Sunday, August 2, 2020

ဘိုင်ဒင်-ထရန်-တရုတ်





ဘိုင်ဒင်-ထရန်-တရုတ်
•••••••••••••••••••••

၂၀၂၀ ဇူလိုင်လအတွင်းတော့ အမေရိကန် အစိုးရမှ မကြုံစဖူး လောက်အောင် တရုတ်
အပေါ် အရေးယူမှုတွေ စတင်ပြုလုပ်လိုက်
ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး
မှာ အဆိုးဖက်ကို ဦးတည်တဲ့ ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်ပေါ်လာခဲ့ရပါတယ်။

ယခုအချိန်ထိ အရေးယူလာမှုများကတော့...

(၁) ရှင်ကျန်းရှိ ဝီဂါများအား ရက်စက်စွာ ဖိနှိပ်ချုပ်ချယ်မှု မှာ ပါဝင်ခဲ့သည်ဆိုပြီး ကွန်မြူနစ် ပါတီ ပေါ်လစ်ဗြူရို အဖွဲ့ဝင်တဦး အပါအဝင် ထိတ်တန်းအရာရှိကြီးများနဲ့ ကုမ္ပဏီ ၁၁ ခု ကို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့နာမည်ပျက် စာရင်းထဲ ထည့်သွင်းလိုက်ခြင်း။
(၂) တောင်တရုတ် ပင်လယ်ပြင်အတွင်း
ကျွန်းများကို တရုတ်မှ ပိုင်ဆိုင်သည်ဟု ပြော
ဆိုနေခြင်းသည် "တရားမဝင်" ဟု ပြတ်သား
စွာ ပြောဆိုလိုက်ခြင်း။
(၃) ကုန်သွယ်ရေး နှင့် သံတမန်ရေးတွင်
ဟောင်ကောင်အား အထူးအခွင့်အရေးပေးနေမှုအား ပယ်ဖျက်လိုက်ခြင်း။
(၄) တရုတ် နိုင်ငံသား လေးဦးအား တရုတ်
ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အတွက်
သူလျိုလုပ်မှု ဖြင့် တရားရုံးတွင် စွဲချက်တင်
လိုက်ခြင်း။
(၅) ဟူစတန်ရှိ တရုတ် ကောင်စစ်ဝန်ရုံးအား
သူလျိုလုပ်မှု၊ သြဇာလွှမ်းရန် ကြိုးပမ်းနေမှု ပြူလုပ်နေသည်ဆိုကာ ပိတ်ပြစ်ခြင်းတွေ လုပ်
လာပါတယ်။ (တရုတ်ကလည်း လက်တုန့်ပြန်
တဲ့ အနေနဲ့ ချင်ဒူးရှိ အမေရိကန် ကောင်စစ်
ဝန်ရုံးကို ပိတ်ရန် အမိန့်ပေးခဲ့ပါတယ်)

ဒါဟာ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေး တရားဝင်
ပြန်လည် တည်ထောင်ခဲ့တဲ့ ၁၉၇၉ နောက်
ပိုင်းမှာ အဆိုးဝါးဆုံး လို့ ပြောလို့ရပါတယ်။
တရုတ် သံဝန်ထမ်းများက ဟူစတန် ရှိ
ကောင်စစ်ဝန်ရုံး ဝင်းထဲမှာ စာရွက်စာတမ်း
တွေ ကမန်းကတန်း မီးရှို့ဖျက်ဆီးခဲ့ရာမှ ထွက်လာတဲ့ မီးခိုးငွေ့များနဲ့ အတူ
တရုတ်-အမေရိကန် ဆက်ဆံရေးလည်း လွင့်။ပါးပျောက်ပျက်သွားပြီလို့ တင်စားပြောဆိုခဲ့
ကြပါတယ်။

ဒါတွေအားလုံးက တရုတ် သမ္မတ ရှီကျင့်ဖျင်
ကို ပုဂ္ဂိုလ်ရေးအရ ခင်မင်လှပါတယ်လို့ ပြောခဲ့တဲ့ ဒေါ်နယ်ထရန့် လက်ထက်မှာ ဖြစ်လာခဲ့တာလို့ ဆိုရပါမယ်။ တကယ်တမ်းတွင် ဒေါ်နယ်ထရန့်အဖို့ ကုန်သွယ်ရေးက လွဲလို့ အခြားနယ်ပယ်တွေမှာ တရုတ်နဲ့ ထိတ်တိုက်တွေ့လိုစိတ်မရှိလှပါဘူး၊ သို့သော် လည်း သူရဲ့ ပထမသက်တန်း ကုန်ဆုံးခါနီး ဖြစ်လာပြီး လူကြိုက်များမှု ကျဆင်းလာနေတာကတကြောင်း၊ သူ့အနားရှိ တရုတ် အပေါ် နဂိုကတည်းက စိတ်မာန်ခက်ထန်တဲ့ သဘောထားရှိတဲ့ လက်ထောက်တွေက ပိုပြီး ရန်လိုလာ‌ နေကြတာက တကြောင်းမို့ လွှတ်ထားပေးပုံ ရပါတယ်။ ဒီလိုမျိုး ရန်လိုတဲ့ သဘောထားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက ရစ်ချတ်နစ်ဆင် တရုတ်ပြည်
ကို မသွားမီ အချိန်‌ ‌တွေ မှာတောင် မတွေ့မြင်
ခဲ့ရဖူးလို့ ဆိုပါတယ်။

ဇူလိုင် ၂၃ မှာတော့ ကာလီဖိုနီယားရှိ နစ်ဆင်အထိမ်းအမှတ် စာကြည့်တိုက်ကြီးမှာ ပြန်လည် ပြင်ဆင်လို့
မရလောက်အောင် ပြင်းထန်တဲ့ စကားလုံး
များသုံးပြီး တရုတ်ကို ရှုတ်ချတဲ့ မိန့်ခွန်းများ
ကို အမေရိကန် အထက်တန်း အရာရှိကြီးများ
ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ အမျိုးသား လုံခြုံရေး အကြံပေး ရော်ဘတ် အို ဘရိုင်ဟင်၊ အက်ဘီအိုင် ညွန်ကြားရေးမှုး
ခရစ်စတိုဖာ ဝရေး နဲ့ ရှေ့နေချုပ် ဝီလျှံ ဘား
တို့ ပြောလာခဲ့ကြပါတယ်။

မိုက် ပွန်ပီယိုရဲ့ မိန့်ခွန်းထဲမှာ တရုတ်အုပ်ချုပ်
သူများသည် တကမ္ဘာလုံး၏ လွတ်လပ်ခွင်နဲ့
ဒီမိုကရေစီကို အန္တရာယ်ပြုလာနေပြီး ဒီအနေ
အထားကို ပြောင်းလဲအောင် မလုပ်နိုင်ဖူးဆိုရင် ၂၁ ရာစု နှစ်အား ရှီကျင့်ဖျင်ရဲ့ ‌တသွေး
တသံ တမိန့် အုပ်ချုပ်ရေး လက်ထဲ ထည့်ပေး
လိုက်သလို ဖြစ်သွားမယ်လို့ သတိပေးလာပါ
တယ်။

ဒါ့အပြင် တရုတ်သည် ၎င်းတို့၏ ဝါဒရေးရာများကို ပြည်ပသို့ တင်ပို့။နေယုံမျှမက အခြားနိုင်ငံများကိုပါ ထိန်းချုပ်
ဖို့ လုပ်လာနေတယ်လို့လည်း ဆိုပါတယ်။ အမေရိကန် တွင်လည်း တရုတ်သူလျို တွေ ခြေချင်းလိမ်လာနေပြီလို့လည်း ထည့်ပြော
သွားခဲ့ပြန်ပါတယ်။

"တရုတ် လုပ်သမျှကို မျက်စိစုံမှိတ်ပြီး ဆက်
ဆံနေလို့ မဖြစ်တော့ပါဘူး၊ ကျွန်တော်တို့ အခု
အချိန် ဒူးထောက် ပေးလိုက်မယ်ဆိုရင် ကျွန်
တော်တို့ သားစဉ်မြေးဆက် တရုတ် ကွန်မြူနစ် ပါတီရဲ့ ထားရာနေ စေရာသွား ဘဝရောက်သွားတော့မှာ ဖြစ်ပါတယ်" ဟု
ပွန်ပီယို က သတိပေးခဲ့ပြန်ပါတယ်။

၎င်းတို့ပြောနေသည်များက ဂျိုးဘိုင်ဒင်ကို
ရည်ညွန်းနေသလို ဖြစ်လာနေပါတယ်။ ထရန့်က သူရဲ့ ရွေးကောက်ပွဲ ကမ်းပိန်းတွေမှာ ဘိုင်ဒင်ကို တရုတ်အပေါ် ပျော့ညံ့သူလို ပုံဖေါ်လိုနေပါတယ်။ လက်ရှိ ထရန့်အစိုးရရဲ့ တရုတ်အပေါ် ဆက်ဆံလာပုံတွေက ဘယ် အစိုးရ ဖြစ်ဖြစ် လက်ရှိ
အနေအထားကို ပြန်ပြောင်းလို့ မရအောင်
အထိ လုပ်နေတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ တရုတ်ရဲ့ ဟောင်ကောင်နဲ့ ဝီဂါတွေမပေါ် အပြုအမူတွေကလည်း ကွန်ဂရက်
မှာ တရုတ် အပေါ် သဘောထား တင်းမာလာ
တာကြောင့် ပံ့ပိုးပေးသလို ဖြစ်လာနေပါတယ်။

အစိုးရ အဖွဲ့နဲ့ မပတ်သက်သူများပင် ဘိုင်ဒင်
အနေနဲ့ တရုတ်အပေါ် ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာမှာကို စိုးရိမ်လာနေကြ
ပါတယ်။ ဘိုင်ဒင်က ရာသီဥတု နဲ့ နျုလက်နက်များ ထိန်းချုပ်ရေး တွေမှာ တရုတ်
နဲ့ ပြန်အစေးကပ်ဖို့ လုပ်လာနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

ဒီလို စိုးရိမ်လာနေတာကို ရိပ်စားမိတဲ့ ဘိုင်ဒင်
အကြံပေးတွေကတော့ တရုတ်ရဲ့ လူ့အခွင့်
အရေး အလွဲသုံးစား လုပ်နေမှု များကို ကျင့်
ဝတ်ပိုင်းအရ ပြင်းပြင်းထန်ထန် တုန့်ပြန်သွား
ဖို့ရှိပြီး မဟာမိတ်များနဲ့ လက်တွဲပြီး တရုတ်ရဲ့။အမူ အကျင့်တွေ ပြောင်းလာအောင် ဘိုင်ဒင်
က လုပ်သွားမှာ ဖြစ်တယ်လို့ အသံထွက်လာ
ပါတယ်။ ဒါအပြင် 5G လို နည်းပညာပိုင်း
အတွက် ပြည်တွင်းမှာ ပိုပြီး ရင်းနှီးမြုပ်နှံမှု
တွေ လုပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း
ပြောလာကြပါတယ်။

ဘိုင်ဒင် လုပ်မယ့် သုံးခုစလုံးကို
ထရန့်က လျစ်လျုရှုထားခဲ့တာ ကြာပြီ ဖြစ်
ပါတယ်။ ထရန့်သည် အာဏာရှင်တွေနဲ့ အဆင်ပြေအောင် နေခြင်း၊ မဟာမိတ်များကို ပြစ်ပယ်ထားခြင်းနဲ့ ပြည်တွင်း ရှိ လုပ်ငန်းများနဲ့ အခြေခံ အဆောက်အအုံတွေကို လျစ်လျုရှုထားခြင်းတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ယခုအခါ ထရန့် အစိုးရ အရာရှိတွေကတော့ အလုပ်နဲ့ သက်သေပြလာကြပါတယ်။ ဟွာဝေး ကွန်ယက်ကို အဝင်မခံဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်း လာခဲ့ကြပါတယ်၊ အက်ဘီအိုင် ညွန်ကြားရေးမှုး ဝရေးက သူရဲ့ မိန့်ခွန်းထဲမှာ တရုတ် သူလျို လုပ်မှုတွေကို ဆယ်နာရီ တခါ ဆိုသလို အမှုဖွင့် စုံစမ်းနေရပြီလို့ ပြောသွားခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း အမေရိကန်ကို လာမယ့် တရုတ်ကျောင်းသားများ
စစ်တပ်နဲ့ ဆက်နွယ်မှု ရှိမရှိ စုံစမ်းပြီး ‌၃,၀၀၀ လောက်ကို ကျောင်းဗီဇာ တွေ ပယ်ဖျက်လိုက်
ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကလည်း တောင်
တရုတ်ပင်လယ်နဲ့ တိုင်ဝမ်ရေလက်ကြားမှာ
လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ထိန်း
သိမ်းရေး ဆိုပြီး စစ်ရေးလေ့ကျင့်မှုတွေ တိုး
မြှင့် ပြုလုပ်လာနေပါတယ်။

တရုတ်တို့ အခံရ အခက်ဆုံး ဖြစ်နေတာက
တော့ တိုင်ဝမ်ကို အမေရိကန်မှ ပွင့်ပွင့်လင်းလင်း ထောက်ခံလာနေမှုဘဲ ဖြစ်ပါတယ်။ အမေရိကန် ကတော့ ယခင်ကလို တရုတ်နဲ့ ဘေးကင်းရန်ကင်း ဆက်ဆံသွားမယ့် သံခင်းတမန်ခင်းကို စွန့်လွှတ်ပြီး တရုတ်
ကို တတ်နိုင်သမျှ ထိခိုက်အောင် လုပ်သွားဖို့
သံဓိဠာန် ချထားပုံ ရပါတယ်။

ထရန့် သဘောထားကတော့ ကုန်သွယ်ရေးမှာ
တရုတ်သာ သူအလို လိုက်လျောမယ်ဆိုရင်
အခု လုပ်နေတာတွေကို လက်မှတ်တချက်ထိုး
ယုံနဲ့ ပျက်အောင် လုပ်ပေးနိုင်မယ်လို့ ယူဆနေပုံ ရပါတယ်။

မဲဆန္ဒရှင်တွေကြား စစ်တမ်းကောက်ယူချက်
များအရ ဆို ထရန့်အပေါ် တရုတ်နဲ့ ပတ်သက်ပြီး အားမရတာ တွေ့ရပါတယ်၊ ၅၁% က ဘိုင်ဒင်သည် ထရန့်ထက် ပိုပြီး တရုတ်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ် ယုံကြည်နေပါတယ်။ ဒီအရေး မှာ ထရန့်ဖက်က ရှိသူ ၄၁% ပဲ ရှိပါတယ်။

ထရန့်အစိုးရ အဖွဲ့အတွင်း စိတ်မာခက်ထန်သူ
များမှ စုစုပေါင်း ၉၂ သန်းရှိတဲ့ တရုတ် ကွန်မြူနစ် ပါတီဝင် အားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန် လာရောက်လည့်ပတ်ဖို့ ပိတ်ပင်သွားရေး နဲ့ ဟောင်ကောင်ရှိ တရုတ် ဘဏ်များကို စီးပွားရေး ဒဏ်ခတ်ဖို့ ပြောလာနေပါတယ်။

လောလောဆယ်တော့ တရုတ်ဖက်က ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်နေပုံ ရပါတယ်။

အချို့က ထရန့်လို ပြဿနာတွေကို အပေး
အယူ လုပ်လို့ရအောင် သက်သက် ဖန်တီးနေ
တာထက် ဘိုင်ဒင်လို လူ့အခွင့်အရေး ပြဿ
နာများအပေါ် ထိထိရောက်ရောက် ကိုင်တွယ်
သွားဖို့ လိုလားနေပါတယ်။

မည်သို့ပင် ဖြစ်စေ တရုတ်-အမေရိကန် ဆက်ဆံရေး အနေအထား ပြန်ပြောင်းဖို့က
နောက်လာမယ့် သမ္မတ သက်တမ်းတခုနဲ့
လုံလောက်ဖွယ် မရှိဘူးလို့ ထင်ကြေးပေးနေ
ကြပါတယ်။

(မိမိ အမြင်ပြောရလျှင် အမေရိကန် နှင့် တရုတ်သည် စစ်ပွဲကြီး ဆီသို့ ဦးတည်သွားမည့် အရေးကို ရှောင်ရှားကြမည် ဖြစ်သော်လည်း တောင်တရုတ်ပင်လယ်အတွင်း နှစ်ဖက် နီးကပ်စွာ လှုပ်ရှားနေမှုများ ကြောင့် မတော်တဆ ဖြစ်မှုများ နှင့် အတွက် အချက် မှားမှုများကတဆင့် ဗြုံးဒိုင်းဆိုသလို ဖြစ်ပေါ် နိုင်ပေသည်။ ဤသို့‌ သောပုံစံမျိုးဖြင့် သမိုင်းတလျောက် အရက်စက် အကြမ်းကြုတ်ဆုံး ဖြစ်လာ
နိုင်သည့် အလားအလာများ ကို ရှောင်ရှားနိုင်
ရန် သက်ဆိုင်သူများ အားလုံး အနာဂတ်မျိုး
ဆက်သစ်များ အတွက် တာဝန်ရှိနေပေသည်။
Our goal is not peace at the expense of freedom, but both peace and freedom. _ John F Kennedy)

(၂၀၂၀ ဇူလိုင် ၃၀ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်း ပါ "Would a Biden Administration be softer than Trump on China?" မှ ကောက်နှုတ်တင်
ပြသည်)

No comments:

Post a Comment