Thursday, August 6, 2020

တည်းခိုခန်း ၂၅၀ ပါဝင်ပြီး ဖျော်ဖြေရေးခန်းမများ၊ ရုံးခန်းများပါဝင်မည့် Yangon Avani ဟိုတယ် ၂၀၂၄ မတိုင်မီဖွင့်လှစ်မည်



                          

တည်းခိုခန်း ၂၅၀ ပါဝင်ပြီး ဖျော်ဖြေရေးခန်းမများ၊ ရုံးခန်းများပါဝင်မည့် Yangon Avani ဟိုတယ် ၂၀၂၄ မတိုင်မီဖွင့်လှစ်မည်
-------------------------------
နိုင်ငံ ၅၃ နိုင်ငံတွင် ဟိုတယ် ၅၂၀ ကျော် ပိုင်ဆိုင်ထားသော Avani သည် မြန်မာနိုင်ငံအပါအဝင် ၁၁ နိုင်ငံတွင် ဟိုတယ်သစ်များ ထပ်မံဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်
=================================

ရန်ကုန်၊ သြဂုတ်လ ၆ ရက်။
နိုင်ငံ ၅၃ နိုင်ငံတွင် ဟိုတယ် ၅၂၀ ကျော် ပိုင်ဆိုင်ထားသော Avani ဟိုတယ်နဲ့ အပန်းဖြေကုမ္ပဏီက ၎င်းတို့ပိုင်ဟိုတယ် ဖွင့်လှစ်ထားခြင်းမရှိ‌သေးသည့် မြန်မာနိုင်ငံအပါအဝင် နေရာ ၁၁ ခုမှာ ဟိုတယ်သစ်တွေကို ၂၀၂၄ ခုမတိုင်မီ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မြန်မာ၊ မော်လ်ဒိုက်၊ ကင်ညာနဲ့ အိုမန်တို့လို နိုင်ငံတွေအပါအဝင် ၁၁ နေရာမှာ Covid-19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်နာလန်ထူနိုင်မယ်ဆိုတဲ့ အကောင်းမြင်တဲ့ ယုံကြည်ချက်နဲ့ Avani ဟာ ဟိုတယ်သစ်တွေ ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဟိုတယ်သစ်တွေထဲမှာ ၂၀၂၁ ခုနှစ်အပြီးဖွင့်လှစ်မယ့်ဟိုတယ်က ၃ ခုဖြစ်ပြီး အကြီးအဖြစ် အိုမန်နိုင်ငံမှာ Avani Muscat ဟိုတယ်၊ ကင်ညာနိုင်ငံမှာ Avani Nairobi Residences နဲ့ မောလ်ဒိုက်နိုင်ငံမှာ Avani+ Fares Maldives Resort တို့ပဲဖြစ်ပါတယ်။
Avani ဟာ ၎င်းကုမ္ပဏီပိုင် ဟိုတယ်လုံးဝဖွင့်လှစ်ထားခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံမှာ ကုမ္ပဏီတံဆိပ်ကို တည်ဆောက်တဲ့အနေနဲ့ ၂၀၂၄ ခုနှစ်အပြီး Avani Yangon Hotel ကို တည်ဆောက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ ဒီဟိုတယ်ဟာ ခရီးသည်တွေတည်းခိုနိုင်မယ့် အခန်းပေါင်း ၂၅၀ ပါဝင်သလို ရုံးခန်းတွေ၊ ရှောပင်းမောလ်တွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့် ခန်းမကျယ်ကြီးတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဟိုတယ်လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုသာ အဓိက ဆောင်ရွက်နေတဲ့ Avani ဟာ ထိုင်း၊ ဒူဘိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားတို့မှာ ၎င်းတို့ရဲ့ ဟိုတယ်တံဆိပ် နာမည်ရလာမှုကြောင့် နောက်ထပ်ဟိုတယ်သစ်တွေကိုလည်း ဆက်လက်ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
ပန်ပန်/Myanmar Harp
ကိုးကား/ TTG Asia
Credit# Myanmar Harp


No comments:

Post a Comment