ်လိုမှလုပ်စရာမလိုပါဘူး သိန်း ၁၀၀/ ၁၅၀ လောက်နဲ့ဘယ်ငွေမည်းသမားကလည်းလိုက်မလုပ်ပါဘူး။ အဓိက က ကားဖြစ်နေလို့ပါပဲ ။တစ်ချိန်ကျရင် အရည်ကြိုဖြစ်သွားမယ့်ကားတစ်စီးအတွက် ဘယ်ငွေမည်းသမားကမှ စိတ်မဝင်စားပါဘူး။သိပ်ထိန်းချုပ်ချင်တယ်ဆိုရင် လူတစ်ယောက်ကို ကားတစ်စီးပဲအမည်ဖောက်ခွင့်ပေးလိုက်လေ။ ပိုဖာက်မယ့်လူကို နှုနိးထားတစ်ခုထားပြီးပိုယူလိုက်ပေါ့။
( ဒါ ကားအသစ်ဝယ်မယ့် ပြည်ပကသွင်းလာမယ့်လူတွေနဲ့မဆိုင်ဘူးနော်။ ကားအဟောင်းပြန်ဝယ်စီးမယ့် လူတန်းစားအတွက်ပြေပြနေတာ)

ပြောခဲ့ပြီးပါပြီ အိမ် ခြံ မြေ အခွန်နဲ့တော့ရောထွေးလို့မရပါ။ အိမ် ခြံ မြေ သည် မရွှေ့ပြောင်းနိင်သောပစ္စည်း ၊ ထပ်မံပွားယူလို့မရတဲ့အတွက် အစိုးရသတ်မှတ်သည့်အတိုင်း ဘယ်နှစ်ကြိမ်ဝယ်ဝယ် ဝယ်သည့်အကြိမ်အတိုင်း အခွန်ပေးဆောင်ရမှာပါ။
မော်တော်ယဉ်မှာတော့ ဒီလိုလုပ်လို့မရပါဘူး။ဘယ်နိုင်ငံမှလည်းမလုပ်ပါဘူး။
ထိုင်းမှာလည်းမလုပ်ဘူး။ ဂျာမဏီမှာလည်းမလုပ်ပါဘူး။ ဂျာမဏီမှာဆို ဒုက္ခသည်အဖြစ်နေတဲ့သူကလည်း အစိုးရထောက်ပံ့ကြေးယူပြီး ကားအဟောင်းဝယ်စီးလို့ရပါတယ်။သူ့မှာအလုပ်မရှိတဲ့အတွက် ဝင်ငွေခွန်ပြစရာမရှိလို့ ကားဝယ်မစီးရဘူးဆိုတာမရှိပါဘူး။ သူတို့ဆီမှာကားဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပဲ နေ့စဉ်သုံးပစ္စည်းတစ်ခုလို့သတ်မှတ်လို့ပါပဲ။

အဲဒီတော့ ငွေဖြူ ၊ ငွေမည်း ဘယ်လိုခွဲကမလဲ။ ဝင်ငွေခွန်မပြနိုင်ရင် ငွေမည်းဖြစ်ရောလား??
ဥပမာ အိမ်ထောင်တစ်စုမှာ မိသားစု ၇ ယောက်ရှိတယ် ။ ၅ ယောက်အလုပ်လုပ်တယ်။ တစ်ယောက်ကို တစ်လ လေးသိန်း ဝင်ငွေရှိတယ်။တစ်ယောက်ကို တစ်လ လေးသိန်းပဲဝင်ငွေရှိတဲ့အတွက် ဝင်ငွေခွန်ဆောင်စရာမလိုဘူး။ သူတို့ငါးယောက် တစ်နှစ်လောက်စုလိုပ်လို့ ငွေ သိန်းတစ်ရာရှိလာတဲ့အခါ ကားအဟောင်းလေးတစ်စီးဝယ်မယ် ၊ ဒါပေမယ့် သူတို့မှာဝင်ငွေခွန်မပြနိုင်တဲ့အတွက် ဝယ်မယ့်ကားဟောင်းပေါ်မှာ
ကားတန်ဖိုးရဲ့သုံးရာခိုင်နှုန်းထပ်ပေးရမယ် ဆိုရင် ဒါဟာဖြစ်သင့်လား မဖြစ်သင့်လားစဉ်းစားပါ။ သူတို့ဝယ်မယ့်ကားသည် အဟောင်းဖြစ်တဲ့အတွက် ဝင်ငွေခွန်မရှိလို့ ကားတန်ဖိုးရဲ့သုံးရာခိုင်နှုန်းထပ်ဆောင်ရတယ်ဆိုရင် အစိုးရက ကားပေါ်မှာအခွန်နှစ်ထပ်ကောက်တာပါ။ ဒီမိသားစုက နောက်တစ်ယောက်ကိုထပ်ရောင်းတယ် သူကလည်းဝင်ငွေခွန်ပြစရာမရှိဘူး ။ ဒီတော့ထပ်ပေးဦး သုံးရာခိုင်နှုန်း။ ဒီတော့မေးစရာရှိလာပြန်ပါတယ်။အပေါ်မှာရေးခဲ့တဲ့ မိသားစုသည်ဝင်ငွေခွန်ဆောင်စရာမလိုလို့ မဆောင်ခဲ့ဘူး။သို့သော်သူတို့စုထားခဲ့သည်ငွေသည် ဝင်ငွေခွန်မပြနိုင်လို့ဆိုပြီး ငွေမည်းဖြစ်သွားရောလား???
ဆိုပါစို့ ကျောင်းဆရာတစ်ဦး နှစ်သုံးဆယ်အလုပ်လုပ်လာတယ် လစာကတစ်နှစ်လေးဆယ့်ရှစ်သိန်းမကျော်လို့ ဝင်ငွေခွန်မဆောင်ခဲ့ရဘူး။ ဒါပေမယ့်သူပိုက်ဆံစုလာတယ်။အတော်အသင့်စုမိတဲ့အချိန်မှာ လိုတဲ့ပိုက်ဆံထပ်ချေးပြီး ကားဝယ်မယ်။ သူ့မှာဝင်ငွေခွန်ပြစရာမရှိတဲ့အတွက် သူ့ပိုက်ဆံသည် ငွေမည်းဖြစ်သွားရောလား? ??( ကားဝယ်မယ်ဆို ဝင်ငွေခွန်မပြနိုင်တာနဲ့ ငွေမည်းဖြစ်မှာနော်၊ )
ကဲ မဖြစ်မနေပေးရပြီဆိုရင်လည်း ကားရဲ့ရာဖြတ်စာရင်းကိုကြည့်ရအောင် ။
ကားတစ်စီးရဲ့မူရင်းစျေးက US $ 2000 ဆိုပါစို့ ၊ ပထမကားတင်သွင်းလာသူသည် ဒီကားအပေါ်မှာ သယ်ယူပို့ဆောင်ခ၊ အင်ဂျင်ပါဝါအလိုက်နှုန်းထား။ ကညနကြေး စသဖြင့်အားလုံးပေါင်းလိုက်တော့ US $ 5000 လောက်ဖြစ်သွားပါတယ်။ ဒါကပထမဆုံးသွင်းလာတဲ့သူပေါ်မှာကောက်တာ။ အိုကေပါ ပေးရမှာပေါ့ ပထမဆုံးစီးရမယ့်သူကိုး။ ဒီလူက ဒုတိယလူကို ပြန်ရောင်းတဲ့အခါမှာ ဒုတိယလူကဝင်ငွေခွန်မရှိလိူ့ဆိုပြီး US $5000 အပေါ်မှာပဲ 3% ထပ်သွင်းရမယ်ဆိုရင် စဉ်းစားလေ အခွန်နှစ်ထပ်ဖြစ်နေပြီ။ ကားရဲ့မူရင်းတန်ဖိုး US $2000 ပေါ်မှာပဲကောက်တယ်ဆိုရင်တောင်ဖြေသာပါသေးတယ်။အခုတော့ တစ်ယောက်ပြီးတစ်ယောက်လာထားပဲ ဝင်ငွေခွန်မပြနိုင်တာနဲ့တင် အစိုးရသည်မူရင်းကားတန်ဖိုးရဲ့ အဆ၂၀ လောက် အခွန်ထပ်နေမယ့်ကိန်း။
နောက်မြန်မာပြည်မှာ အစိုးရဋ္ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုမရှိဘူးလို့ပြောကြတယ်။ ဥပမာ စည်ပင်ကလမ်းခင်းတယ် ၊ စွမ်းအင်က ဓာတ်တိုင်ရွှေ့တယ်ဆိုပြီး ခင်းထားတဲ့လမ်းကိုပြန်ဖောက်တယ်။ အခုကိစ္စကြတော့ အခွန်နဲ့ကညန နှစ်ခုပေါင်းပြီးပြည်သူကိုချောင်ပိတ်ရိုက်သလိုပဲ။ အခွန်မှာဝင်ငွေခွန်ပြမထားရင်ကားအမည်ပေါက်မရ ဆိုတဲ့မူ ။သူတို့နှစ်ယောက်ညီညွတ်ချက်ကြကြောက်စရာကြီး။

နောက်ပြီးတော့ ဒီလိုအကြံဥာဏ်ကို ကညနကိုဘယ်သူပေးသလဲ။ တော်တော်များများသိပြီးသားပါ ကညန နားမှာဘယ်သူတွေဝန်းရံနေသလဲဆိုတာ။ ကိုယိ့စီးပွားဖြစ်ဖို့တစ်ခုတည်းအတွက်နဲ့တော့ ပြည်သူကိုချမနင်းပါနဲ့ဗျာ။
နည်းစနစ် ဥပဒေဆိုတာ လူကရေးဆွဲတာပါ။ ဆွဲထားတဲ့ဥပဒေမှာ အားနည်းချက်တွေ ချို့ယွင်းချက်ှုတွေရှိနေရင်လည်း လူတွေကပဲ ပြန်ပြင်ရမှာပါ။
အစိုးရကိုလွှတ်တော်ကထိန်းကျောင်းသလို တိုင်းပြည်ကိုပြည်သူကထိန်းကျောင်းရပါမယ်။ ပြည်သူ့အတွက်ရေးထားတဲ့ဥပဒေတစ်ခုဟာ ပြည်သူအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မယ် အဆင်မပြေနိုင်ဘူးဆိုရင် ပြန်ပြင်ပေးရမှာ အစိုးရတာဝန်ပါ။

ကားအမည်ပေါက်ပြောင်းရေး ၅
WIN WIN SITUATION
WIN WIN SITUATION
ကားအမည်ပေါက်ပြောင်းရေးအတွက် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ကညန နဲ့မော်တော်ယဉ်ပိုင်ရှင်တွေအတွက် ယာယီဖြေရှင်းစရာ WIN WIN SITUATION တစ်ခုရှိပါတယ်။
ခေါင်းစဉ်ကို " ကားအမည်ပြောင်း၊မှတ်တမ်းတင်စနစ် " လို့သုံးပါမယ်။
ကညနကထုတ်ပြန်တဲ့ နံပါတ်တစ် အချက်ထဲမှာ တရားဥပဒေစိုးမိုးရေး၊လုံခြုံရေးအတွက် ယဉ်ပိုင်ရှင်များ၏ အမည် ၊နေရပ်လိပ်စာမှန်ကန်ရေးအဓိကဆိုပြီးပါပါတယ်။

ယခုလက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကိုယာယီကျော်လွှားနိုင်ဖို့အတွက် ကညန က" နာမည်ပြောင်း၊မှတ်တမ်းတင်စနစ် " လုပ်ပေးဖို့ပါပဲ။ လွယ်ပါတယ် လက်ရှိစီးနေတဲ့ကားရဲ့ အုံနာဘုတ်၊ ဝှီးတက်နဲ့မိမိရဲ့မှတ်ပုံတင်ကိုယူသွားပြီး သက်ဆိုင်ရာနယ်မြေမှာသတ်မှတ်ထားတဲ့ ကညနရုံးကိုသွားပြီး မိမိရဲ့လိပ်စာနဲ့ ယခုကားကိုမိမိစီးနေကြောင်း ကညနမှာမှတ်တမ်းတင်ထားဖို့ပါပဲ။ ဒါဆိုကညနမှတ်တမ်းမှာ အမည်ပေါက်ကားမဟုတ်ပေမယ့် ဒီကားမည်သည့်လိပ်စာမှာရှိနေတယ်ဆိုတာ အလွယ်တကူသိနိုင်ပါပြီ။
ဥပမာ အုံနာဘုတ်မှာ ဦးဖြူ ။နေရပ် အငိးစိန် ဖြစ်နေပေမယ့် လက်ရှိလိပ်စာမှာတော့ ဦးနီ ၊ သာကေတ အဖြစ်ရှိနေပါမယ်။ အုံနာဘုတ် ၊ဝှီးတက်မှာဘာမှပြောင်းစရာမလိုပါ။ အမည်ပေါက်ပြောင်းသွားမှာလည်းမဟုတ်ပါ။ လက်ရှိကားရဲ့တရားဝင်လိပ်စာနဲ့ အမည် ၊ ဖုန်းနံပါတ် ရသွားမှာဖြစ်လို့ပြသနာတစ်စုံ တစ်ရာဖြစ်ခဲ့ရင်လည်း ကညနစာရင်းအရ အမည်ပြောင်းနေရာကိုချက်ချင်းသိနိုင်မှာပါ။ နယ်လိုင်စင်နဲ့ရန်ကုန်မှာစီးနေတာ ၊ ရန်ကုန်လိုင်စင် နဲ့ နယ်မှာစီးနေတာ အငြင်းပွားစရာလည်းမရှိတော့ပါ။ လက်ရှိအမည်၊နေရပ်လိပ်စာ အမှန်လည်းရရှိသွားမှာဖြစ်ပါတယ်။ ဒီလိုယာယီ " အမည်ပြောင်း၊မှတ်တမ်းတင်ဖို့အတွက် " ကားတစ်စီးကို အမည် ၊ လိပ်စာပြောင်းကြေးအတွက် တစ်သောင်းကျပ် ကောက်လိုက်ပါ။ အမည်တစ်ခါပြောင်းတိုင်း အစိုးရက တစ်သောင်းကျပ် ရပါမယ်။ တပြည်လုံးမှာ ကားအစီးရေ တစ်သန်းရှိလို့ ၇၀ % ကအမည်ပေါက်မဟုတ်လို့ အမည်ပြောင်းလုပ်ရမယ်ဆို အစိုးရက ခုနှစ်ဘီလီယံ ကျပ် အမည်ပြောင်းကြေးရမှာပါ။
တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအတွက်လည်း ယာဉ်ပိုင်ရှင်ရဲ့ လိပ်စာအမှန်ကိုရပါမယ်။
အခုလက်ရှိအငြင်းပွားနေကြတဲ့ အမည်ပေါက်ဖို့အတွက် သုံးရာခိုင်နှုံး ဆောင်ရခြင်း၊ မဆောင်ရခြင်းကိုတော့ အခွန်ဥပဒေပညာရှင်တွေနဲ့ဖြည်းဖြည်းဆက်ဆွေးနွေးကြပေါ့ဗျာ။တိုင်းပြည်မှာ တစ်နေ့ ကားတစ်စီးကို ဖုန်းတစ်လုံး စတိုးဆိုင်မှာအလွယ်တစ်ကူဝယ်လို့ရတဲ့တစိနေ့ အခုဖြစ်နေတဲ့ အငြင်းပွားဖွယ်ကိစ္စတွေပပျောက်သွားမှာပါ။
တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအတွက်တစ်ကယ်ဦးစားပေးပြီးလုပ်ချင်တယ်ဆိုရင်တော့ ယခုအကြံပြုထားတဲ့ " အမည်ပြောင်း၊မှတ်တမ်းတင်စနစ် " ကိုယာယီကျင့်သုံးခြင်းဖြင့် ကညန နဲ့ မော်တော်ယဉ်ပိုင်ရှငိတွေကြားထဲက အခက်အခဲတစ်ခုကယာယီပြေလည်သွားမှာပါ။
မိတ်ဆွေရောဘယ်လိုထင်ပါသလဲ။ ဖြစ်နိုင် ၊ မဖြစ်နိုင်၊ သဘောတူတယ် ၊ မတူဘူး အဆင်ပြေရင်မန့်သွားလို့ရပါတယ်။
(ဤပို့စ်၏ မူရင်းရေးသားသူသည် ကိုစိုးပိုင် Soe Paing ဖြစ်ပါတယ် ကျေးဇူးပါ)

No comments:
Post a Comment