Wednesday, July 22, 2020

#MSMEများယခုတလောစိတ်ဝင်စားသည့်ချေးငွေဆိုင်ရာကိစ္စရပ်များ





လတ်တ​လောအ​ခြေအ​နေတွင်Covid-19​ကမ္ဘာ့ကပ်​ရောဂါကာလအတွင်းနိုင်ငံအဝှမ်း၊ကမ္ဘာအဝှမ်းစီးပွား​ရေးလုပ်ငန်းများထိခိုက်ကျဆင်းလာသဖြင့်စီးပွား​ရေးလုပ်ငန်းရှင်များအ​​နေနှင့်ဘဏ်များမှ​ချေး​ငွေရယူပြီးအကြပ်အတည်းကြားကရုန်းထရန်ဆန္ဒများရှိကြသည်။နိုင်ငံ​တော်မှလည်းဘဏ္ဍာ​ရေးအ​ထောက်အပံ့များ​ဆောင်ရွက်​ပေးရန်စီစဥ်ထားရှိသဖြင့်အလွန်​ကောင်းမွန်​ပေသည်။
သို့​သော် ဆိုင်ရာကဏ္ဍအလိုက်ရုန်းကန်​နေကြ​သောMSMEများအ​နေဖြင့်​ချေး​ငွေရယူလိုသည်မှအပ​ချေး​ငွေဆိုင်ရာ​ခေါင်းစဥ်များနှင့်မိမိတို့မည်သည့်​ခေါင်းစဥ်​အောက်တွင်အကြုံးဝင်သည်အားသဲသဲကွဲကွဲသ​ဘော​ပေါက်နားလည်ခြင်းမရှိဟုယူဆမိသဖြင့်ဤမှတ်စုတိုအား​ရေးသား​ဖော်ပြအပ်ပါသည်။
စီးပွား​ရေး​ချေး​ငွေ(Commercial Loan)
-----------------------------------------------------
ဘဏ်တိုင်းထုတ်​ချေးသည်။အတိုးနှုန်းအမြင့်ဆုံး၁၀%အထိဖြစ်သည်။အိမ်အ​ပေါင်ခံခြင်းမဟုတ်။လက်ရှိလုပ်ကိုင်လည်ပတ်လျက်ရှိ​သောစီးပွား​ရေးလုပ်ငန်းများတိုးချဲ့နိုင်ရန်အတွက်ဘဏ္ဍာ​ရေးအ​ထောက်အပံ့ပြုမှုအ​ပေါ်မိမိဂရံအမည်​ပေါက်အိမ်ခြံ​မြေတိုက်တာများအားအာမခံအဖြစ်ဘဏ်များတွင်ထားရှိအပ်နှံကြရပါသည်။သို့ဖြစ်၍ဝင်​ငွေရရှိပြီး​ကောင်းမွန်​သောလုပ်ငန်းများအားစိစစ်ခွင့်ပြုလျက်ရှိသည်။
JICA TSL​ချေး​ငွေ(Ordinary Loan)
--------------------------------------------------
ဂျပန်အစိုးရကိုယ်စားJICAမှကူညီပံ့ပိုးပြီးမြန်မာအစိုးရကိုယ်စားစီမံကိန်း၊ဘဏ္ဍာ​ရေးနှင့်စက်မှုဝန်ကြီးဌာနမှတာဝန်ယူ​ဆောင်ရွက်လျက်ရှိရာမြန်မာ့စီးပွား​ရေးဘဏ်MEBမှအ​ကောင်အထည်​ဖော်လျက်ရှိသည်။​​လျှောက်ထားတင်ပြနိုင်​သောဘဏ်များအ​နေဖြင့်မြန်မာ့စီးပွား​ရေးဘဏ်အပါအဝင်ဘဏ်ခွဲ(၁၁)ဘဏ်၌ဆက်သွယ်​ဆောင်ရွက်နိုင်သည်။အတိုးနှုန်းအ​နေဖြင့်တစ်နှစ်လျှင်၅.၅%ဖြစ်ပြီးအာမခံ​ပေးပစ္စည်း​ပေးအပ်နိုင်သူများအားကျပ်သိန်း(၅၀၀၀)အထိ​လျှောက်ထားခွင့်ပြုသည်။သို့​သော်အာမခံပစ္စည်း၏ရာဖြတ်တန်ဖိုးထက်​ကျော်လွန်ခွင့်ပြုမည်မဟုတ်ပါ။ထို့အတူရာဖြတ်တန်ဖိုးနှင့်​လျှောက်ထားတင်ပြ​ငွေလုံ​လောက်​သော်လဲလည်ပတ်လုပ်ကိုင်လျက်ရှိ​သောလုပ်ငန်းအ​ပေါ်လိုအပ်နိုင်သ​လောက်သာခွင့်ပြုမည်ဖြစ်​ကြောင်းသတိချပ်သင့်သည်။အာမခံပစ္စည်း​ပေးအပ်နိုင်ခြင်းမရှိ​သောလုပ်ငန်းရှင်များအ​နေဖြင့်အာမခံမဲ့​ချေး​ငွေ​လျှောက်ထားနိုင်သည်။CGIစနစ်ဟု​ခေါ်တွင်ပြီးအတိုးနှုန်းတစ်နှစ်လျှင်၆%မှ၁၀%အတွင်း​ကောက်ခံသွားမည်။တိကျ​သောအတိုးနှုန်းအားCredit Ratingအ​ပေါ်မူတည်၍​ချေး​ငွေ​ကော်မတီမှသတ်မှတ်​ပေးသွားမည်။အာမခံမဲ့​ချေး​ငွေဖြစ်​သော​ကြောင့်ဘဏ်များမှထုတ်​ချေး​သော​ငွေရပ်မဆုံးရှုံးရ​စေရန်မြန်မာ့အာမခံလုပ်ငန်းကကြားဝင်​ဆောင်ရွက်​ပေးမည်။သို့ဖြစ်၍မြန်မာ့အာမခံလုပ်ငန်းသို့ပထမနှစ်​ချေး​ငွေကာလအတွင်း​ချေး​ငွေ၏၃%၊ဒုတိယနှစ်တွင်၂.၅%၊တတိယနှစ်နှင့်အထက်၂%အဖြစ်အာမခံ​ကြေး​ပေးသွင်းသွားရမည်ဖြစ်သည်။ခွင့်ပြုထုတ်​ချေး​သော​ငွေရပ်အ​ပေါ်တွင်၈၀%အားပုံ​သေပိုင်ပစ္စည်း(Fixed Capital)ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး၂၀%အားလုပ်ငန်းလှည့်ပတ်သုံးစွဲ​ငွေ(Working Capital)သုံးစွဲရမည်ဖြစ်သည်။အဆိုပါရာခိုင်နှုန်းသတ်မှတ်ချက်အားJICA Formatဖြစ်သဖြင့်​နောက်ထပ်ပြင်ဆင်မှုမပြုမခြင်းMSMEများအားလုံးလိုက်နာ​ဆောင်ရွက်ရမည်။​ချေး​ငွေပြန်လည်​ပေးဆပ်မှုအစီအစဥ်အ​နေဖြင့်၃နှစ်ကာလတွင်ပထမနှစ်အတိုး၃လတစ်ကြိမ်သွင်းပြီးအရင်းဆိုင်းငံ့ကာကျန်၂နှစ်တွင်အတိုး​ပေးသွင်းရင်းအရင်း၄ကြိမ်ခွဲဆပ်၊၄နှစ်ကာလတွင်ပထမ၁နှစ်ခွဲအတိုး​ပေးသွင်းအရင်းဆိုင်းငံ့ပြီးကျန်၂နှစ်ခွဲ၌အတိုး​ပေးသွင်းအရင်း၅ရစ်ဆပ်၊၅နှစ်ကာလတွင်ပထမ၂နှစ်အတိုး​ပေးသွင်းအရင်းဆိုင်းငံ့ပြီးကျန်၃နှစ်၌အတိုး​ပေးသွင်းရင်းအရင်း၆ရစ်​ပေးဆပ်ရပါမည်။
​ရေပန်းစား​နေ​သောCovid​ချေး​ငွေ
---------------------------------------------
UMFCCIထံလိပ်မူ​လျှောက်ထားရသည်။၉.၄.၂၀၂၀တွင်​လျှောက်လွှာပိတ်ပြီးယခုအခါအသုတ်လိုက်ခွင့်ပြု​ငွေပမာဏသတ်မှတ်အ​ကြောင်းကြားလာမှုများအ​ပေါ်မြန်မာ့စီးပွား​ရေးဘဏ်များက​ချေး​ငွေထုတ်​ပေးလျက်ရှိသည်။အတိုးနှုန်း၁%ဖြစ်ပြီး​ချေး​ငွေခွင့်ပြုသက်တမ်းကာလ၁နှစ်သာဖြစ်သည်။၁နှစ်ပြည့်သည်နှင့်အရင်းအတိုးတပါတည်းပြန်လည်​ပေးဆပ်ကြရမည်ဖြစ်သည်။(ဤ​ချေး​ငွေအ​ပေါ်ဇီးသီးဗန်း​မှောက်သလိုအလုအယက်​လျှောက်ထားကြသည်။ဘဏ်များတွင်စိစစ်ရာမှအခြားဘဏ်များတွင်အာမခံပစ္စည်း​ပေးအပ်ထုတ်​ချေးရာအရင်း/အတိုးအ​ပြေအ​ကြေမ​ပေးဆပ်သဖြင့်တရားမ​ကြောင်းအရအမှုရင်ဆိုင်​နေရသည့်လုပ်ငန်းရှင်များ​ပေါ်​ပေါက်လာသဖြင့်ခွင့်ပြုမိန့်အားပယ်ဖျက်ရသည်များရှိ၏။အချို့လုပ်ငန်းရှင်များမရိုး​ဖြောင့်​သောသ​ဘောဖြင့်တင်ပြခြင်းများ​တွေ့ရ၏။ဥပမာ-ကပ်​ရောဂါကာလအ​ရေး​ပေါ်ထုတ်​ချေးမှုအားအစိုးရက​နောင်တချိန်တွင်​​ချေး​ငွေရပ်များအား​လျှော်ပစ်လိမ့်မည်။သို့ဖြစ်၍ဘယ်​လောက်ရရအမြတ်ဟူသည့်အ​တွေးဖြင့်​ဆောင်ရွက်ကြသူများလဲမျက်ဝါးထင်ထင်မြင်​တွေ့ရ​ပေသည်။)
JICA TSL MSME (Emergency Loan)
-----------------------------------------------
Covidကာလအတွင်းထိခိုက်ဆုံးရှုံးနစ်နာခဲ့​သောMSMEလုပ်ငန်းများအားအ​ရေး​ပေါ်ထုတ်​ချေးရန်စီစဥ်ထားသည်။၂၀၁၅ခုနှစ်အ​သေးစားအလတ်စားစီးပွား​ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်​ရေးဥပ​ဒေနှင့်ကိုက်ညီသူများအားလုံး​လျှောက်ထားတင်ပြနိုင်သည်။​ချေး​ငွေစည်းကမ်းများမှာယခင်JICAပုံမှန်​ချေး​ငွေအတိုင်းဖြစ်သည်။ထူးခြားသည်မှာခွင့်ပြု​ချေး​ငွေအ​ပေါ်၁၀၀%လှည့်ပတ်သုံးစွဲ​ငွေWorking Capitalအဖြစ်သုံးစွဲနိုင်သည်။အာမခံပစ္စည်း​ပေးအပ်ပါကကျပ်သိန်း၃၀၀၀အထိအမြင့်ဆုံး​လျှောက်ထားတင်ပြနိုင်ပြီးယခုအ​ရေး​ပေါ်​ချေး​ငွေတွင်ယခင်CGIစနစ်ဖြင့်​ချေး​ငွေရယူခဲ့ဘူးသူများ​လျှောက်ထားတင်ပြရန်မလိုပါ။အာမခံပစ္စည်း​ပေးအပ်ပြီးယခင်က​ချေး​ငွေရရှိခဲ့​သောလုပ်ငန်းရှင်များအ​နေဖြင့်သီးခြားအာမခံ​ပေးအပ်နိုင်ပါကထပ်မံ​လျှောက်ထားနိုင်သည်။Covidကာလတွင်မိမိစီးပွား​ရေးလုပ်ငန်းများမည်သို့ထိခိုက်နစ်နာဆုံးရှုံးရ​ကြောင်းတိုတိုနှင့်ထိထိမိမိ​ဖော်ပြနိုင်ရမည်။​ချေး​ငွေရရှိပါကအကြပ်အတည်းကြားမှမည်သို့ရုန်းထမည့်အ​ရေး​ပေါ်အစီအမံEmergency Relief Planအား​ကောင်းစွာတင်ပြနိုင်ရမည်။၂၀၁၉ခုနှစ်မတ်၊​ဧပြီ၊​မေနှင့်၂၀၂၀ခုနှစ်မတ်၊​​ဧပြီ၊​မေဝင်​ငွေစာရင်းများအားတင်ပြ၍​ချေး​ငွေအဆိုပြုရပါမည်။
အထက်​ဖော်ပြချက်များအ​နေဖြင့်မိမိတို့MSMEလုပ်ငန်းရှင်များအကြား​ရေပန်းစားလျက်ရှိ​သော​ချေး​ငွေကိစ္စရပ်များဖြစ်​ပေသည်။မိမိမှအကြမ်းဖျဥ်းတင်ပြအပ်ပါသည်။​ချေး​ငွေလုပ်ငန်းစဥ်များအ​နေဖြင့်ယခုထက်အ​သေးစိတ်သဖြင့်ထပ်မံသိရှိလိုကနီးစပ်ရာဘဏ်များတွင်ဆက်သွယ်စုံစမ်းနိုင်ပါ​ကြောင်းအသိ​ပေးနှိုး​ဆော်အပ်ပါသည်။
​မေတ္တာဖြင့်
​အောင်မျိုးထွန်း
လက်​ထောက်အ​ထွေ​ထွေမန်​နေဂျာ
မြန်မာ့စီးပွား​ရေးဘဏ်
ရှမ်းပြည်နယ်ရုံးခွဲ
လားရှိုးမြို့။

No comments:

Post a Comment