“ဟိုင်းကြီးကျွန်းကို ဘယ်သူပိုင်”
*********************************
စောဘဦးကြီး အတ္ထုပ္ပတ္တိသမီးဖြစ်သူ
(သဲလ်မာကြီး)ကိုယ်တိုင်ရေးသားပြုစုသည်)
ပါးပါးကျဆုံးသွားတာနဲ့ သူပိုင်တဲ့ဟိုင်းကြီးနဲ့ လယ်မြေတွေ အကုန်ဆုံးတော့တာပါပဲ
ဖူးဖူး(အဘိုး)စောသာမြတ်ကြီးဟာ ပါးပါး (စောဘဦးကြီး)ရဲ့ ဖခင်ဖြစ်ပါတယ်။ အဘိုးဟာလူမှု၀န် ထမ်း စိတ်ဓါတ်ပြင်းထန်သူ တယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်လူမျိုးတွေရဲ့ ပညာရေးကို မြှင့် တင်လို စိတ်ရှိ သူတဦး ဖြစ်ပါတယ်။
အဲဒီမြှင့်မြတ်တဲ့ မျိုးချစ်စိတ်ကို သူရဲ့သားသမီး (၄)ယောက်ကို အ မွေအဖြစ်ပေးခဲ့ပါတယ်။ ဖူးဖူးဟာ ချမ်းသာတဲ့ လယ်ရှင်တဦးဖြစ်ပေမဲ့ မြို့ပြလူနေမှုစနစ်ကို မနှစ် သက် ပါဘူး။ သာမန်လယ်သမားတွေနဲ့ အတူ သူရဲ့ ဇာတိဖြစ်တဲ့ဘဲကရက်ရွာ(ပုသိမ်မြို့အနီး)မှာ နေရတာ ကို ပိုနှစ်သက်ပါတယ်။ အန်တီရဲ့ ကလေး ဘ၀ကို မှတ်မိပါသေးတယ်။ အန်တီရဲ့လက်ကိုဆွဲပြီး ဖူးဖူး ဟာ သူရဲ့လယ်တဲ ခေါ်သွားတယ်။ ပြီးတော့ တည် ငြိမ်လေသံနဲ့“ဖိုးမူးလေး (သမီးလေး)မင်းမျက်စိတ ဆုံး မြင်ရတဲ့လယ်တွေဟာ ဒို့မိသားစုအားလုံးပိုင်တယ်”လို့ပြောဖူးပါတယ်။
ဖူးဖူးဟာ ပစ္စည်းဥစ္စာနဲ့ ဇိမ်ခံတတ်သူမဟုတ်သလို အိမ်ကိုလည်း တခန်းတနားဆင်ပြင်တတ်သူ မဟုတ်ပါဘူး။ လူကြီးတဦးအနေနဲ့ လယ်သမားအားလုံးကို မျှတကြင်နာတဲ့စိတ်နဲ့အမြဲတမ်းဆက်ဆံပါတယ်။
ပုသိမ်မှာ ရှိတဲ့ စကောကရင်အထက်တန်းကျောင်းကို အမြဲကူညီပါတယ်။ ကိုသာဖြူကျောင်း ဟောင်း ဟာ အရင် သစ်သားအဆောက်အဦးကို လူ(၂၀၀၀)ဆန့်တဲ့ ကွန်ကရစ်အဆောက်အဦးဖြစ် လာအောင် ဆောင် ရွက်ပေးခဲ့ပါတယ်။ ပုသိမ်တနယ်လုံးဟာ ဒီကျောင်းကို အားကိုးအားထားပြုရပါ တယ်။ ဒါဟာ ပါးပါး (စောဘဦး ကြီး)မိသားစုရဲ့ နောက်ခံသမိုင်းကြောင်းတခုဖြစ်ပါတယ်။ သူတို့မိ သားစုအားလုံး တာ၀န်သိပြီး စည်းလုံးကြပါ တယ်။
ပါးပါး (စောဘဦးကြီး)ကို ၁၉၀၃ ခုနှစ် အောက်တိုဘာလ (၇)ရက် မှ မွေးပါတယ်။ အထက်တန်း ပညာ ကို မော်လမြိုင်နှစ်ခြင်းခရစ်ယာန်အထက်ကျောင်းမှာ သင်ယူခဲ့ပါတယ်။ (အဲဒီတုန်းက ကျောင်း ဆရာအများစု ဟာ အင်္ဂလိပ်လူမျိုးတွေဖြစ်ပါတယ်။) တိုက်ဆိုင်မှုတခုကို ပြောရရင် ပါးပါးရဲ့ သမိုင်း ဆရာမ မစ္စ(စ်)ဂျုံး Mrs J0n es ဟာ အန်တီကို “ကလောမြို့”မှာ စာသင်ပေးခဲ့ပါတယ်။ ဖူးဖူး (စောသာ မြတ်ကြီး)ဟာ ပါးပါး(စောဘဦးကြီး)နဲ့ သူ့၀မ်းကွဲညီ(စောဖေသာ)တို့ကို အင်္ဂလန်လွှတ်ပြီး ဥပဒေပညာ သင်စေခဲ့ပါတယ်။ ပါးပါးဟာ အဲဒီတုန်းက အ သက် (၁၇)နှစ် မပြည့်တတ်သေးပါဘူး။
နာမည်ကြီး အောက်စဖိုဒ့်(OXFORD) နဲ့ကင်းဘရစ် (CAMGRIDGE) တက္ကသိုလ်တွေမှာ ပညာသင်ဖို့ အတွက် လက်တင် (Latin) လက်တင်ဘာသာတတ်ဖို့ လိုပါတယ်။ ပါးပါးဟာ အိမ်တလုံး ရှာနေတယ်။ ဆရာ တယောက်နဲ့(Latin)ဘာသာသင်ယူတယ်။ ပြီးတော့ (CAMBRIDGE) တက္က သိုလ်က မက်ဒလင်းကောလိပ် (MAGDALENECOLLEGE)မှာ ဥပဒေပညာ သင်ယူပါတယ်။ (၄)နှစ် ကြာပါတယ်။ ကျောင်းပိတ်တိုင်း သူငှား ထားတဲ့အိမ်ကို ပြန်လာလေ့ရှိတယ်။ အင်္ဂလန်နဲ့ဗြိတိသျှအင်ပါ ယာတခုလုံးမှာ ရှေ့နေလိုက်နိုင်ဖို့နဲ့အထက် တရားရုံးမှာ (ဗဟိုတရားရုံး) လိုက်နိုင်ဖို့ လန်ဒန်မြို့က မစ်ဒယ်တင်ပယ် (MiddleTimple) မှာ ဥပဒေ ထပ်သင်ရပါတယ်။ ၁၉၂၉ ခုနှစ်မှာ ပါးပါးဟာ အင်္ဂလန်ရဲ့အဆင့်မြင့် ဆုံးဥပေးပညာရှင် (BARDISTER AT LAW) ဖြစ် လာတယ်။ အဲဒီနှစ်မှာဘဲ မာမီ (Renee Kemp) နဲ့ အိမ်ထောင်ပြုတယ်။
သားတယောက်နဲ့ သမီး(အန်တီ)တယောက် ထွန်းကားပါတယ်။ တရားရုံးချုပ်ရှေ့နေဖြစ်တဲ့နှစ် မှာ အန် တီကို မွေးပါတယ်။ အဲဒီနှစ်မှာပဲ အန်တီတို့ မိသားစုအားလုံး မြန်မာနိုင်ငံကို ပြန်လာကြပါ တယ်။ ဦးလေး (စောဖေသာ)လဲ သူ့ရဲ့စကော့လူမျိုးဇနီးသည် ဂျင်း(Jean)နဲ့အတူ ပြန်လာပါတယ်။ ပင်လယ် ခရီးဖြစ်ပါတယ်။ (စောဖေသာ ဟာ ဒုတိယကမ္ဘာစစ်တွင်းက ၀န်ကြီးအဖွဲ့၀င်တဦးဖြစ်ပါတယ်။ သူနဲ့သူ့ရဲ့ ဇနီးသားသီးတွေဟာ သခင်တချို့ရဲ့နောက်လိုက်တွေရဲ့ရက်ရက်စက်စက် သတ်ဖြတ်တာ ခံခဲ့ရတယ်။
သူရဲ့ သားတဦးဘဲ လွှတ် မြောက်သွားပါတယ်။ ကရင်-ဗမာအဓိဂရုဏ်းရဲ့အစပိုင်းဖြစ်ပါ တယ်။
အန်တီတို့နစ်ကောဂေဟာ(Nichol House)မှာ နေကြတယ်။ ကရင်အထက်တန်းကျောင်း တည် ထောင်ခဲ့တဲ့ (DR.Nichol)နေခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ အဲဒီ အိမ်မှာ (၈)နှစ် ကြာတယ်။ နောက်တော့ ပု သိမ်မြို့ ပြင်မှာ အိမ်သစ်တဆောင်ဆောက်ပြီး နေပါတယ်။ အဲဒီအိမ်ဟာ ဖူးဖူး(အဖိုး)ရဲ့ လက် ဆောင်ဖြစ် ပါတယ်။ ဖူး ဖူးဟာ သူ့သားသမီးတိုင်းကို အိမ်တဆောင်ဆီ ဆောက်ပေးပါတယ်။ အိမ်ထဲမှာ ရေချိုးခန်း၊ ရေပိုက်နဲ့ ရေဆွဲ အိမ်သာပါရှိတဲ့ ပုသိမ်မြို့ရဲ့ ပထမဆုံးအိမ်ပေါ့၊ လာလည်တဲ့မိတ်ဆွေအားလုံးက သ ဘောကျကြတယ်။
ပါးပါးကတော့ ပုသိမ်မြို့မှာ ရုံးခန်းဖွင့်ပြီး အမှုလိုက်ပါတယ်။ သူ့ရုံးခန်းဟာ အလွန်ကျော်ကြား တဲ့ ကရင် ခေါင်းဆောင် ဆရာ၀န်ကြီး ဆာဒေါက်တာ စံစီဖိုး(Sir DR San C.Po) (Saw Crombe Po) ရဲ့ ဆေးခန်းနဲ့ ကပ် ရက်ဖြစ်ပါတယ်။ သူ့ရက်ရည်ရွယ်ချက်အတိုင်း ကရင်လူမျိုးတွေအတွက် အဓိက ထား အကျိုးဆောင်ခဲ့ပါတယ်။ နိုင်ငံရေးလုပ်ဖို့လုံး၀ စိတ်မပါခဲ့ပါဘူး။
အချို့တွေ ဖေါ်ပြတဲ့(၁၉၃၇)ခုနှစ် မှာ သူဟာ အစိုးရအဖွဲ့၀င်ဖြစ်ခဲ့တယ် ဆိုတဲ့အချက်ဟာ မမှန်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ တယ်ဆိုတာ လုံး၀ မဟုတ်ပါဘူး။ (၁၉၀၅)ခုနှစ် မှာ မွေးတယ်ဆိုတာလဲ မှားပါတယ်။ သူဟာ အားကစား သမားကောင်းတယောက် ဖြစ်ပါတယ်။ မြင်းစီးကျွမ်း ကျင်တယ်။ ရေကူးလည်းကောင်းတယ်။ ဂေါက်သီး ကစားတာကို အလွန်နှစ်သက်ပါတယ်။ ကရင်အမျိုးသား ဘောလုံးအသင်းမှာ ပါ၀င်ကစားခဲ့တယ်။ သမီး တယောက်အနေနဲ့ အားကစားဘေးကွင်းကနေ သူ့ကို အားပေး ခဲ့တာကို မှတ်မိနေတုန်းပါပဲ။ အိမ်ထဲ မှာ အားကစားခန်းလုပ်ပေးထားတယ်။ ကိုယ်ခံပညာတတ်တယ်။ အန်တီ အစ်ကို ကို လက်ဝှေ့သင်ပေး တယ်။
ကိုယ်ခံပညာနဲ့ပတ်သက်ပြီး ပါးပါးရဲ့စိတ်ဓါတ်ကို ပြောပြချင်တယ်။ အဲဒီတုန်းက “ကလော” ကျောင်း ဆောင်ကနေ အိမ်ပြန်လာတဲ့နေ့ပေါ့။ အစ်ကိုဟာ ကျောင်းသားချင်းရန်ဖြစ်ပြီး ထိုးကြတယ်။ သူ့မျက်နှာမှာ အညိုအမဲတွေနဲ့ဖြစ်နေတယ်။ “ဖိုးခွါး ဘယ်လိုဖြစ်လာတာလဲ” လို့ ပါးပါးက မေးတယ်။ “ရန်ဖြစ်လာတယ်”လို့ အစ်ကို (Michkel) က ဖြေတယ်။ ဟိုကောင်တွေရော ဘယ်လိုလို့လဲ ပါးပါးက မေးပြန်တယ်။ သူတို့ ကျနော့် ထက် ပိုခံရတယ် လို့ အစ်ကို က ပြောတယ်။ ဒါဟာ ပါးပါးရဲ့ စိတ်ဓါတ် ပါ။ “သည်းခံတာကို လေးစားပေမဲ့ စော် ကားတာကိုတော့ လက်မခံဘူး” လူဟာ ကိုယ့်ကိုယ်ကို ခုခံနိုင် ရမယ်လို့ ပြောပါတယ်။
ဖူးဖူးပိုင်တဲ့ ဟိုင်းကြီးကျွန်းကို အန်တီတို့ အပျော်ခရီးထွက်လေ့ရှိတယ်။ ပါးပါးဟာ သူ့မိတ် ဆွေတွေနဲ့ အမဲပစ်တယ်။ ကျွန်းပေါ်က အိမ်ခြံ၀င်းနားကို တောကျွဲတွေကပ်လာရင် လောက်လေးနဲ့ ပစ်ခြောက်လေ့ရှိတယ်။ အန်တီတို့ ပင်လယ်ကမ်းစပ်မှာ နေ့တိုင်း ရေကူးကြတယ်။ အုန်းနုရေ သောက် ကြတယ်။ငယ်ငယ်တုန်း က ပျောစရာအချိန်တွေကို သတိရနေတုန်းပါပဲ။
ပါးပါးကျဆုံးတာနဲ့ သူပိုင်တဲ့ဟိုင်ကြီးကျွန်းနဲ့လယ်မြေတွေ အကုန်ဆုံးတော့တာဘဲ။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဖူးဖူး (အဖိုး) ဆုံးသွားပါတယ်။ ဒါဟာလဲ ကျေးဇူးတော်တာပဲ။ အနိဌာရုံတွေကို မ မြင်သွားရဘူးပေါ့။
ပါးပါးဟာ သူ့ရဲ့အသက်တာကို မြတ်နိုးသလို အကောင်းဆုံးလဲ အသက်ရှင်သွားသူ ဖြစ်ပါတယ်။ လူသားအား လုံးကို လေးလေးစားစား ဆက်ဆံသူဖြစ်ပါတယ်။ ဥပဒေပညာရှင်ဖြစ်လို့လဲ အ ပြစ်ရှိသူရော၊ အပြစ်မဲ့သူတွေ ကိုပါ နားလည်ပေးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ဥပဒေပညာရှင်အနေနဲ့ လူ တဦးကို စွဲချက်တင်နိုင်စွမ်းရှိသလို ကာကွယ်နိုင်စွမ်းလဲ ရှိပါတယ်။ ထူးခြားတာတခုကတော့ ဘယ်သူ့ကိုမှ သူအဆုံးအဖြတ်ပေးလေ့မရှိပါဘူး။
@Aung Aung Kyaw
No comments:
Post a Comment