ဝင်ငွေခွန်အကြောင်း
မနေ့က သတင်းတစ်ခု ထွက်လာတယ်။ "ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ခြင်းအား ပယ်ဖျက်တယ်" ဆိုတာနဲ့ ပတ်သက်ပြီး အသံတွေ လည်း အမျိုးမျိုးထွက်လာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝင်ငွေခွန်အကြာင်း ကျွန်တော် သိထားသလောက် ပြန်ရှင်းပြကြည့်ပါမယ်နော်။
ပြီးခဲ့တဲ့နှစ် (အတိအကျ ပြောရရရင် ၂၀၁၉ စက်တင်ဘာ ၁၉ ရက်နေ့) တုန်းက "ဝင်ငွေခွန်နှုန်းထား" လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြတယ်။ မဲခွဲရာမှာ အခွန်လျှော့တဲ့ဘက်က မဲအသာရပြီး လက်ရှိကောက်ခံနေတဲ့ ဝင်ငွေခွန် ၃% က အတည်ဖြစ်စေခဲ့တာပါ။
ဒါဟာလည်း (၁)နှစ်စာအတွက် (၂၀၁၉ အောက်တိုဘာကနေ ၂၀၂၀ စက်တင်ဘာ အထိ) ပဲ ဖြစ်ပါတယ်။ အရင် ဘယ်လို ကောက်လဲ၊ လက်ရှိမှာ ဝင်ငွေခွန်နှုန်းထား ဘယ်လောက်လဲဆိုတာ ပုံမှာကြည့်လိုက်ပါ။ ဝင်ငွေခွန်ဆိုတာ ကားမှတင်မဟုတ်ပါဘူး၊ အိမ်ခြံမြေတွေရော တခြား လုပ်ငန်းတွေနဲ့ပါ အားလုံး သက်ဆိုင်နေတဲ့ အရာပါ။
ဒီတော့ အခု (၁)နှစ်ပြည့်တော့မှာမို့ လက်ရှိကောက်ခံနေတဲ့ နှုန်းထားကို ပြန်လည် ပယ်ဖျက်ရပါတော့မယ်။ လာမယ့် ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာ ကနေ ၂၀၂၁ စက်တင်ဘာ အထိ) ဘယ်နှုန်းနဲ့ ကောက်ခံမလဲဆိုတာက ထုံးစံအတိုင်း မဲပြန်ခွဲကြဦးမှာပါ။ လွှတ်တော်မှာ အဆိုတွေ ပြန်လည် တင်သွင်း ဆွေးနွေးကြရဦးမှာပါ။
အများစု စိုးရိမ်သလို ဝင်ငွေခွန်တွေ ပြန်တိုးသွားတာ အတည်မဖြစ်သေးပါဘူး။ ဘာဖြစ်မယ်မှန်း အတိအကျ မသိရသေးဘဲနဲ့ တန်းပြီး ဝေဖန်ဖို့က စောနေပါသေးတယ်။ ဆက်လက်စောင့်ကြည့်ကြပါဦးနော်။
ကိုထွဋ်ထိပ်
No comments:
Post a Comment