Tuesday, June 30, 2020

ရေသန့်စင်ခြင်း, စမ်းသပ်မူ, ရေသန့်အကြောင်း သိမှတ်ဖွယ်ရာများ-Water Treatment Process and Testing





Water Treatment Process and Testing
---------------------------------------------------------------
ရေသန့်စင်ခြင်း, စမ်းသပ်မူ, ရေသန့်အကြောင်း သိမှတ်ဖွယ်ရာများ
....................................................................................................
1. ရေကို ဘာကြောင့် သန့်စင်သင့်သလဲ....?
=================================================
ရေတွင်ညစ်ညမ်းသော အရာများ ပျော်ဝင်နေသောကြောင့် ရေကို သန့်စင်ခြင်းဟု အလွယ်သဘောဖြင့် မှတ်ကြတာ များပေလိမ့်မည်..
မည်သည့်အရာတွေ များသလဲ...ဆိုတာကိုတော့ Technically ကျကျ ဆက်ကြပါစို.....
ရေတွင်....
Physical..(ရုပ်ပိုင်းဆိုင်ရာ)
Chemical.(ဓာတ်ပိိုင်းဆိုင်ရာ)
Biological..(ဇီဝပိုင်းဆိုင်ရာ)
စသည်ဖြင့်များစွာ ပါဝင်နေသည်ကို ကျနော် ယခင် Post တွေမှာ ပြောပြထားပြီးသားမို့ အနည်းငယ် နားလည်လိမ့်မည်...
ရေကို သောက်သုံးရန် အဆင့်ထိ သန့်စင်ဖို့ လိုအပ်ပေသည်...Raw Water (ရေကြမ်း)ထဲတွင် Organic နှင့် Inorganic Matter များသည် သောက်သုံးရန် အဆင့်ထက် များပြားနေမည်ဆိုတာကတော့ ကျနော် သေချာပေါက် အတိအကျ ပြောနိုင်သည်....ဒါကြောင့်သာ ကျနော်တို့ ရေကို သန့်စင့်ဖို့ အကောင်းဆုံး နည်းလမ်းတွေ Technology ကောင်းကောင်းတွေကို ဆောင်ရွက်ကြရတယ်မလားးးး....အကြောင်းက သတ်မှတ်ချက် အဆင့်ထက် ကျော်လွန်နေပါက ကျန်းမာရေးနှင့် ဆိုင်သော ရောဂါများကို သေချာပေါက် ဖြစ်ပေါ်စေနိုင်သည်...
မိသားစုတွင်သော်လည်ကောင်း, ပတ်ဝန်းကျင်တွင်သော်လည်ကောင်း, တစ်ဦးတစ်ယောက်ချင်းသော်လည်ကောင်း ရေနှင့်ပတ်သက်၍ ဖြစ်တတ်သော အရာများကို သိထားမည်ဆိုပါက ဗဟုသုတများကို ပြန်လည်မျှဝေနိုင်ပြီးးး ကျန်းမာရေးဆိုင်ရာ ပြသနာများလည်း ဖြေရှင်းနိုင်မည် ဖြစ်သည်..ရေနှင့် သက်ဆိုင်သော ရောဂါများကို မဖြစ်ပေါ်စေရန် မိမိတို့ အသုံးပြုသော ရေသည် သန့်ရှင်းရန် အလွန်မှ အရေးကြီးပေသည်...
ဥပမာ... ရေဖြင့် ဖြစ်တတ်သော ရောဂါအချို့ကို ဖော်ပြပေးလိုက်သည်..
ဝမ်းပျက်ခြင်း...ဝမ်းလျောခြင်း..ကျောက်တည်ခြင်း...လည်ချောင်းကင်စာ...ဆီးကျောက်တည်ခြင်း..အရိုးနှင့် ဆိုင်သော ရောဂါ... အာရုံကြောနှင့်ဆိုင်သော ရောဂါ... စသည်တို့သည် ရေကြောင့် ုဖစ်တတ်သော ရောဂါများ ဖြစ်ပေသည်...
မသန့်စင်သော ရေကို နေ့စဥ်သောက်သုံးမည် ဆိုပါက အသက်ဆုံးရူံးသည့် အထိ ဖြစ်စေနိုင်သည်...
ရေတွင် Bacteria... Lead, Mercury and Pollutants များကို သောက်သုံးရေ Standard (WHO Guidelines) အတွင်း ဝင်စေရန် သန့်စင်ရမည် ဖြစ်သည်...
စက်ရုံ အလုပ်ရုံများ,အိမ်များ,ကျောင်းများ,ဆေးရုံများ,စားသောက်ဆိုင်များ,စီးပွားရေးလုပ်ငန်းများအတွက်သုံးသောရေသည် အဓိအားဖြင့် ပိုမို သန့်စင်ရန် လိုအပ်ပေသည်...ထိုနေရာများသာမက ရေသည် အပင်နှင့် သတဝါ သဘာဝပတ်ဝန်းကျင်ကြီးအတွက်လည်း မရှိမဖြစ် လိုအပ်သော အရာဖြစ်ပေသည်..
ဒါကြောင့်ပင် ရေကို သန့်စင့်ခြင်းသည် အလွန်အရေးကြီးသော အခန်းတွင် ပါဝင်သည်ဟု ဆိုရမည်....
2.မြန်မာနိုင်ငံ၏ ရေနှင့် ရေသန့်အခြေအနေ
================================================
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း Gound Water (မြေအောက်ရေ)နှင့် Surface Water (မျက်နှာပြင်ရေ) သည် တစ်ဖြည်းဖြည်း ညစ်ညမ်းလာသည်ကို စာဖတ်သူ မိတ်ဆွေလည်း သတိထားမိနေမှာပါ...ယခင်က မြေအောက်ရေသည် သန့်စင့်သေလောက် သန့်စင်နေပါလိမ့်မည်...ယခုအချိန်မှာ မိတ်ဆွေသည် ထို အယူကို လက်ကိုင်ထားနေမယ်ဆိုရင်တေယ့ မှားယွင်းသော အယူအဆလို ပြောရပေမည်... ယခုဆိုလျင်ဖြင့်...စိုက်ပျိုးရေးဆေးများ
စက်ရုံ အလုပ်ရုံများမှ စွန့်ပစ်ရေများ...နေအိမ်..ဆေးရုံ ကျောင်းမှားမှ စွန့်ပစ်ရေများကြောင့် အဘယ်မှာ သန့်နိုင်ပါသနည်း..အရင်ကထက် ပိုမို ညစ်ညမ်းလာရသည်.
ထို အချက်များကြောင့် မြေအောက်ရေ (Ground water) နှင့် Surface Water (မျက်နှာပြင်ရေ) ကို တိုက်ရိုက်သောက်သုံးခြင်းကို ယခုအချိန်မှာ ရပ်တန့်သင့်ပြီလို့ သတိပေးပါရစေ မိတ်ဆွေ....
မြန်မာနိုင်ငံ၏ ရေသန့် အခြေအနေကို ကြည့်ကြပါစို........
စာဖတ်သူ မိတ်ဆွေသည် ရေသန့်လုပ်ငန်း သို့မဟုတ် ရေသန့်ထုတ်လုပ်ခြင်း လုပ်ငန်းတွင် လုပ်မည်ဆိုပါက စားသုံးသူ မိမိတို့၏ လူမျိုး အပေါ် ပေးရသော ငွေကြေးနှင့် ထိုက်သင့်သော Quality အား ရရှိရန် လိုအပ်သည်...ဒါကြောင့် သန့်စင့်သော ရေကိုသာ ထုတ်လုပ်ရောင်းချဖို့ တိုက်တွန်းပါရစေ..
ရေကြောင့် များစွာသော ရောဂါများ ဖြစ်စေနိုင်သောကြောင့် ရေသန့်လုပ်ငန်း သို့မဟုတ် ရေထုတ်လုပ်သည့် လုပ်ငန်းတွင် လုပ်​ငေ်မည်ဆိုပါက သေချာ လေ့လာပါ.. တတ်သိနားလည်သော ပညာရှင်များစွာ ထံမှ ဆွေးနွေးအကြံယူမူများစွာ ယူပြီး လုပ်ဆောင်စေရန် တိုက်တွန်းပါသည်...မိတ်ဆွေ
3.စားသောက်ကုန်တွင် ရေဘာကြောင့်သန့်စင်ရန် လိုအပ်ပါသလဲ.?
==================================================
စားသောက်ကုန် လုပ်ငန်းတိုင်း လိုလိုပင် ရေသန့်စင်ပြီးမှ ရှေ့ဆက် လုပ်ဆောင်ရန် လိုအပ်နေသည်...ဘယ်လို စားသောက်ကုန်တွေလည်း ဆိုတာတော့ ဆက်ကြပါစို.......
အဖျော်ယမကာ စက်ရုံများ....
အစားအစာ စက်ရုံများးးး
ဥပမာ...
ဘီယာစက်ရုံ..အချိုရည်....ပေါင်မုန့် ကိတ်မုန့်...ရေသန့်စက်ရုံ...နို့ဆီစက်ရုံ...အလှကုန် စက်ရုံ...အားလူးကြော် စက်ရုံ...အိမ်သုတ်ဆေးစက်ရုံ..ဆေးစက်ရုံ...ခေါက်ဆွဲစက်ရုံ...မည်သို့သော ထုတ်လုပ်ရေး လုပ်ငန်းများတွင် မဆို ရေသန့်စင်ရန် အလွန်မှ လိုအပ်ပေသည်...
မသန့်စင်သော ရေကို အသုံးပြုမည်ဆိုပါက
ထုတ်ကုန်များ ညစ်ညမ်းခြင်း
ဘေးအန်တရယ်များ ဖြစ်စေခြင်း
ထုတ်ကုန်၏ သက်တမ်းအား မရရှိခြင်း
မူလ အရသာကို ပျက်စေခြင်း
အရေအသွေး မကောင်းသော ထုတ်ကုန်များမှ တစ်ဆင့် ကျန်းမာရေးနှင့် သက်ဆိုင်သာ အရာများ ဖြစ်စေနိုင်သည်.သန့်စင်သော ရေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ထုတ်လုပ်ရန် လွန်စွာမှ အရေးကြီးသည်..
4.ရေသန့်စင်ခြင်း နည်းစနစ် အဆင့်ဆင့်
==================================================
ရေသန့်စင်ခြင်းတွင် အဓိကအားဖြင်. လေးနည်းဖြင့် သန့်စင်နိုင်သည်...
1) Coagulation and Flocculation
2) Sedimentation
3) Filtration
4) Disinfection
စသည်ဖြင့် အဆင့် လေးဆင့်ပေါ် မူတည်ပြီး သန့်စင်နိုင်သည်...
ထို လေးချက်ကို အခြေ ခံ၍
Water Collection
Chemical Addition
Coagulation and Flocculation
Sedimentation and Clarification
Filtration
Disinfection
Testing
Filling
Labelling
Packaging
Distribution
အချက်များစွာ ရှိသည် ဆိုတာကိုတော့ ပိုမို သိရှိစေရန်.. ရည်ညွန်း
Water Collection
....................................................................................................
ရေသန့်စင် စနစ်တွင် ရေကို အလုံအလောက် ရရှိရန် အတွက် ရေသိုလှောင်ရန် ကန် လိုအပ်ပေသည်..တစ်နေ့ ဘယ်လောက် လီတာ အသုံးပြုမည် အပေါ် မူတည်ပြီး Water Collection Tank ကို တွက်ချက်ရမည်...မြေအောက်ရေကို သန့်စင်ခြင်းသည် မျက်နှာပြင်ကို သန့်စင်ခြင်းထက် ကုန်ကျစရိတ် သက်သာမည်ဆိုတာကို ရှေ့ယခင် Post တွေမှာ ရှင်းလင်းထားပြီး ဖြစ်သည့်အတွက်..ဆက်လက် ဆက်ကြပါစို.......
Chemical Addition
....................................................................................................
Chemical များ ဘာ့ကြောင့် ရေသန့်စင်ခြင်းစနစ်မှာ ထည့်ရသလဲဆိုတာတော့ ဒီနေရာမှာ အလွန်မှ နားလည်ရန် လိုအပ်ပေမည်..အဓိက အရေးကြီး အဆင့်တွင်ပါဝင်သည်ဟု ပြောရမည်...
Coagulant Chemical များကို အသုံးပြုရမည်..... မည်သို့သော Chemical များ သုံးရမည် ဆိုသည်ကိုတော့ Raw water ၏ ဓာတ်ခွဲခန်း အဖြေပေါ် မူတည်ပြီး အသုံးပြုရမည်..ရေသန့်စင်ခြင်းတွင် အသုံးများသော
Coagulant Chemicalများ အနေဖြင့်
Poly Aluminium Chloride (PAC)
Aluminium Chloro Hydrate (ACH)
Aluminium Sulfate (Alum)
Calcium Hydroxide (Lime)
Ferrous Sulphate (FeSO4)
Ferrous Chloride
Calcium Hypo Chloride စသည်များကို အသုံးများလေ့ရှိသည်
Chemicalများ၏ Function များကိုတော့ သိရှိမှသာ မ်ညသို့သော Chemical အသုံးပြုရမည်ကို သဘောပေါက်နားလည်နိုင်မည်..Chemical Dosing စနစ်တွင် မည်မျ ပမာဏ ထည့်ရမည်ကို Jar Test စမ်းသပ်ပြီးမှသာ သိရှိနိုင်မည်..Jar Test အဖြေပေါ်မူတည်၍ ရေ တစ်လီတာလျင် မည်မျ ပမာဏ Chmical Dosing လုပ်ရမည်ကို သိရှိနိုင်မည်...
Coagulant Chemical များသည် ရေထဲတွင် ပျော်ဝင်နေနေသော အမူန်များနှင့် ဓာတ်ပြုပြီး ပိုကြီးမားသော အမူန်များကို ဖွဲစည်းသည်..ထိုနောက် အမူန်များသည် ကြီးလာပြီး ရေထက်လေးသောကြောင့် အနည်ထိုင်စေသည်...Cation နှင့် Anion.. Partical များ Mineral များကိို ထိုနည်းဖြင့် ရေသန့်စင်ခြင်းတွင် လျော့ချစေနိုင်သောကြောင့် ထို စနစ်သည် များစွာ ထိရောက်သည်...
Coagulation and Flocculation
....................................................................................................
အထက်ပါ ဖော်ပြပြီးသော Coagulant Chemical များကို Coagulation and Flocculation Tank အတွင်း ထည့်စေပြီး Mixter ဖြင့် မွေရန် လိုအပ်သည်...Chemical Dosing လုပ်ပြီး ရေထဲရှိ Pollutant များသည် ကြီးမားသော အစိုင် အခဲ အဖြစ်သို့ ဓာတ်ပြုပြီးနောက် ရေထက်လေးသွားပြီး အနည်ထိုင်စေသည်..
Sedimentation and Clarification
....................................................................................................
ရေသန့်စင်ခြင်း စနစ်တွင် အနည်ထိုင်ခြင်း စနစ်သည် ရေခဲရှိ မပျော်ဝင်သော အမူန်များသည် Chemical များနှင့် ဓာတ်ပြုပြီး အနည်ထိုင်စေသည်... အနည် ထိုင်ချိန်တွင် Slugde (အနည်အနစ်များ) ကို Drain ရန် လိုအပ်ပေသည်...
Filtration...(စစ်ထုတ်ခြင်း)
...................................................................................................
Filtration စနစ်တွင် Sand Filtration (သဲဖြင့် စစ်ခြင်း)
Activated Carbon Filtration (ကာဗွန်ဖြင့် စစ်ခြင်း)
Softener Filtration (ရေစေမှ ရေသွက် စစ်ခြင်း)
Ion Exchanger Filtration(အိုင်းယွန်းစစ်ခြင်း)
Reverse Osmosis Filtration (ပြောင်းပြန် စီးဆင်း စစ်ခြင်း)
ဟု၍ အသုံးများကြသည်...မည်သိုသော စနစ်နှင့် Filter များ သုံးရမည် ဆိုသည်ကိုတော့ Raw Water ဓာတ်ခွခန်း အဖြေပေါ်မူတည်၍ ဆောင်ရွက်ရသည်...မိတ်ဆွေ
ရေသန့်စင်ခြင်းစနစ်တွင် မဖြစ်မနေ ထည့်ရမည့် Filter ကတော့..
Sand Filtration.... Activated Carbon Filtration..... RO Filtration ကိုတော့ သေချယပေါက် ထည့်ရမည် ဒါမှသာ ပိုမို သန့်စင်သော ရေကို ရရှိမည် ဖြစ်ပေသည်.....
Sand Filtration တွင် Slow Sand Filtration နှင့် Rapid Sand Filtration ဟူ၍ နှစ်မျိုး ရှိနေသေးသည်....စာထတ်သူမိတ်ဆွေ ဆက်လက် လေ့လာနိုင်သည်... များသာအားဖြင့် စီးပွားရေး လုပ်ငန်းများတွင် Rapid Sand Filtration ကိုသာ အသုံးများနေသည်ကို တွေ့ရသည်....သတိပြုရမည့် အချက်ကတော့
ရေသန့်စင်ခြင်း လုပ်ငန်းတွင် Filter Tank များကို Installation ပြုလုပ်ရာတွင် မည်သည့် Filter ကိူ အလျင် ထားရမည်ကိုတော့ စာဖတ်သူ မိတ်ဆွေ သေချာပေါက် သိရမည်....မြန်မာနိုင်ငံ နေဖြင့် RO စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာကြသည်...RO စနစ်သည်...TDS
TSS.. Metal... Particle များကို လျော့ချနိုင်သည်..
Activated Carbon Filtration စနစ်သည် ရေထဲမှ Color...Odor...Taste... Chlorine ပါဝင်မူကို ဖယ်ရှားပေးသည်...
သတိထားရန်....Filter မျကို Back Wash
Flash Wash.... Regeneration လုပ်ပေးရန် လိုအပ်သည်.
RO စနစ်သည် အိုင်းယွန်းများ မလိုလားအပ်သော မော်လီကျူများ
ရေမော်လီကျူထက်ကြီးသော အမူန်များကို ဖယ်ရှားပေးသော စနစ် ဖြစ်သောကြောင့် များစွား အသုံးပြုလာသည်....
RO ဖြတ်ပြီးသော ရေသည် ဓာတ် သတ်ထုများ ကင်းမဲ့နေသောကြောင့် သောက်သုံးလျင်Body ကို မထိခိုက်စေပါ....ဒါကြောင့် ရေသန့်စင်ခြင်း လု်ပငန်းတွင် အသုံးအများဆုံး ဖြစ်လာသည်.
Disfection (ပိုးသတ်ခြင်း)
....................................................................................................
ရေသန့်စင်ခြင်းတွင် ပိိုးသတ်ခြင်းသည် အရေးကြီးပေသည်...
ရေထဲတွင် Parasite, Bacteria, and Virus များကိို ဖယ်ရှားပေးရန် လိုအပ်သည်...ရောဂါ ဖြစ်စေသော အဏုဇီဝ သက်ရှိများကို ဖ်ယရှားခြင်း မကြီးထွားအောင်ဆောင်ရွက်ပေးရမည်...ထိုမှသာ သန့်ရှင်းသော ရောဂါကင်းဝေးသော သောက်သုံးရေ ဖြစ်ပေလိမ့်မည်..
ပိုးသတ်ခြင်း စနစ်တွင်
Ultra Violent (ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်ခြင်း)
Ozonation (Ozone ဖြင့် ပိုးသတ်ခြင်း)
Chlorination ( ကလိုရင်းဖြင့် ပိုသးတ်ခြင်း)
ဟူ၍ အဆင်သုံးဆင့်ကို လေ့လာတွေ့ရှိနိုင်သည်....
Ultra Violent
.........................
ခရမ်းလွန်ရောင်ခြည် အလင်းသည် Bacteria., viruses, များနှင့် အချို့သော Cystsများကို ကောင်းမွန်စွာ သေစေနိုင်သည်...ဒါပေမဲ့
Giardia Lamblia Cysts နှင့် Cryptosporidium Parvum Cysts ကိုတော့ မသေစေနိုင်ပါ.....UV စနစ်သည်ရေ 100ml တွင် Total Coliform 1000 ...,နှင့်
Fecal Coliform 100လောက်ဆိုရင်တော့ကောင်းကောင်း မသတ်ပေးနိုင်ပါ....ဇီဝသက်ရှိများကို ဖျက်စီးပစ်နိုင်သည်...သို့ပေမယ့် ရေသန့်စင်ခြင်းတွင် များစွာ အသုံးပြုလာကြသည်...ကုန်ကျ စရိတ်သက်သာ သောကြောင့် အသုံးများခြင်း ဖြစ်သလို.. Running Cost လည်း သက်သာစေသည်....
Ozonation
............................
Ozonation ဖြင့် ပိုးသတ်ခြင်းတွင် အိုဇုန်းလွှာကို အခြေ ခံသော ဓာတု ရေသန့်စင်နည်း ဖြစ်သည်....Ozone ကို အောက်ဆီဂျင် အက်တမ် သုံးလုံးဖြင့် ဖွ့စည်းထားသော ဓာတ်ငွေ့ ဖြစ်သည်...Ozone ကို ရေသန့်စင် စနစ်များတွင် 19ရာစု နောက်ပိုင်းမှ စတင်ပြီး အသုံးပြုလာခဲ့ကြသည်...Ozonation စနစ်သည် အံအားသင့်ဖွယ် ကောင်းသော စနစ် ဖြစ်ပေသည်...Bacteria, Viruses, Parasites ကပ်ပါးကောင်များ အချိန်တိုအတွင်း ကြီးထွားမူကို ဖျက်စီးပေးနိုင်သည်.....ဒါကြောင့် Ozone ကိူ အသုံးများလာသည်...
Chlorination
............................. .
ကလိုရင်း ဖြင့် ပိုးသတ်ခြင်း
Chlorine Compoumd များကို ရေတွင် ထ့ည်၍ ပိုးသတ်နိုင်သည်..ဤနည်းစနစ်သည် Bacteria, Viruses, Microbes များကိို သေချာပေါက် သတ်နိုင်သော်လည်း Chlorine သည် အဆိပ်အတောက် ဖြစ်စေနိုင်သည်.Chlorine သည် Organic Matter များနှင့် ဓာတ်ပြုပြီး Trihalomethanes ထွက်နိုင်သည်...
Trihalomethanes သည် ကင်ဆာရောဂါကိို ဖြစ်စေသည် ထို့ကြောင့် Chlorination စနစ်ကို သိပ် အသုံး မပြုကြပေ.....
Testing (စမ်းသပ်စစ်ဆေးခြင်း)
=================================================
ရေ၏ အရည်အသွေးကို သိရှိရန် စမ်းသပ်စစ်ဆေးရမည် ဖြစ်သည်..စမ်းသပ်မူများတွင်
Physical (ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မူများ)
Chemical( ဓာတ်ပိုင်းဆိုင်ရာ စမ်းသပ်မူများ)
Biological(ဇီဝပိိုင်းဆိုင်ရာ စမ်းသပ်မူများ)
စမ်းသပ်စစ်ဆေးရမည်......
ထိုမှသာ မိမိတို့ သန့်စင်ထားသော ရေသည် WHO Guideline အတွင်း ရှိမရှ်ိ သိရှိပြီး သောက်သုံးရန် သ့င်မသင့်ကို ဆုံးဖြတ်နိုင်မည်....ဥပမာ ရေ၏ pH သည်....
6.5 မှ 8.5 အတွင်း ဖြစ်ရမည်...အကယ်၍pH သည် 6.5ထက် နိမ်မည်..... 8.5ထက် မြင့်မည် ဆိုပါက.. ချိန်ညှိပေးရန် လိုအပ်လာမည်
ဤနေရာတွင် pH ကို ချိန်ညှိရန်
Caustic NaOH နှင့် Acid HCl ကို အသုံးပြုကြသည်.....
ရေ၏ pH ကို မြင့်စေရန် NaOH ကို အသုံးပြုရမည်
pH ကို့ နိမ့်စေရန် HCl ကို အသုံးပြုရမည်
မည်မျ Dosing လုပ်ရမည်ဆိုတာကိုတော့ မိတ်ဆွေ Jar Test စမ်းရန် လိုအပ်ပေမည်....
များသာအားဖြင့်...ရေကို စမ်းသပ်ရာတွင် pH... TDS...Hardness လောက်သာ စမ်းသပ်စစ်ဆေးရုံဖြင့် လုံလောက်ပြီလို့ သင်ထင်ပါသလားးးး
(လုံးဝ လုံးဝ လက်မခံပါ) ဒိနေရာမှာ အကြံပြုပေးပါရစေ
အကယ်၍ မိိမတို့ လုပ်ငန်းတွင် တစ်ခြားသော Parameterများကို စစ်ဆေးရန် စက်မရှိသည်ဖြစ်စေ စမ်းသပ်မူများကို မကျွမ်းကျင်သည်ဖြစ်စေ...ဆွေးနွေးနိုင်ပါသည်...တိုင်းတာရန် စက်မရှိပါက Third Party Laboratory တွေမှာ စမ်းသပ်နိုင်ပါတယ်....
ရေသန့်လောကတွင် လုပ်ဆောင်မည်ဆိုပါက.. အရေအသွေးကောင်းမွန်သော ရေကို ရရှိအောင်သန့်စင်ပြီးးးးး ကျနော်တို့ ပတ်ဝန်းကျင်နှင့် စားသုံးသူများကို ကာကွယ်သွားကြပါစို့
Crd
ချစ်ခြင်းအားဖြင့်
PYAE PHYO AUNG

ဇူလိုင်လမှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်း ဆောင်ရွက်ခွင့်ပေးမည်


















ဇူလိုင်လမှစ၍ ယာဉ်ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းဆောင်ရွက်ခွင့် ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယာဉ်အမည်ပြောင်းဆောင်ရွက်ရာတွင် Covid-19 ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်ရသည့် အခက်အခဲမရှိစေရန်နှင့် လုပ်ငန်းမြန်ဆန်စေရန် ရည်ရွယ်ပြီး အမည်ပြောင်းဆောင်ရွက်ခြင်းအတွက် ပိုင်ရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်ရခြင်းကို ဇူလိုင်လမှစ၍ ဖြေလျှော့ပေးမည် ဖြစ်သည်။
ထို့ကြောင့် ယာဉ်အမည်ပြောင်းဆောင်ရွက်မည်ဆိုပါက ယာဉ်ဝယ်ယူခြင်းအတွက် ပြည်တွင်းအခွန်တွင် အခွန်စည်းကြပ်မှု ခံယူပြီးကြောင်း အခွန်ပုံစံ၌ အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၁၀) မူရင်း၊ အရောင်းအဝယ်စာချုပ်၊ ပြည်တွင်းအခွန်၌ ယာဉ်ဝယ်ယူခြင်းအတွက် အခွန်စည်းကြပ်မှု ခံယူပြီးကြောင်း အခွန်ပုံစံနှင့် လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ နိုင်ငံသား စစ်ဆေးရေးကတ်မူရင်း တင်ပြ၍ ပိုင်ရှင်ကိုယ်တိုင် လာရောက်စရာမလိုဘဲ အမည်ပြောင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


SME Member ၀င်ထားခြင်းခြင့် ချေးငွေ တကယ်လျှောက်နိုင်လား ???????





SME Member ၀င်ထားခြင်းခြင့် ချေးငွေ တကယ်လျှောက်နိုင်လား ???????

📌ခုလက်ရှိ စီးပွားရေး အခြေအနေများကြောင့် လုပ်ငန်းသေးလေးများ သည် SME Member ၀င်လာကြပါသည်။ ယင်းသို့ ၀င်လိုက်ခြင်းဖြင့် ချေးငွေရရှိမည်ဆိုသော မျှော်လင့် ချက်များဖြင့် ဖြစ်ပါသည်။
📌 SME Member များကို ချေးငွေ ထုတ်ချေးသည်ဆိုသည်မှာ ဟုတ်သော်ငြားလည်း လုပ်ငန်းခိုင်မာမှုကို ပြရန် အားနည်းနေသော လုပ်ငန်းများကို တော့ မည်သည့် ဘဏ် ၊ မည်သည့် အဖွဲ့ အစည်းမှ ချေးငွေထုတ်ပေးမည် မဟုတ်မည်ကိုတော့ သိထားရန် လိုအပ်ပါသည်။
📌 ဒါဆိုရင် SME Member ၀င်တာ အလကားဖြစ်သွားမည်ဟု ပြောလာနိုင်ပါသည်။
📌 SME Member ၀င်ထားခြင်း ဖြင့် လုပ်ငန်းအနေဖြင့် အလကားဖြစ်စရာ အကြောင်းအရင်းမရှိနိုင် သလို Member များကို အခွင့် အရေးအနေဖြင့် SME မှ ကြီးမှူး ကျင်းပသော စွန့်ဦးတီထွင်ခြင်းဆိုင်ရာ workshop များ အပြင် အစိုးရမှ ပြုလုပ်သော အခြား အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တိုးတတ်ခြင်းဆိုင်ရာ သင်တန်းများ ကို လည်း တတ်ရောက်နိုင်ရန် အခွင့် အရေးများ ရရှိနိုင်ပါသည်။
📌တချို့ သော ဘဏ်များမှ တောင်းဆိုချက်များအရ LOAN ယူမည်ဆို SME ထောက်ခံချက်များတောင်းလာကြပါသည်။ ထို့ ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် SME CARD များအပြေးအလွှား လျှောက်လာသောအခါ ထောက်ခံချက်မရသော အခြေအနေများ ကြုံလာရပါသည်။
📌 SME ဌာန အနေဖြင့် လည်း သက်တန်း ၂နှစ် မ၇ှိသော လုပ်ငန်းများကို ထောက်ခံ ချက် မပေးသည်ကိုလည်းတွေ့ လာရပါသည်။
📌ထို့ ကြောင့် SME ချေးငွေရယူလိုသော လုပ်ငန်း၇ှင်များအနေဖြင့် ငွေချေးရာတွင် အောက်ပါအချက်များ ကို သိရှိရန်လိုအပ်ပါသည်။

၁) လုပ်ငန်း သက်တန်း အနည်းဆုံးနှစ် နှစ် ရှိရပါမည်။
၂) လုပ်ငန်း နေရာ လာရောက်ကြည့် ရှုစစ်ဆေးခံနိုင်ရပါမည်။ (SME Member ထောက်ခံချက်ယူလျှင်)
၃) လုပ်ငန်း ၏ ဘဏ္ဍာရေးရှင်းတမ်းများ ကို ထားရှိရန်လိုအပ်ပါသည်။ (ချေးငွေပေးရန် ဘဏ်၏လိုအပ်ချက်)
၎) ပိုင်ဆိုင်မှု ပြနိုင်ရပါမည်။ ( ဘဏ်များမှတောင်းဆိုချက်အရ)
၅) လုပ်ငန်း လိုင်စင် သို့ ကုမ္ပဏီ မှတ်ပုံတင် and Company Extract

--------------------------------------------------
Unicode:
SME Member ဝင်ထားခြင်းခြင့် ချေးငွေ တကယ်လျှောက်နိုင်လား ???????

📌 ခုလက်ရှိ စီးပွားရေး အခြေအနေများကြောင့် လုပ်ငန်းသေးလေးများ သည် SME Member ဝင်လာကြပါသည်။ ယင်းသို့ ဝင်လိုက်ခြင်းဖြင့် ချေးငွေရရှိမည်ဆိုသော မျှော်လင့် ချက်များဖြင့် ဖြစ်ပါသည်
📌 SME Member များကို ချေးငွေ ထုတ်ချေးသည်ဆိုသည်မှာ ဟုတ်သော်ငြားလည်း လုပ်ငန်းခိုင်မာမှုကို ပြရန် အားနည်းနေသော လုပ်ငန်းများကို တော့ မည်သည့် ဘဏ် ၊ မည်သည့် အဖွဲ့အစည်းမှ ချေးငွေထုတ်ပေးမည် မဟုတ်မည်ကိုတော့ သိထားရန် လိုအပ်ပါသည်။
📌 ဒါဆိုရင် SME Member ဝင်တာ အလကားဖြစ်သွားမည်ဟု ပြောလာနိုင်ပါသည်။ SME Member ဝင်ထားခြင်း ဖြင့် လုပ်ငန်းအနေဖြင့် အလကားဖြစ်စရာ အကြောင်းအရင်းမရှိနိုင် သလို Member များကို အခွင့် အရေးအနေဖြင့် SME မှ ကြီးမှူး ကျင်းပသော စွန့်ဦးတီထွင်ခြင်းဆိုင်ရာ workshop များ အပြင် အစိုးရမှ ပြုလုပ်သော အခြား အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တိုးတတ်ခြင်းဆိုင်ရာ သင်တန်းများ ကို လည်း တတ်ရောက်နိုင်ရန် အခွင့် အရေးများ ရရှိနိုင်ပါသည်။
📌 တချို့သော ဘဏ်များမှ တောင်းဆိုချက်များအရ LOAN ယူမည်ဆို SME ထောက်ခံချက်များတောင်းလာကြပါသည်။ ထို့ ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် SME CARD များအပြေးအလွှား လျှောက်လာသောအခါ ထောက်ခံချက်မရသော အခြေအနေများ ကြုံလာရပါသည်။
📌 SMEဌာန အနေဖြင့် လည်း သက်တန်း ၂နှစ် မရှိသော လုပ်ငန်းများကို ထောက်ခံ ချက် မပေးသည်ကိုလည်းတွေ့ လာရပါသည်။
📌ထို့ ကြောင့် SME ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေဖြင့် ငွေချေးရာတွင် အောက်ပါအချက်များ ကို သိရှိရန်လိုအပ်ပါသည်။

၁) လုပ်ငန်း သက်တန်း အနည်းဆုံးနှစ် နှစ် ရှိရပါမည်။
၂) လုပ်ငန်း နေရာ လာရောက်ကြည့် ရှုစစ်ဆေးခံနိုင်ရပါမည်။ (SME Member ထောက်ခံချက်ယူလျှင်)
၃) လုပ်ငန်း ၏ ဘဏ္ဍာရေးရှင်းတမ်းများ ကို ထားရှိရန်လိုအပ်ပါသည်။ (ချေးငွေပေးရန် ဘဏ်၏လိုအပ်ချက်)
၎) ပိုင်ဆိုင်မှု ပြနိုင်ရပါမည်။( ဘဏ်များမှတောင်းဆိုချက်အရ)
၅) လုပ်ငန်း လိုင်စင် သို့ ကုမ္ပဏီ မှတ်ပုံတင် and Company Extract

#CrdMMFC