လုပ်သား၄၀၀၀နီးပါးအလုပ်ရကြမည့် ဒေါ်လာသန်းရာချီတန်ဖိုးရှိ စင်ကာပူ၏ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့်ဂျပန်နိုင်ငံ၏ AEON Large Scale Shopping Mall အပါအဝင် ပြည်တွင်း၊ပြည်ပလုပ်ငန်း၇ခုတို့ကို ရင်းနှီးမြှပ်နှံမှုကော်မရှင်ခွင့်ပြု
-------------
နေပြည်တော်၊ဇူလိုင် ၃၁ရက်
လုပ်သား၄၀၀၀နီးပါးအလုပ်ရကြမည့် ဒေါ်လာသန်းရာချီတန်ဖိုးရှိ စင်ကာပူ၏ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့်ဂျပန်နိုင်ငံ၏ AEON Large Scale Shopping Mall အပါအဝင် ပြည်တွင်း၊ပြည်ပလုပ်ငန်း၇ခုတို့ကို ရင်းနှီးမြှပ်နှံမှုကော်မရှင်ကခွင့်ပြုလိုက်ကြောင်းသိရသည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀) ဦးတက်ရောက်ကြကာ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
ခွင့်ပြုပေးလိုက်သော လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၆၂.၆၉၃) သန်းနှင့် ကျပ် (၇၃,၂၀၆.၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၆၆၂)နေရာကို ဖန်တီးပေးနိုင်မည်ဟုသိရသည်။
ယနေ့အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စင်ကာပူနိုင်ငံ Sembcorp CSSD Myanmar co., Ltd. ၏ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အမေရိကန်ဒေါ်လာ (၂၃၀.၆၀) သန်း တန်ဖိုးရှိ လှည်းကူးစက်မှုဉယျာဉ်မြို့တော်စီမံကိန်းနှင့် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၁၈၀) သန်း ရင်းနှီး မြှုပ်နှံမည့် လုပ်သားအင်အား (၂,၃၀၀) ကျော် ဖန်တီးပေးနိုင်သော AEON Large Scale Shopping Mall လုပ်ငန်းတို့ ပါဝင်သည်ဟုသိရသည်။
#Crd ကိုမင်း/Myanmar Harp
No comments:
Post a Comment