Thursday, April 30, 2020

Remdesivir ဗိုင်းရပ်စ်ဆေး ကရိုနာဗိုင်းရပ်စ်ရောဂါအတွက် အရေးပေါ်အသုံးပြုရန်



Remdesivir ဗိုင်းရပ်စ်ဆေးကို ကရိုနာဗိုင်းရပ်စ်ရောဂါအတွက် အရေးပေါ်အသုံးပြုရန် အမေရိကန် FDA ကနေ ထုတ်ပြန်ဖွယ်ရှိပါတယ်။
စမ်းသပ်ကုသပေးနေဆဲဖြစ်ပေမဲ့ NIAID အင်းစတီကျုဒါရိုက်တာ Dr Anthony Fauci နဲ့ သမတဒေါ်နယ်ထရမ့်ဆို့က အလားအလာ ကောင်းတယ်လို့ ဆိုပါတယ်။ လူနာတွေ ပြန်လည်ကောင်းမွန်လာချိန် သုံးပုံတပုံလောက်နီးပါး ရက်တိုစေတာ တွေ့ရတယ်။
Gilead Sciences ဆေးကုမ္ပဏီကနေထုတ်တဲ့ဆေးဖြစ်တယ်။ Ebola အီဘိုလာဖြစ်စဉ်ကလည်း သုံးခဲ့တယ်။ ဒါပေမဲ့ အတည်ပြုချက်ရတဲ့အထိ မရောက်ခဲ့ပါ။ Gilead ကနေ သီးသန့် လူနာ ၃၉၇ ယောက်ကို စမ်းပေးခဲ့တယ်။ ဆေးကို ၅ ရက်ကနေ ၁၀ ရက်ပေးတယ်။ လူနာဦးရေတဝက်မကကို ဆေးရုံကနေ ၁၄ ရက်နဲ့ ဆင်းပေးနိုင်ခဲ့တာတွေ့ရတယ်။
တရုပ်ပြည်မှာစမ်းပေးတော့ အလာအလာ မကောင်းခဲ့တာတွေ့ရတယ်။
Dr Fauci ကတော့ ၃၁% တိုးတက်မှုဆိုတာ ၁၀၀% လိုတော့ မကောင်းလှပါလို့ဆိုပါတယ်။ အတိုင်းအတာတခုထိတော့ ကောင်းတယ်။ ကရိုနာဗိုင်းရပ်စ်ကုသဆေးတွေသတင်းက အမျိုးမျိုးတက်နေတာကို သတိပြုရပါမယ်။
ဒေါက်တာတင့်ဆွေ

၂၉-၄-၂၀၂၀

No comments:

Post a Comment